ကုမ္ပဏီအချို့က အမျိုးသမီးဝန်ထမ်းတွေ လုပ်ငန်းခွင်မှာ မျက်မှန်တပ်ခြင်းကို တားမြစ်ထားပါတယ်။
Ko John

ဂျပန်နိုင်ငံမှာ လုပ်ငန်းရှင်တွေက အမျိုးသမီးဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း မျက်မှန်မတပ်ရန် တားမြစ်ချက်ထုတ်ပြန်မှုတွေရှိခဲ့ပြီးနောက် ဆိုရှယ်မီဒီယာမှာ ဒေါသတကြီး ဝေဖန်မှုများ ထွက်ပေါ်နေပါတယ်။

(Photo: Shutterstock/metamorworks)

ဂျပန်သတင်းဌာနအချို့ရဲ့ ဖော်ပြမှုအရ ကုမ္ပဏီအချို့က အမျိုးသမီးဝန်ထမ်းတွေ လုပ်ငန်းခွင်မှာ မျက်မှန်တပ်ခြင်းကို အကြောင်းပြချက်အမျိုးမျိုးဖြင့် တားမြစ်ထားကြောင်း သိရပါတယ်။ ၎င်းတို့အနက် လက်လီအရောင်းဆိုင်လုပ်ငန်းအချို့ကတော့ ဆိုင်ဝန်ထမ်းအမျိုးသမီးတွေ မျက်မှန်တပ်ထားပါက ဖော်ရွေမှုမရှိတဲ့ အသွင်အပြင်ဖြစ်နေတယ်လို့ ဆိုပါတယ်။

ထို့အတူ လေကြောင်းလိုင်းမှ အမျိုးသမီးဝန်ထမ်းတွေကို ဘေးကင်းလုံခြုံရေး အကြောင်းပြချက်ဖြင့်လည်းကောင်း၊ အလှကုန်ပစ္စည်းလုပ်ငန်းမှ အမျိုးသမီးတွေကိုတော့ မိတ်ကပ်လိမ်းထားမှုကို ကောင်းစွာမမြင်ရနိုင်တဲ့ အကြောင်းပြချက်ဖြင့်လည်းကောင်း မျက်မှန်မတပ်ရန် တားမြစ်ထားခဲ့ကြတယ်လို့ သိရပါတယ်။

(Photo: Scott Van Daalen/Unsplash)

ဂျပန်ရုပ်မြင်သံကြားဌာနတစ်ခုက အမျိုးသမီးဝန်ထမ်းတွေကို လုပ်ငန်းခွင်မှာ မျက်မှန်မတပ်ရန် တားမြစ်ထားခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေကို ဖော်ပြခဲ့ပြီးနောက် Twitter မှာ hashtag "glasses are forbidden" ဖြင့် အခွင့်အရေးတောင်းဆိုတဲ့ စည်းရုံးလှုံ့ဆော်မှုတွေ ရှိလာပါတယ်။ The Nippon TV network နဲ့ Business Insider တို့က ထိုသို့ တားမြစ်ချက်ထုတ်ထားတဲ့ ကုမ္ပဏီတွေအကြောင်းကို ဖော်ပြခဲ့ကြတဲ့ သတင်းဌာနတွေမှာ ပါဝင်ခဲ့ပါတယ်။

"ဒီစည်းမျဥ်းတွေက ခေတ်မမီတော့ပါဘူး" လို့ Twitter အသုံးပြုသူတစ်ဦးက hashtag "glasses are forbidden" (#GlassesAreForbidden) နဲ့အတူ ရေးသားထားပါတယ်။ နောက်တစ်ဦးကတော့ လုပ်ငန်းရှင်တွေ ပြောနေကြတဲ့ အကြောင်းပြချက်တွေဟာ အရူးအကြောင်းပြချက်တွေသာ ဖြစ်တယ်လို့ Twitter မှာ ပြောထားပါတယ်။


(Photo: Shutterstock/Liza54500)

"တစ်ကယ်လို့ ဒီစည်မျဥ်းတွေက အမျိုးသမီးတွေ မျက်မှန်မတပ်ဖို့ကိုပဲ တားမြစ်ထားတယ်ဆိုရင် ဒါက အမျိုးသမီးတွေကို ခွဲခြားဆက်ဆံတာပဲ" လို့ လူ့အခွင့်အရေးစောင့်ကြည့်အုပ်စု Human Rights Watch ရဲ့ ဂျပန်နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Kanae Doi က Thomson Reuters Foundation ကို နိုဝင်ဘာ ၈ ရက်နေ့မှ ပြောပါတယ်။

ယခုနှစ်အစောပိုင်းကလည်း ဂျပန်ကုမ္ပဏီတွေက အမျိုးသမီးဝန်ထမ်းတွေကို လုပ်ငန်းခွင်သို့လာပါက ဒေါက်မြင့်ဖိနပ်စီးရန် သတ်မှတ်ဖိအားပေးခဲ့ရာ ထိုသို့ ဖိအားပေးနေမှု ရပ်တန့်ရေး လှုံ့ဆော်မှုတစ်ခုလည်း ရှိခဲ့သေးတယ်လို့ သိရပါတယ်။

(ဂျပန်ရုပ်ရှင်မင်းသမီး Yumi Ishikawa) (Photo: Getty Images)

ကုမ္ပဏီတွေက အမျိုးသမီးဝန်ထမ်းတွေကို လုပ်ငန်းခွင်မှာ ဒေါက်မြင့်ဖိနပ်စီးရန် ဖိအားပေးမှုအား ဂျပန်ရုပ်ရှင်မင်းသမီး Yumi Ishikawa က စတင်ခဲ့ပြီး အွန်လိုင်းမှတစ်ဆင့် စုပေါင်းလက်မှတ်ရေးထိုးကာ တောင်းဆိုခဲ့ကြပါတယ်။ အမျိုးသမီးများ လုပ်ငန်းခွင်မှာ မဖြစ်မနေ ဒေါက်ဖိနပ်စီးရမယ့် စည်းကမ်းသတ်မှတ်မှုကိုတော့ ကန့်ကွက်ကြရန် hashtag "KuToo" (#KuToo) နဲ့အတူ ဆိုရှယ်မီဒီယာမှာ လှုံ့ဆော်ခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က