အပျော်စီးသင်္ဘောပေါ်မှ သင်္ဘောသားတွေကြား ဗိုင်းရပ်စ်ကူးစက်မှု အများအပြား တွေ့လာရပါတယ်။

ဂျပန်နိုင်ငံ နာဂါဆာကီမြို့ ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ အပျော်စီးသင်္ဘောတစ်စီးပေါ်မှ သင်္ဘောသားများကြား COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်မှုတွေ ဖြစ်ပွားလာမှုကို အစိုးရက စုံစမ်းစစ်ဆေးနေပါတယ်။

(Photo: Kyodo/Reuters)

အီတလီအပျော်စီးသင်္ဘော Costa Atlantica ပေါ်မှ သင်္ဘောသားတွေကြား ယခုသီတင်းပတ်အတွင်း ဗိုင်းရပ်စ်ကူးစက်မှုတွေ စတင်တွေ့ရှိလာခဲ့ရပြီး လက်ရှိအချိန်အထိ သင်္ဘောသား ၆၂၃ ဦးအနက် ၉၁ ဦးထံမှာ ဗိုင်းရပ်စ်တွေ့ရှိခဲ့ရပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ သင်္ဘောသားတွေအနက် တစ်ဦးဟာ စိုးရိမ်ရတဲ့ အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။



ဂျပန်အာဏာပိုင်တွေက ယ‌နေ့ (ဧပြီ ၂၄ ရက်) ပြောကြားမှုအရ ယခုသီတင်းပတ်အတွင်း သင်္ဘောသားတစ်ဦးထံမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ့ရပြီးနောက် လက်ရှိအချိန်အထိ သင်္ဘောသား ၂၉၀ ဦးကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ အပျော်စီးသင်္ဘောပေါ်မှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ ရုတ်တရက် အစုအပြုံလိုက် တွေ့ရှိလာရမှုအပေါ် ကျန်းမာရေးတာဝန်ရှိသူတွေက စိုးရိပူပန်နေပါတယ်။

(Photo: AP)

Costa Atlantica သင်္ဘောပေါ်မှာ ခရီးသည်များမရှိဘဲ တရုတ်ကို သွားရောက်ရန်ဖြစ်ပေမဲ့ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် နာဂါဆာကီသို့ ပြန်လှည့်လာပြီး ပြင်ဆင်မှုတွေ ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။ နာဂါဆာကီမှာ ဆိုက်ကပ်ထားစဥ်က သင်္ဘောသားတွေဟာ သင်္ဘောပေါ်မှာ နေထိုင်ကြရန်ဖြစ်ပေမဲ့ အချို့က သင်္ဘောကနေ ထွက်ခွာခဲ့တယ်လို့ ဒေသခံမီဒီယာတွေက ပြောပါတယ်။

အပျော်စီးသင်္ဘောပေါ်မှ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ ပတ်သက်ပြီး နာဂါဆာကီ ဆေးဘက်ဆိုင်ရာအသင်းက ဆေးကုမှုဆိုင်ရာ အကျပ်အတည်း အခြေအနေဖြစ်ကြောင်း ဧပြီ ၂၃ ရက်နေ့က ကြေညာခဲ့ပါတယ်။

(Photo: AFP)

"နဂါဆာကီမှာ ဆေးကုသရေး ရင်းမြစ်တွေက အကန့်အသတ်ရှိတယ်လို့ ယူဆထားပါတယ်၊ သင်္ဘောသားတွေ အားလုံးရဲ့ ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ခက်ခဲပါတယ်၊ နာဂါဆာကီ ဒေသခံတွေအတွက် ဆေးကုသမှုစနစ်ကို ထိန်းထားဖို့ လိုအပ်ပါတယ်" လို့ ဆေးဘက်ဆိုင်ရာအသင်းက ပြောထားပါတယ်။ Costa Atlantica အပျော်စီးသင်္ဘောဟာ နာဂါဆာကီကို ဇန်နဝါရီ ၂၉ ရက်နေ့က ဆိုက်ရောက်လာခဲ့ပြီး အဝင်အထွက် ပိတ်ပင်ကန့်သတ်ထားခဲ့ပါတယ်။

သို့သော် ထိုစဥ်က သင်္ဘောပေါ်မှာ ဗိုင်းရပ်စ်ကူးစက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဂျပန်အာဏာပိုင်တွေက သင်္ဘောသားတွေကို ဆေးရုံကလွဲပြီး အခြားနေရာများသို့ သွးလာခွင့်မပြုထားခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။ ဂျပန်နိုင်ငံ ယခုသင်္ဘောအပြင် ယိုကိုဟားမားမှာ ဆိုက်ကပ်ထားတဲ့ Diamond Princess အပျော်စီးသင်္ဘောပေါ်မှာလည်း လူ ၇၀၀ ကျော်မှာ ဗိုင်းရပ်စ်ကူးစက်မှုများ စစ်ဆေးတွေ့ရှိရပြီး ၁၃ ဦး သေဆုံးခဲ့ပါတယ်။

Source: BBC, Fox News


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က