ဂျပန်အနောက်ပိုင်း နေရာဒေသတွေကို ဖြတ်သန်းသွားမယ်လို့ ခန့်မှန်းထားပါတယ်။

ဂျပန်နိုင်ငံကို အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ယနေ့ (ဇူလိုင် ၂၉ ရက်) မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေက ရွှေ့ပြောင်းကြရန် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ရပါတယ်။

Photo: AFP



ယခု တိုက်ခတ်နေတဲ့ တိုင်ဖွန်းမုန်တိုင်းဟာ မကြာသေးမီးက စံချိန်တင် မိုးသည်းထန်ခဲ့ပြီး ရေကြီးမြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ ဂျပန်အနောက်ပိုင်း နေရာဒေသတွေကို ဖြတ်သန်းသွားမယ်လို့ ဆိုပါတယ်။တိုင်ဖွန်းမုန်တိုင်း ဂျောင်ဒါရီ (Jongdari) ဟာ လေတိုက်နှုန်း တစ်နာရီလျှင် ၁၁၁ မိုင်ခန့်ဖြင့် Mie စီရင်စုရှိ Ise ကမ်းရိုးတန်းမြို့ကို ယနေ့ ဒေသစံတော်ချိန် မနက် ၁ နာရီဝန်းကျင်မှာ စတင်ဝင်ရောက် တိုက်ခတ်ခဲ့ကြောင်း ဂျပန်မိုးလေဝသဌာနက ပြောပါတယ်။

Photo: EPA

တိုင်ဖွန်းဂျောင်ဒါရီဟာ ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့ပြီးနောက် အပူပိုင်းမုန်တိုင်းအဖြစ်သို့ အားလျော့သွာခဲ့ပေမဲ့ နေရာဒေသ အများအပြားဟာ မုန်တိုင်းအန္တရာယ်ရှိနေသေးတယ်လို့ သိရပါတယ်။"မိုးသည်းထန်မှုကြောင့် ရေကြီးမြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပြီးကတည်းက အရေးပေါ်အခြေအနေအတွက် သတိပြု ပြင်ဆင်ထားခဲ့ပါတယ်၊ ကံကောင်းစွာနဲ့ပဲ အခုလတ်တလောမှာ နောက်ထပ် ရေကြီးတာ မတွေ့ရပါဘူး" လို့ ဂျပန်အနောက်ပိုင်း အိုကာယာမာစီရင်စုမှ ဘေးအန္တရာယ်ဆိုင်ရာဌာနရဲ့ တာဝန်ရှိသူက ကိုဂျီကူနီတိုမီက ပြောခဲ့ပါတယ်။

Photo: EPA

မုန်တိုင်းဟာ ယနေ့ နေ့လယ်ပိုင်းမှာ အနောက်ဘက်ကို ဦးတည်ရွေ့လျားနေခဲ့ပြီး ဂျပန်အနောက်ပိုင်းမှာ မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းမှု မဖြစ်ပေါ်မီ သောင်းနဲ့ချီတဲ့ ဒေသခံတွေကို ရွှေ့ပြောင်းကြရန် အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။ဂျပန်ရုပ်မြင်သံကြားသတင်းတွေမှာ ဖော်ပြခဲ့မှုအရ တိုကျိုအနောက်တောင်ဘက် ရှီမိုဒါမြို့ ကမ်းရိုးတန်းတစ်လျှောက်ရှိ ကျောက်တုံးတွေနဲ့ ပင်လယ်ကမ်းခြေ အကာအရံတံတိုင်းတွေပေါ်သို့ မြင့်မားတဲ့ ရေလှိုင်းများရိုက်ခတ်နေမှု၊ လေပြင်းတိုက်မှုကြောင့် သစ်ပင်များယိမ်းထိုးနေမှုနဲ့ မိုးသည်းထန်စွာ ရွာသွန်းနေမှုတို့ကို တွေ့ရပါတယ်။

Map: NHK

လက်ရှိအချိန်ထိ မုန်တိုင်းတိုက်ခတ်မှုကြောင့် စီရင်စုခြောက်ခုမှာ လူ ၂၁ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း NHK သတင်းဌာနက ပြောပါတယ်။ တိုင်းဖွန်းဂျောင်ဒါရီဟာ အားလျော့လာခဲ့ပြီး ဂျပန်အနောက်ပိုင်း Chugoku ဒေသကို ဦးတည်ရွေ့လျားနေပါတယ်။အဆိုပါ ဒေသမှာ ယခုလအစောပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုမှုတွေကြောင့် လူ ၂၂၀ ဝန်းကျင် သေဆုံးခဲ့ပါတယ်။ ထိုဖြစ်ရပ်ဟာ ဆယ်စုနှစ်များအတွင်း ဂျပန်နိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ ရာသီဥတုနဲ့ဆက်နွယ်နေတဲ့ အဆိုးရွားဆုံး ဘေးအန္တရာယ်လည်း ဖြစ်ခဲ့ပါတယ်။

Photo: Weather Network

လက်ရှိအချိန်ထိ ရေကြီးမြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ နေရာများမှ ဒေသခံတွေဟာ ယာယီခိုလှုံရေးစခန်း သို့မဟုတ် ပျက်စီးနေတဲ့ နေအိမ်များမှာ နေထိုင်နေရဆဲဖြစ်ကြောင်း သိရပါတယ်။ဂျပန်နိုင်ငံမှာ လက်ရှိအချိန်ဟာ တိုင်ဖွန်းမုန်တိုင်းရာသီဖြစ်ပြီး နှစ်စဉ် အားကောင်းတဲ့ မုန်တိုင်းကြီးများ တိုက်ခတ်မှုကို နွေရာသီနဲ့ ဆောင်းဦးရာသီတို့မှာ ကြုံတွေ့ရလေ့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က