ဆူဂါဟာ ရာထူးမှ နုတ်ထွက်သွားတဲ့ ဝန်ကြီးချုပ်အဘေးရဲ့ ကာလရှည်ကြာ လက်ထောက်တစ်ဦးလည်း ဖြစ်ပါတယ်။
Ko John

ဂျပန်နိုင်ငံမှာ ဝါရင့်နိုင်ငံရေးသမားတစ်ဦးနဲ့ အစိုးရအဖွဲ့အတွင်းရေးမှူးဖြစ်သူ ယိုရှီဟီဒီဆူဂါကို ဝန်ကြီးချုပ်သစ်အဖြစ် လွှတ်တော်က ယနေ့ (စက်တင်ဘာ ၁၆ ရက်) မဲခွဲရွေးချယ်လိုက်ကြောင်း သိရပါတယ်။

(Photo: Reuters)

ဂျပန်လွှတ်တော်မှာ အမတ်နေရာအများစု ပိုင်ဆိုင်ထားတဲ့ အာဏာရ Liberal Democratic Party (LDP) ပါတီက ဆူဂါကို ပါတီခေါင်းဆောင်သစ်အဖြစ် စက်တင်ဘာ ၁၄ ရက်နေ့မှာ ရွေးချယ်ထားခဲ့ရာ ၎င်းဟာ ဝန်ကြီးချုပ်ဖြစ်လာရန် သေချာနေခဲ့ပြီးလည်း ဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ သက်တမ်းအရှည်ကြာဆုံး ဝန်ကြီးချုပ်ဖြစ်သူ ရှင်ဇိုအဘေးဟာ နှစ်ကာလရှည်ကြာ ခံစားနေခဲ့ရတဲ့ အူလမ်းကြောင်းဆိုင်ရာ ulcerative colitis ရောဂါကြောင့် ရာထူးမှ နုတ်ထွက်သွားခဲ့ပြီးနောက် ဆူဂါက ဝန်ကြီးချုပ်သစ် ဖြစ်လာမယ်လို့ အများစုက ကြိုတင်ခန့်မှန်းထားခဲ့ကြပါတယ်။ ဂျပန်ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်ခံရသူဟာ အဘေးရဲ့ လက်ရှိဝန်ကြီးချုပ်သက်တမ်း ကုန်ဆုံးမယ့် ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ တာဝန်ယူသွားမယ်လို့ သိရပါတယ်။

(Photo: AFP)

ဩဇာကြီးမားတဲ့ အစိုးရရဲ့ အကြံပေးပုဂ္ဂိုလ်နဲ့ ပြောခွင့်ရအမျိုးသားလည်းဖြစ်တဲ့ အသက် ၇၁ နှစ်အရွယ် ဆူဂါဟာ အဘေးရဲ့ မူဝါဒတွေကို ဆက်လက်ဆောင်ရွက်ပြီး နိုင်ငံတည်ငြိမ်ရေး လုပ်ဆောင်နိုင်မယ့်သူအဖြစ် အများက ရှုမြင်ထားကြပါတယ်။ ဆူဂါဟာ ရာထူးမှ နုတ်ထွက်သွားတဲ့ ဂျပန်ဝန်ကြီးချုပ်အဘေးရဲ့ ကာလရှည်ကြာ လက်ထောက်တစ်ဦးအဖြစ်လည်း ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

ဩဇာကြီးမားတဲ့ အစိုးရရဲ့ အကြံပေးပုဂ္ဂိုလ်နဲ့ ပြောခွင့်ရအမျိုးသားလည်းဖြစ်တဲ့ အသက် ၇၁ နှစ်အရွယ် ဆူဂါဟာ အဘေးရဲ့ မူဝါဒတွေကို ဆက်လက်ဆောင်ရွက်ပြီး နိုင်ငံတည်ငြိမ်ရေး လုပ်ဆောင်နိုင်မယ့်သူအဖြစ် အများက ရှုမြင်ထားကြပါတယ်။ ဝန်ကြီးချုပ်သစ်ဖြစ်လာတ့ ဆူဂါက ၎င်းရဲ့ အစိုးရအဖွဲ့ကို ယနေ့နှောင်းပိုင်းမှာ တရားဝင် ထုတ်ပြန်ကြေညာသွားမယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။

(Photo: AFP)

ဆူဂါဟာ ရာထူးမှ နုတ်ထွက်သွားတဲ့ ဂျပန်ဝန်ကြီးချုပ်အဘေးရဲ့ ကာလရှည်ကြာ လက်ထောက်တစ်ဦးအဖြစ်လည်း ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ "အဘေးနိုမစ် (Abenomics)" လို့ သုံးနှုန်းခေါ်ဝေါ်ကြတဲ့ ကမ္ဘာ့တတိယ စီးပွားရေးအင်အားအကြီးဆုံး ဂျပန်နိုင်ငံရဲ့ စီးပွားရေး တိုးတက်ကောင်းမွန်ရေး အဘေးရဲ့ မူဝါဒများကို ဆက်လက် ဆောင်ရွက်သွားရန် ကတိပြုသွားလိမ့်မယ်လို့ Nippon TV သတင်းဌာက သုံးသပ်ထားပါတယ်။

ထို့အတူ ရောဂါကူးစက်မှုထိန်းချုပ်ရေး အစီအမံတွေနဲ့ စီးပွားရေးလုပ်ကိုင်နိုင်မှု နှစ်ခုလုံးကို အလေးထားတဲ့ ဂျပန်အစိုးရရဲ့ COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေး တုံ့ပြန်ဆောင်ရွက်မှုကိုလည်း ဆက်လက် လုပ်ဆောင်သွားမယ်လို့ Nippon TV က ဆိုပါတယ်။ ဆူဂါဟာ စတော်ဘယ်ရီစိုက်ပျိုးတဲ့ တောင်သူလယ်သမားတွေရဲ့ သားတစ်ဦးဖြစ်ပြီး ၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ 

.


Author


က္က