မုန်တိုင်းတိုက်ခတ်မှုအတွင်း လူ ၁၇ ဦး ပျောက်ဆုံးနေကြောင်း ဂျပန်အစိုးရသတင်းက ပြောပါတယ်။

ဂျပန်မှာ နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံး တိုင်ဖွန်းမုန်တိုင်း ဟာဂီဘစ် တိုက်ခတ်မှုကြောင့် သေဆုံးသူအရေအတွက် ၂၄ ဦးထက်မနည်း ရှိလာခဲ့ကြောင်းနဲ့ မုန်တိုင်းအရှိန်ကြောင့် နိုင်ငံတစ်ဝှမ်း မကြုံစဖူး မိုးသည်းထန်စွာရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း အစိုးရတာဝန်ရှိသူတွေက ယနေ့ (အောက်တိုဘာ ၁၃ ရက်) ပြောပါတယ်။



(Photo: Yohei Kanasashi/AP)

သေဆုံးသူတွေအနက် အချို့ဟာ မြေပြိုမှုများကြောင့် သေဆုံးခဲ့တာဖြစ်ပြီး အခြား လူတွေကတော့ မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြစ်ရေလျှံတက်ကာ ရေကြီးမှုအတွင်း မျောပါသွားတဲ့ ကားများထဲမှာပါသွားခဲ့သူတွေ ဖြစ်ပါတယ်။ မုန်တိုင်းတိုက်ခတ်မှုအတွင်း လူ ၁၇ ဦး ပျောက်ဆုံးနေပြီး အခြား လူ ၁၅၀ ဒဏ်ရာရခဲ့တယ်လို့ အစိုးရသတင်းဌာန NHK က ပြောပါတယ်။ 

ဂျပန်နိုင်ငံတစ်ဝှမ်း မိုးသည်းထန်မှုကြောင့် နေရာ ၁၄ ခုမှာ မြစ်ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရပါတယ်။ တိုင်ဖွန်းဟာဂီဘစ်ဟာ ဂျပန်နိုင်ငံ ဟူရှူးကျွန်းကို ယမန်နေ့ (အောက်တိုဘာ ၁၂ ရက်) ဒေသစံတော်ချိန် ည ၇ နာရီဝန်းကျင်မှာ လေတိုက်နှုန်း တစ်နာရီလျှင် ၁၃၄ မိုင်မှ မိုင် ၁၄၀ အထိ အားကောင်းပြင်းထန်စွာဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။

(Photo: AFP/Jiji Press)

ယမန်နေ့ တစ်ညလုံးမှာ အာဏာပိုင်တွေက လူဦးရေ ၇.၃ သန်းကို မလုပ်မနေရမဟုတ်တဲ့ ရွှေ့ပြောင်းရန်ညွှန်ကြားမှု ထုတ်ပြန်ခဲ့ပါတယ်။ လူထောင်ပေါင်းများစွာက အာဏာပိုင်တွေရဲ့ ညွှန်ကြားချက်အတိုင်း နေအိမ်များမှရွှေ့ပြောင်းကာ ယာယီခိုလှုံရေးစခန်းတွေမှာ နေထိုင်ခဲ့ကြပါတယ်။ မုန်တိုင်းတိုက်ခတ်ပြီးနောက် လူဦးရေငါးသိန်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံနေရကြောင်းလည်း သိရပါတယ်။ 

မုန်တိုင်းတိုက်ခတ်ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို အပြင်းအထန် လုပ်ဆောင်နေပြီး စစ်သား ၂၇,၀၀၀ နဲ့ အခြား ကယ်ဆယ်ရေးဝန်ထမ်းတွေက ပါဝင်ဆောင်ရွက်နေကြောင်း ဂျပန်အစိုးရက ပြောပါတယ်။ တိုင်ဖွန်းဟာဂီဘစ် တိုက်ခတ်မှုကြောင့် ဂျပန်မှာ သွားလာရေးအခက်အခဲများ ကြုံနေခဲ့ရပါတယ်။

(Photo: Yohei Kanasashi/Kyodo News via AP)

တိုကျိုဒေသတွင်း လေယာဉ်ခရီးစဉ်အားလုံးကို ဖျက်သိမ်းထားပြီး အမြန်ရထားအများစုနဲ့ ကျည်ဆန်ရထားအများအပြား ပြေးဆွဲမှုတွေကိုလည်း ရပ်ဆိုင်းထားရပါတယ်။ တိုင်ဖွန်းဟာဂီဘစ် ဝင်ရောက်မှာဖြစ်တာကြောင့် ဂျပန်မှာ ကျင်းပပြုလုပ်တဲ့ ဖော်မြူလာဝမ်း ကားပြိုင်ပွဲ (Formula One Grand Prix) နဲ့ ကမ္ဘာ့ဖလားရက်ဘီပြိုင်ပွဲ (Rugby World Cup) များကို ရွှေ့ဆိုင်းဖျက်သိမ်းရမှုတွေလည်း ရှိခဲ့ပါတယ်။

(Photo: CGTN)

တိုင်ဖွန်းဟာဂီဘစ်ဟာ လက်ရှိမှာ မြောက်ဘက်သို့ဦးတည်နေပြီး ယနေ့နှောင်းပိုင်းအချိန် မြောက်ပစိဖိတ်သမုဒ္ဒရာထဲသို့ ရွေ့လျားသွားမယ်လို့ ခန့်မှန်းထားပါတယ်။ ဂျပန်ကုန်းတွင်းပိုင်းကို တိုင်ဖွန်းမုန်တိုင်း စတင်ဝင်ရောက်ခါနီး ယနေ့ညနေ ဒေသစံတော်ချိန် ၆ နာရီ ၂၂ မိနစ်အချိန်က မုန်တိုင်းဖြတ်သန်းတိုက်ခတ်မယ့် နေရာဒေသတစ်ခုဖြစ်တဲ့ Chiba စီရင်စုမှာ ရစ်ချ်တာစကေး ၅.၇ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သေးကြောင်းလည်း AFP သတင်းမှာ ဖော်ပြပါတယ်။

(Photo: CGTN)

ဂျပန်မှာ ယခုထက်ပိုမိုအားကောင်းပြင်းထန်တဲ့ မုန်တိုင်းတိုက်ခတ်မှုအဖြစ် ၁၉၅၈ ခုနှစ်က စက်တင်ဘာလအတွင်းက တိုင်းဖွန်းမုန်တိုင်း အိုင်ဒါ (Typhoon Ida) တိုက်ခတ်ခဲ့ဖူးပြီး လူ ၁,၂၆၉ ဦး သေဆုံးခဲ့ကာ ဂျပန်ကိုဝင်ရောက်တိုက်ခတ်တဲ့ လူသေဆုံးမှုအများဆုံး ခြောက်ခုမြောက် တိုင်ဖွန်းမုန်တိုင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။


Share

Loading Next Article...
က္က