အာဖရိကနဲ့ အာရှကနေ မြင်တွေ့နိုင်မှာပါ။

ရှားပါးတဲ့ မီးကွင်းပုံစံ နေကြတ်မှုဖြစ်စဥ်ကို အနောက်အာဖရိကမှ အာရေဗီယန်ကျွန်းဆွယ်အထိ၊ အိန္ဒိယနဲ့ တရုတ်တောင်ပိုင်းတို့မှာ မနက်ဖြန် (ဇွန် ၂၁ ရက်) မြင်တွေ့ကြရမယ်လို့ ဆိုပါတယ်။

မီးကွင်းပုံစံ နေကြတ်မှုဖြစ်စဥ်ကို နှစ်များအတွင်း ပထမဆုံးအကြိမ် မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။ နှစ်စဥ် နေကြတ်မှုဖြစ်စဥ်ဟာ လက ကမ္ဘာနဲ့နေကြား ဖြတ်သန်းသွားချိန်မှာ ဖြစ်ပေါ်လေ့ရှိပါတယ်။ ထိုအချိန်မှာ လနဲ့ကမ္ဘာကြား အကွာအဝေးဟာ နေရောင်ကို အပြည့်အဝ ကွယ်သွားစေတဲ့အထိ နီးကပ်ခြင်းမရှိရာ နေကို ပါးလွှာတဲ့အကွင်းပုံစံဖြင့် မြင်တွေ့နေရနိုင်ပါတယ်။


အဆိုပါ နေကြတ်မှုဖြစ်စဥ်ကို ကမ္ဘာတစ်ဝှမ်း နေရာအနည်းငယ်မှသာ မြင့်တွေ့ရတယ်လို့ ဆိုပါတယ်။ ဇွန် ၂၁ ရက် နေကြတ်မှုဖြစ်စဥ်မှာတော့ ကမ္ဘာရဲ့ မြောက်ဝင်ရိုးစွန်းဟာ နေနဲတည့်တည်အဖြစ်ဆုံး အခြေအနေမှာ ဖြစ်ပေါ်မှာဖြစ်ပြီး ရှားပါးတဲ့ နေကြတ်မှုဖြစ်စဥ်လို့ သိရပါတယ်။

(Photo: Getty Images)

မီးကွင်းပုံစံ နေကြတ်မှုဖြစ်စဥ်ကို ကွန်ဂိုသမ္မတနိုင်ငံမှာ ဇွန် ၂၁ ရက် နေမထွက်မီ မိနစ်အနည်းငယ်မျှအလို ဒေသစံတော်ချိန် မနက် ၅ နာရီ ၅၆ မိနစ်အချိန် ပထမဆုံး မြင်တွေ့ရမယ်လို့ AFP သတင်းက ဖော်ပြပါတယ်။ နေကြတ်ပြီး မှောင်သွားမယ့်ကြာချိန်ဟာ ၁ မိနစ်နဲ့ ၂၂ စက္ကန့် ကြာမယ်လို့ဆိုပါတယ်။

အာရှနဲ့ အာဖရိကတစ်ဝှမ်းမှာ အမြင့်ဆုံး နေကြတ်မှုဖြစ်စဥ်ကို ဖြစ်ပေါ်မှာဖြစ်ပြီး စီနို-အိန္ဒိယ နယ်စပ်အနီး အိန္ဒိယနိုင်ငံ အူတာရက်ခ်ခန်းပြည်နယ် ကောင်းကင်ယံမှာ ဇွန် ၂၁ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်မှာ မြင်တွေ့ရမယ်လို့ သိရပါတယ်။ "နေကြတ်မှုကို ကမ္ဘာ့မျက်နှာပြင်နေရာ ၂ ရာခိုင်နှုန်းခန့်ကနေ မြင်တွေ့နိုင်ပါတယ်၊ ဘာနဲ့တူမလဲဆိုတော့ ၅၀၀ ဝပ်ကနေ ၃၀ ဝပ် မီးလုံးတစ်လုံးလို ဖြစ်သွားတာမျိုးပါ၊ အလင်ရောင်လေးတော့ရှိနေတယ် ကောင်းကောင်းမမြင်ရဘူးပေါ့" လို့ နက္ခတ္တဗေဒပညာရှင် Florent Delefie က AFP ကို ပြောပါတယ်။ 

နောက်ဆက်တွဲ သတင်းများအရ ‌ဇွန် ၂၁ ရက် နေကြတ်မှုကို မြန်မာနိုင်ငံမှလည်း မွန်းလွဲ ၁ နာရီခွဲကျော်မှာ မြင်တွေ့ခဲ့ရ ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က