loading...

loading...

loading...

မြန်မာကျပ်ငွေအရဆိုပါက ၁၈ သိန်းခွဲကျော် ငွေပမာဏကို ဟောင်ကောင်ဒေသခံတစ်ဦးစီ ရရှိကြမှာပါ။
Ko John

ဟောင်ကောင်အစိုးရက အသက် ၁၈ နှစ်အထက်အရွယ် အမြဲတမ်းနေထိုင်သူ ခုနစ်သန်းခန့်ကို ထောက်ပံ့ငွေလက်ဆောင် ပေးအပ်သွားမယ်လို့ ယနေ့ (ဖေဖေါ်ဝါရီ ၂၆ ရက်) ပြောပါတယ်။

(Photo: AFP)

COVID-19 ရောဂါဗိုင်းရပ်စ်ဂယက်ကြောင့် စီးပွားရေးကျဆင်းမှု ကြုံနေရချိန်မှာ ဒေသခံတွေအတွက် သုံးစွဲနိုင်ရန်နဲ့ ငွေရေးကြေးရေး အကျပ်အတည်း လျော့ပါးစေရန် ဟောင်ကောင်အစိုးရက ငွေလက်ဆောင်ပေးမယ့် အစီအစဥ်ကို ဆောင်ရွက်လာခဲ့တာ ဖြစ်ပါတယ်။

အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ အမြဲတမ်းနေထိုင်သူ ခုနစ်သန်းခန့်ကို တစ်ဦးလျှင် ဟောင်ကောင်ဒေါ်လာ ၁၀,၀၀၀ (မြန်မာကျပ်ငွေ ၁၈ သိန်းခွဲကျော်) ပေးအပ်သွားမယ်လို့ သိရပါတယ်။ ဟောင်ကောင်ဟာ လများနဲ့ချီကြာခဲ့တဲ့ အစိုးရဆန့်ကျင့်ရေး ဆန္ဒပြမှုတွေကြောင့် နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းဖြစ်နေခဲ့ရာမှ လတ်တလောမှာ COVID-19 ဗိုင်းရပ်စ်ဂယက်ကိုလည်း တွေ့ကြုံရင်ဆိုင်နေရပါတယ်။

(Photo: AFP)

ဒေသခံတစ်ဦးစီကိုပေးမယ့် ငွေများဟာ ၂၀၂၀-၂၀၂၁ ခုနှစ် ဘတ်ဂျက်မှာပါဝင်တဲ့ စီးပွားရေးအကျပ်အတည်း ပြေလျော့စေရန်သုံးစွဲမယ့် ဟောင်ကောင်ဒေါ်လာ ၁၂၀ ဘီလီယံမှလည်း ဖြစ်ပါတယ်။ ဟောင်ကောင်မှာ ဖေဖေါ်ဝါရီ ၂၆ ရက် မွန်းလွဲပိုင်းအထိ တရားဝင် စာရင်းတွေအရ ဗိုင်းရပ်စ်ကြောင့် လူ ၃ ဦး သေဆုံးခဲ့ပြီး ကူးစက်ခံရသူ ၈၅ ဦး စစ်ဆေးတွေ့ရှိထားပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်လာခဲ့ပြီးနောက်ပိုင်း ဟောင်ကောင်က တရုတ်ပြည်မကြီးနဲ့ကြား နယ်စပ်ဝင်ပေါက်အများစုကို ပိတ်ထားခဲ့ပြီး လေယာဥ်၊ အမြန်ရထားနဲ့ ကူးတို့သင်္ဘော ခရီးစဥ်တွေကိုလည်း ရပ်ဆိုင်းထားမှုနဲ့ လျှော့ချထားမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဟောင်ကောင်မှာ ဗိုင်းရပ်စ်ကူးစက်မှုအပေါ် စိုးရိမ်ကြောက်လန့်မှုဖြင့် အေးခဲအသား၊ ဆန်၊ သန့်ရှင်းရေးပစ္စည်းများနဲ့ ဆပ်ပြာ အစရှိတဲ့ စားသောက်ကုန်နဲ့ လူသုံးကုန်တွေကို ပြတ်လပ်သွားတဲအထိ အပြေးအလွှား ဝယ်ယူခဲ့ကြပါတယ်။

(Photo: AFP)

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် ဖေဖေါ်ဝါရီ ၂၆ ရက် မွန်းလွဲပိုင်းအထိ တရုတ်ပြည်မကြီးမှာ ၂,၇၁၅ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း သေဆုံးသူအရေအတွက် ၂,၇၆၅ ဦးအထိ မြင့်တက်လာပါတယ်။ ဖေဖေါ်ဝါရီ ၂၆ ရက် မွန်းလွဲပိုင်းအထိ တရုတ်ပြည်မကြီးမှာ ၇၈,၀၆၄ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၁,၀၀၅ ဦးရှိလာပြီး ပြန်လည်သက်သာလာသူ ၃၀,၁၁၆ ဦးရှိခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

ယခုရက်ပိုင်းအတွင်း တရုတ်ပြည်မကြီးမှာ ဗိုင်းရပ်စ်ကူးစက်ခံမှုကြောင့် သေဆုံးသူအရေအတွက် လျော့နည်းလာခဲ့ပေမဲ့ တောင်ကိုရီးယား၊ အီတလီနဲ့ အီရန် နိုင်ငံတွေမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူနဲ့ သေဆုံးသူဦးရေ သိသာစွာ မြင့်တက်နေခဲ့ပါတယ်။ COVID-19 ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဇန်နဝါရီ ၃၀ ရက်နေ့မှာ သတ်မှတ်ကြေညာထားပါတယ်။ ဖေဖေါ်ဝါရီ ၂၄ ရက်မှာတော့ ဗိုင်းရပ်စ်ကူးစက်မှုဟာ ကမ္ဘာ့နေရာအနှံ့မှာ ဖြစ်ပွားလာနိုင်တဲ့ အလားအလာအတွက် ကြိုတင်ပြင်ဆင်ကြရန် WHO က သတိပေး ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က