loading...

loading...

loading...

ရဲတပ်ဖွဲ့က စီးပွားရေးဆိုင်ရာ အဆောက်အအုံတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။
Ko John

ဟောင်ကောင်မှာ ဓာတုဗေဒပစ္စည်း ၂.၆ တန်ရှိ ဗုံးပြုလုပ်တဲ့ နေရာတစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရပါတယ်။

(Photo: Hong Kong Police/AFP)

ယမန်နေ့ (မေလ ၈ ရက်) က ထိုနေရာကို ဝင်ရောက်စီးနင်းခဲ့ပြီး ဟောင်ကောင်အစိုးရကို တရုတ်ပြည်မကြီးနဲ့ နယ်စပ်အားပိတ်ပင်ရေး ဗုံးဖြင့် ဖိအားပေးရန် ကြံစည်မှုဖြင့် လူ ၁၇ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ဖောက်ခွဲရေးပစ္စည်းတစ်ခု ဖောက်ခွဲခဲ့မှုနဲ့ ဆက်နွယ်နေတဲ့ စစ်ဆင်ရေးအဖြစ် ဟောင်ကောင်တစ်ဝှမ်းရှိ နေရာ ၂၂ ခုကို ရဲတပ်ဖွဲ့က စီးနင်းခဲ့တာ ဖြစ်ပါတယ်။

ထိုစဥ်က ဖောက်ခွဲမှုကို ဟောင်ကောင်အုပ်စုနှစ်ခု ၎င်းတို့ လုပ်ဆောင်ခဲ့ကြောင်းနဲ့ COVID-19 ရောဂါဗိုင်းရပ်စ် ဟောင်ကောင်သို့ ကူးစက်ပျံ့နှံလာမှုကို ဟန့်တားရန်အတွက် နယ်စပ်တွေကို ပိတ်ပင်ရန်လိုအပ်ကြောင်း ပြောခဲ့ကြပါတယ်။ ဟောင်ကောင်ရဲတပ်ဖွဲ့ အုပ်စုဖွဲ့ရာဇဝတ်မှုနဲ့ လျှို့ဝှက်ရာဇဝတ်ဂိုဏ်းဌာနမှ အကြီးတန်းရဲအရာရှိ Li Kwai-wah ရဲ့ အဆိုအရ ယမန်နေ့ စီးနင်းမှုအတွင်း ဖောက်ခွဲရေးပစ္စည်း အလေးချိန် ၃ ပေါင်ကျော်ပါဝင်တဲ့ လုပ်လက်စ ဗုံးသုံးလုံးကို တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

(Photo: AP)

ရဲတပ်ဖွဲ့က Kowloon အရပ်ရှိ စီးပွားရေးဆိုင်ရာ အဆောက်အအုံတစ်ခုကို ယမန်နေ့မှာ ဝင်ရောက်စီးနင်းခဲ့စဥ် ဗုံးပြုလုပ်ရာမှာ အသုံးပြုတဲ့ အလေးချိန် ၂.၆ တန်ရှိ ဓာတုဗေဒပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲအရာရှိ Li Kwai-wah က အတည်ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့က ဟောင်ကောင် အလုပ်သမားရပ်ကွက် Sham Shui Po ရှိ ဆေးရုံတစ်ရုံရဲ့ အိမ်သာအတွင်း အသေးစား ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပါတယ်။

ထိုပေါက်ကွဲဖြစ်ပွားပြီး တစ်ပတ်အတွင်းမှာလည်း တရုတ်ပြည်မကြီးနဲ့ နယ်စပ်စစ်ဆေးရေးဂိတ်နှစ်ခုမှာ အခြား ဗုံးနှစ်လုံးကို ဖောက်ခွဲရန်ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။ ဟောင်ကောင်ဒေသခံများကြား COVID-19 ဗိုင်းရပ်စ်ကူးစက်မှုကို စိုးရိမ်ပူပန်မှုတွေရှိနေပြီး မတ်လ ၈ ရက် ညပိုင်းအထိ စာရင်းတွေအရ ဟောင်ကောင်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၁၄ ဦး စစ်ဆေးအတည်ပြုထားပြီး ၃ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

COVID-19 ဗိုင်းရပ်စ် စတင်တွေ့ရှိရာ တရုတ်ပြည်မကြီးမှာ ကူးစက်မှုလျော့ကျသွားပေမဲ့ တရုတ်ပြင်ပ နိုင်ငံတွေမှာ ကူးစက်မှုနဲ့ သေဆုံးမှုတွေ မြင့်တက်လာခဲ့ပါတယ်။ တရုတ်ပြည်မကြီးမှာ မတ်လ ၈ ရက် ညပိုင်းအထိ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၀,၉၄၈ ဦး စစ်ဆေးအတည်ပြုထားပြီး ၎င်းတို့အနက် ၃,၀၉၇ ဦး သေဆုံးခဲ့ပါတယ်။

မတ်လ ၈ ရက် ညပိုင်းအထိ တရားဝင် စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀၆,၉၄၈ ဦးအထိနဲ့ သေဆုံးသူ ၃,၆၅၂ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိရတဲ့ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တစ်ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်သတိပေးချက်ကို အမြင့်ဆုံးအဆင့်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဖေဖေါ်ဝါရီ ၂၈ ရက်မှာ တိုးမြှင့်သတ်မှတ်ထားပါတယ်။

Source: AFP


ဆက်စပ်အကြောင်းအရာများ


loading...

က္က