ဆေးရုံစနစ် ပြိုလဲနိုင်တဲ့ အကြီးစား ကူးစက်မှုဖြစ်စဥ် ဖြစ်လုနီးနီး အခြေအနေလို့ ဆိုပါတယ်။

ဟောင်ကောင်မှာ ဆေးရုံတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလဲနိုင်တဲ့ COVID-19 အကြီးစား ကူးစက်မှုဖြစ်စဥ် ဖြစ်ပွားလုနီးနီး အခြေအနေ ကြုံတွေ့နေကြောင်း အုပ်ချုပ်ရေးမှူး ကာရီလမ်က သတိပေးလိုက်ပါတယ်။

ကူးစက်မှုထိန်းချုပ်ရေး တင်းကျပ်တဲ့ အစီအမံအသစ်တွေ ယနေ့ (ဇူလိုင် ၂၉ ရက်) စတင်သက်ရောက်ပြီဖြစ်ရာ မြို့ခံတွေအနေနဲ့ တတ်နိုင်သမျှ အိမ်မှာပဲနေကြရန်လည်း ကာရီလမ်က တိုက်တွန်းခဲ့ပါတယ်။ COVID-19 ကူးစက်မှုတွေ ပြန်မြင့်တက်နေတဲ့ ဟောင်ကောင်မှာ ကူးစက်မှုထိန်းချုပ်ရန်အတွက် လူနှစ်ဦးထက်ပိုတဲ့ စုဝေးခြင်း၊ စားသောက်ဆိုင်တွေမှာ ဆိုင်ထိုင်စားသောက်ခြင်းတို့ကို တားမြစ်ပိတ်ပင်ထားပြီး အများပြည်သူဆိုင် နေရာတွေမှာ စည်းမျဥ်းဥပဒေအရ mask မဖြစ်မနေ တပ်ထားရန် ညွှန်ကြားထားပါတယ်။



ကူးစက်မှုတွေ ပြန်မြင့်တက်လာမှုကြောင့် ယခု သတ်မှတ်ထုတ်ပြန်လိုက်တဲ့ အစီအမံတွေဟာ ဟောင်ကောင်မှာ ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့စဥ်မှစပြီး လက်ရှိအချိန်အထိ အပြင်းထန်ဆုံးလည်း ဖြစ်လာပါတယ်။ ဟောင်ကောင်အစိုးရက ပင်လယ်ရေလမ်းကြောင်းနဲ့ လေကြောင်းခရီစဥ်မှာ လိုက်ပါကြတဲ့ ဝန်ထမ်းတွေကိုလည်း တင်းကျပ်တဲ့ စစ်ဆေးမှုနဲ့ အသွားအလာကန့်သတ် နေထိုင်စေမှုတွေ ယနေ့ စတင်လုပ်ဆောင်ကြောင်း သိရပါတယ်။

(Photo: Getty Images)

"လူတွေကြားမှာ အကြီးစား ကူးစက်မှုဖြစ်ပွားမှု ဖြစ်လုနီးနီး အခြေအနေမှာ ကျွန်မတို့ ရောက်နေပါတယ်၊ ဒီလိုဖြစ်တာက ကျွန်မတို့ရဲ့ ဆေးရုံစနစ် ပြိုလဲပြီး အသက်တွေဆုံးရှုံးမှုကို ဦးတည်နိုင်ပါတယ်၊ အထူးသဖြင့် သက်ကြီးရွယ်အိုတွေပါ" လို့ ကာရီလမ်က အင်္ဂါနေ့ (ဇူလိုင် ၂၈ ရက်) နှောင်းပိုင်း ထုတ်ပြန်ချက်တစ်ခုမှာ ပြောခဲ့ပါတယ်။

"ကျွန်မတို့ ချစ်တဲ့သူတွေ၊ ကျွန်မတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းတွေနဲ့ ဟောင်ကောင်ကို ကာကွယ်ဖို့အတွက် ခပ်ခွာခွာနေရမယ့် အစီအမံတွေကို အတိအကျ လိုက်နာကြဖို့နဲ့ တတ်နိုင်သမျှ အိမ်မှာနေကြဖို့ ကျွန်မ မေတ္တာရပ်ခံပါတယ်" လို့ ကာရီလမ်က ပြောထားပါတယ်။

(Photo: AFP)

ကူးစက်မှုတွေ မြင့်တက်နေတာကြောင့် လေဆိပ်အနီးမှာ ကုတင် ၂,၀၀၀ ဆံ့ ယာယီဆေးရုံတစ်ခုကို ဆောက်လုပ်ရန်ပြင်ဆင်ထားကြောင်း ဟောင်ကောင်အစိုးရက ကြေညာထားပါတယ်။ ဟောင်ကောင်မှာ ဇူလိုင် ၂၈ ရက်နေ့က ထုတ်ပြန်တဲ့စာရင်းအရ COVID-19 ကူးစက်ခံရသူ နောက်ထပ် ၁၀၅ ဦး တိုးလာခဲ့ပါတယ်။ လက်ရှိအချိန်အထိ ဟောင်ကောင်မှာ ကူးစက်ခံရသူ ၃,၀၀၀ ကျော်လာပြီး၂၄ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

Source: Reuters, AFP


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က