တင်းမာမှုတွေဖြစ်နေတဲ့ ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုဆိုးလာနိုင်ကြောင်း သုံးသပ်ကြပါတယ်။

အမေရိကန်အစိုးရက တက္ကဆက်ပြည်နယ် ဟူစတန်မြို့ရှိ တရုတ်နိုင်ငံ ကောင်စစ်ဝန်ရုံးကို ၇၂ နာရီအတွင်း ပိတ်ပင်ရန် ယနေ့ (ဇူလိုင် ၂၂ ရက်) ညွှန်ကြားလိုက်ကြောင်း သိရပါတယ်။

(ဧပြီလအတွင်း တွေ့ရသည့် ဟူစတန်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံး) (Photo: AP)

တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ပင်စေမှုဟာ အမေရိကန်တွေရဲ့ ဉာဏမူပိုင်ခွင့်နဲ့ ကိုယ်ပိုင် သတင်းအချက်အလက်တွေကို ကာကွယ်ရန်ဖြစ်တယ်လို့ ဆိုပါတယ်။ သို့သော် အသေးစိတ်ကိုတော့ အမေရိကန်တာဝန်ရှိသူတွေက ထုတ်ဖော်ပြောခြင်း မရှိပါဘူး။ အမေရိကန်ရဲ့ ယခုလုပ်ရပ်က ယခင်ကတည်းက တင်းမာမှုမြင့်တက်နေတဲ့ ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံကြား ဆက်ဆံရေးပိုဆိုးလာနိုင်ကြောင်း သုံးသပ်ကြပါတယ်။



အမေရိကန်နဲ့ တရုတ်တို့ဟာ ကုန်သွယ်ရေးကိစ္စ၊ ဟောင်ကောင်အရေးနဲ့ COVID-19 ကပ်ရောဂါ အစရှိတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲကာ ဆက်ဆံရေး တင်းမာနေခဲ့ပါတယ်။ တရုတ်အစိုးရဘက်ကတော့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံရေးအရ ရန်စမှုလို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ ယခုလုပ်ရပ်ဟာ လက်ခံနိုင်စရာမဟုတ်ကြောင်းနဲ့ မလိုလားအပ်တဲ့ လုပ်ရပ်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသား Wang Wenbin က ပြောခဲ့ပါတယ်။

(တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှ မီးသတ်ကားတစ်စီး) (Photo: AP)

တရုတ်ကောင်စစ်ဝန်ရုံး အဆောက်အအုံဝင်းအတွင်း မည်သူမည်ဝါမှန်း မသိသူတွေက အမှိုက်ပုံးများထဲမှ စာရွက်တွေကို မီးရှို့ခဲ့ပြီးနောက် အမေရိကန်က ကောင်စစ်ဝန်ရုံးကိုပိတ်ရန် ညွှန်ကြားချက်ထွက်ပေါ်လာခဲ့တယ်လို့ BBC သတင်းက ဖော်ပြပါတယ်။ ထိုသို့ မီးရှို့ခဲ့ရာ တရုတ်ကောင်စစ်ဝန်ရုံးသို့ မီးသတ်တပ်ဖွဲ့ ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ ဟူစတန်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးကို အမေရိကန်နဲ့ တရုတ်တို့ကြား သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့တဲ့ ၁၉၇၉ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က