ဗြိတိန်မှာ အလားတူ လေ့ကျင့်စမ်းသပ်မှုက အားတက်ဖွယ်ရာ ရလဒ်တွေရှိခဲ့ပါတယ်။

ချီလီနိုင်ငံ ရဲတပ်ဖွဲ့က လူတွေရဲ့ချွေးထဲမှာ COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SAR-CoV-2) ထောက်လှမ်းရှာဖွေရန် အနံ့ခံခွေးများကို လေ့ကျင့်ပေးနေကြောင်း သိရပါတယ်။

(Photo: Marcelo Hernandez/Getty Images)

ဗြိတိန်မှာ အလားတူ လေ့ကျင့်စမ်းသပ်မှုက အားတက်ဖွယ်ရာ ရလဒ်တွေရှိခဲ့ပြီးနောက် ချီလီရဲတပ်ဖွဲ့ကလည်း အနံ့ခံခွေးများသုံးပြီး COVID-19 ကူးစက်ခံရသူကို ရှာဖွေရန် စီစဥ်လာခဲ့တာ ဖြစ်ပါတယ်။ ကနဦး လေ့ကျင့်မှုအတွက် labrador နဲ့ golden retriever ခွေးလေးကောင်ကို ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။



အဆိုပါ အနံ့ခံခွေးတွေကို ချီလီမြို့တော် စန်တီယာဂိုမြို့ရှိ Chilean Carabineros ရဲ့ အထူးလေ့ကျင့်ရေးစခန်းမှာ လေ့ကျင့်ပေးနေပါတယ်။ အနံ့ခံခွေးတွေဟာ မူးယစ်ဆေးဝါး၊ ဖောက်ခွဲရေးပစ္စည်းတွေကို အနံ့ခံ ဖော်ထုတ်နိုင်တဲ့အပြင် ယခင်ကလည်း ငှက်ဖျား၊ ကင်ဆာနဲ့ ပါကင်ဆန်ရောဂါရှိတဲ့ လူတွေကို ရှာဖွေသိရှိနိုင်ရန် လေ့ကျင့်ပေးခဲ့ဖူးပါတယ်။

(Photo: Reuters)

ရဲတပ်ဖွဲ့အထူးသင်တန်းကျောင်းမှ ဒါရိုက်တာ ဒုတိယဗိုလ်မှူးကြီး Cristian Acevedo Yanez ရဲ့ အဆိုအရ ခွေးတွေမှာ အနံ့အမျိုးအစား ၃ သန်းကျော်ကို မှတ်သားထားနိုင်ပြီး လူတွေမှာထက် အဆပေါင်း ၅၀ ကျော် ပိုများတယ်လို့ ဆိုပါတယ်။ ထိုသို့ တစ်မူထူးခြားလှတဲ့ ခွေးတွေရဲ့ အနံ့ခံနိုင်စွမ်းက ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ ကူညီပေးတယ်လို့ ၎င်းကပြောပါတယ်။ အနံ့ခံခွေးတွေဟာ ချီလီမှာ စာသင်ကျောင်းများနဲ့ ဈေးဆိုင်များ တဖြည်းဖြည်း ပြန်ဖွင့်ပြီး လူတွေ ပုံမှန်အလုပ်ပြန်လုပ်ရန် စီစဥ်ဆောင်ရွက်နေရာမှာ အရေးပါတဲ့နေရာမှ ပါဝင်နိုင်ကြောင်းလည်း ဒုဗိုလ်မှူးကြီးက သုံးသပ်ခဲ့ပါတယ်။

(Photo: Reuters)

"ရဲတပ်ဖွဲ့ရဲ့ အခန်းကဏ္ဍက ဒီ new normal မှာ ဗိုင်းရပ်စ်ရှိသူကို ထောက်လှမ်းရှာဖွေမှု စွမ်းဆောင်ရည်တွေ အားကောင်းစေဖို့ပါ၊ စိတ်ကူးကတော့ ကျွန်တော်တို့ရဲ့ ခွေးတွေကို စာသင်ကျောင်းတွေ၊ ဘတ်စ်ကားဂိတ်တွေနဲ့ လေဆိပ်တွေလို လူများပြားရှုပ်ထွေးတဲ့ နေရာတွေမှာထားရှိပြီး ရောဂါရှိနေသူကို ရှာဖွေသိရှိပြီး သူတို့ကို သီးခြားခွဲထားပြီး အစုအပြုံလိုက် ကူးစက်မှုတွေ ရှောင်ရှားနိုင်ဖို့ပါ" လို့ Cristian Acevedo Yanez က ရှင်းပြပါတယ်။ 

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က