ဥပဒေသစ်ကို လွှတ်တော်က အတည်ပြုလိုက်ပြီး ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ အသစ်ပြဌာန်းမယ့် ဥပဒေအရ အထက်တန်းကျောင်းနဲ့ ကောလိပ် ကျောင်းသူကျောင်းသား အားလုံးဟာ တစ်ဦးလျှင် အနည်းဆုံး သစ်ပင် ၁၀ ပင် စိုက်ပျိုးပြီးမှသာ ဘွဲ့ရရှိနိုင်မယ်လို့ ဆိုပါတယ်။

(Photo: RURO Photography/Flicker)

လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်တဲ့ ယခု ဥပဒေသစ်က ယခင်က ဖိလစ်ပိုင်မှာ ဓလေ့ထုံးစံတစ်ခုအဖြစ် ဘွဲ့နှင်းသဘင်မတိုင်မီ သစ်ပင်စိုက်ပျိုးလေ့ရှိကြတာကို မလုပ်မနေရအဖြစ် တရားဝင် သတ်မှတ်လိုက်မှုဖြစ်ပြီး တစ်ချိန်တည်းမှာပင် ကမ္ဘာတစ်ဝှမ်း ရာသီဥတုပြောင်းလဲမှုကို တန်ပြန်လုပ်ဆောင်မှု ဖြစ်လာရန်လည်း မျှော်လင့်ထားကြောင်း သိရပါတယ်။



ဥပဒေသစ်ကို ထောက်ခံအားပေးသူတွေက ယခုဥပဒေ ပြဌာန်းလိုက်ပြီး အားလုံးက လိုက်နာကျင့်သုံးပါက ဖိလစ်ပိုင်မှာ မျိုးဆက်တစ်ခုအတွင်း သစ်ပင်အရေအတွက် ၅၂၅ ဘီလီယံ စိုက်ပျိုးပြီးသား ဖြစ်လာနိုင်တယ်လို့ ပြောကြပါတယ်။

(Photo: AFP/Getty Images)

"မူလတန်းပြီးဆုံးတဲ့ ကျောင်းသူကျောင်းသားက ၁၂ သန်းကျော်၊ အထက်တန်းအဆင့်က ငါးသန်းနီးပါးနဲ့ ကောလိပ်ဘွဲ့ယူမယ့်သူက ၅၀၀,၀၀၀ နီးပါး နှစ်စဉ် ရှိနေပါတယ်၊ ဒါကိုသာ အသုံးပြုပြီး အကောင်အထည်ဖော်ခဲ့မယ်ဆိုရင် နှစ်စဉ် သစ်ပင်အရေအတွက် အနည်းဆုံး ၁၇၅ သန်း စိုက်ပျိုးပြီးသားဖြစ်ပါလိမ့်မယ်" ဥပဒေသစ်ကို ဦးဆောင်ရေးဆွဲသူ Magdalo ပါတီ လွှတ်တော်ကိုယ်စားလှယ် Gary Alejano က တွက်ပြခဲ့ပါတယ်။

"မျိုးဆက်တစ်ခုမှာ ဒီလို လုပ်ဆောင်သွားမယ်ဆိုရင် သစ်ပင် ၅၂၅ ဘီလီယံထက်မနည်း စိုက်ပျိုးနိုင်ပါတယ်၊ အဲဒီ သစ်ပင်တွေထဲက ၁၀ ရာခိုင်နှုန်းပဲ ရှင်သန်တယ်ဆိုရင်တောင်မှ လူငယ်တွေအတွက် သစ်ပင် ၅၂၅ သန်းရှိလာမှာပါ" လို့ Gary Alejano က ပြောခဲ့ပါတယ်။

(Photo: Pexels)

ဖိလစ်ပိုင်မှာ သစ်ပင်တွေကို လမုပင်တွေထဲမှာ၊ လက်ရှိ သစ်တောတွေထဲမှာ၊ ကာကွယ်စောင့်ရှောက်ထားတဲ့ သစ်တောနယ်မြေထဲမှာ၊ စစ်တပ်လေ့ကျင့်ရေးကွင်းတွေမှာ၊ စွန့်ပစ်မိုင်းတွင်းနေရာတွေမှာနဲ့ ရွေးချယ်ထားတဲ့ မြို့ပြဧရိယာတွေမှာ စိုက်ပျိုးသွားမယ်လို့ CNN Philippines သတင်းက ပြောပါတယ်။

ဖိလစ်ဟာ ကမ္ဘာ့သစ်တောပြုန်းတီးမှု အများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၂၀ ရာစုနှစ်အတွင်း သစ်တောဖုံးလွှမ်းဧရိယာ ၇၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ပါတယ်။ တရားမဝင် သစ်ထုတ်လုပ်မှု ဖိလစ်ပိုင်မှာ သစ်တောပြုန်းတီးမှုဖြစ်စေတဲ့ အဓိက ပြဿနာဖြစ်နေဆဲလို့ ဆိုပါတယ်။ သစ်ပင်တွေ မရှိတော့တဲ့ နေရာအချို့ဟာ ရေကြီးမှုနဲ့မြေပြိုမှု အန္တရာယ်ပိုကြီးလာကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က