အာဏာရှင်စနစ်ဆန့်ကျင့်ရေးပြေးပွဲလို့ အမည်ပေးထားတဲ့ ဆန္ဒပြပြေးပွဲကို ဘန်ကောက်မှာ ပြုလုပ်ခဲ့ပါတယ်။

ဘန်ကောက်မြို့မှာ တနင်္ဂနွေနေ့ (ဇန်နဝါရီ ၁၂ ရက်) က ပြုလုပ်ခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပြေးပွဲကို လူဦးရေ သောင်းနဲ့ချီ ပါဝင်ခဲ့ကြပြီး စစ်တပ်အာဏာသိမ်းခေါင်းဆောင် လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ဦးဆောင်တဲ့ အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုများအနက် အကြီးဆုံးဖြစ်ပုံရတယ်လို့ ဆိုပါတယ်။

(Photo: Reuters)

ဘန်ကောက်မြို့ရှိ အများပြည်သူပန်းခြံတစ်ခုမှာ ပြည်သူများ စုံရုံးခဲ့ကြပြီးနောက် အာဏာရှင်စနစ်ဆန့်ကျင့်ရေးပြေးပွဲ (Run Against Dictatorship) လို့ အမည်ပေးထားတဲ့ ဆန္ဒပြပြေးပွဲကို စတင်ခဲ့တာဖြစ်ပါတယ်။ ဆန္ဒပြပြေးပွဲကို စီစဥ်သူတွေရဲ့ အဆိုအရ လူဦးရေ ၁၀,၀၀၀ ကျော် ပါဝင်ခဲ့ကြတယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။



ဆန္ဒပြသူတွေက "ပရာယွတ် နုတ်ထွက်ပေး" သို့မဟုတ် "ဒီမိုကရေစီစနစ် တည်တံရှည်ကြာရေး" စတဲ့ ကြွေးကြော်သံတွေကို ဆန္ဒပြပြေးပွဲမှာ ပါဝင်ပြေးကြရင်း သံပြိုင်အော်ဟစ်ခဲ့ကြပါတယ်။ ယမန်နေ့က ဘန်ကောက်မှာပြုလုပ်ခဲ့တဲ့ ဆန္ဒပြပြေးပွဲလမ်းကြောင်းဟာ ၁.၆ မိုင်ရှည်လျားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ အတန်အသင့်သာ ချထားခဲ့တယ်လို့ ဆိုပါတယ်။

(Photo: AFP)

ဆန္ဒပြပြေးပွဲမှာ ပါဝင်ကြသူအချို့က "The Hunger Games" ရုပ်ရှင်ထဲမှအတိုင်း လက်သုံးချောင်းထောင်ပြီး ယခင် အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြပုံအတိုင်း လုပ်ဆောင်ခဲ့ကြတာလည်း တွေ့ရပါတယ်။ ထိုင်းနိုင်ငံဟာ နိုင်ငံရေးမတည်ငြိမ်မှုတွေ နှစ်ပေါင်းအတန်ကြာ ပေါ်ပေါက်နေခဲ့ပြီး ၁၉၃၂ ခုနှစ်က သက်ဦးဆံပိုင် ဘုရင်စနစ်ဖြင့်သာ အပြည့်အဝ အုပ်ချုပ်မှုကို အဆုံးသတ်ခဲ့ပြီးနောက်ပိုင်း စစ်တပ်အာဏာသိမ်းမှု ၁၂ ကြိမ်အထိ ဖြစ်ခဲ့ဖူးပါတယ်။

နောက်ဆုံးအကြိမ် စစ်တပ်အာဏာသိမ်းမှုမှာ ၂၀၁၄ ခုနှစ်က ယခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ညီမ ယင်လတ်ကို ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခဲ့စဥ်က ဖြစ်ပါတယ်။ ထိုစဥ်က စစ်တပ်အာဏာသိမ်းမှုကို ယခုလက်ရှိ ထိုင်းဝန်ကြီးချုပ် ပရာယွတ်က ဗိုလ်ချုပ်ကြီးအဖြစ် ဦးဆောင်ခဲ့ပါတယ်။

(Photo: Reuters)

၂၀၁၄ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် အရပ်သားအစိုးရတစ်ရပ်ကို အာဏာလွှဲပြောင်းပေးနိုင်မယ့် ဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပပြုလုပ်ရန် အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ပြီး ယမန်နှစ် မတ် ၂၄ ရက်မှသာ ရွေးကောက်ပွဲပြုလုပ်ခဲ့ပါတယ်။ ထိုရွေးကောက်ပွဲမှာ စစ်တပ်အာဏာသိမ်းခေါင်းဆောင် ပရာယွတ်လည်း ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ဝန်ကြီးချုပ်ဖြစ်လာခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က