လူဦးရေနှစ်သန်းကျော် ယာယီခိုလှုံရေးစခန်းတွေမှာ ရွှေ့ပြောင်းနေထိုင်ခဲ့ကြရပါတယ်။

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းဒေသတွေကို ဆိုင်ကလုန်းမုန်တိုင်း ဘာဘ်ဘယ် ဝင်ရောက်တိုက်ခတ်ခဲ့ရာ လူ ၂၄ ဦး သေဆုံးပြီး လူဦးရေနှစ်သန်းကျော်ဟာ မုန်တိုင်းအန္တရာယ်ကြောင့် ယာယီခိုလှုံရေးစခန်းတွေမှာ ရွှေ့ပြောင်းနေထိုင်ခဲ့ကြရပါတယ်။

(Photo: Munir Uz Zaman/AFP)

ဆိုင်ကလုန်းဘာဘ်ဘယ် (Cyclone Bulbul) ဟာ နိုဝင်ဘာ ၉ ရက် ညပိုင်းက ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့စဥ် ဆိုင်လုန်းဘာဘ်ဘယ်ရဲ့ လေတိုက်နှုန်းဟာ တစ်နာရီလျှင် ၇၅ မိုင်အထိ ရှိခဲ့ကြောင်းသိရပါတယ်။ မုန်တိုင်းတိုက်ခတ်မှုကြောင်း အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာ ဆိပ်ကမ်းနဲ့ လေဆိပ်များ ပိတ်ထားခဲ့ပါတယ်။



ဆိုင်ကလုန်းဘာဘ်ဘယ် ဖြတ်သန်းတိုက်ခတ်မှုအတွင်း အိန္ဒိယနိုင်ငံ အနောက်ဘင်ဂေါနဲ့ Odisha ပြည်နယ်တွေမှာ လူ ၁၂ ဦး သေဆုံးခဲ့ပါတယ်။ မစ်ပင်လဲကျမှုကြောင့်နဲ့ သစ်ကိုင်းများကျိုးကျပြီး ထိခိုက်မိရာမှလည်း လူသေဆုံးမှုတွေဖြစ်ခဲ့ကြောင်း PTI သတင်းက ပြောပါတယ်။(Photo: Dibyangshu Sarkar/AFP)

ဆိုင်ကလုန်းဘာဘ်ဘယ် ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်မှာလည်း သစ်ပင်လဲကျတွေကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ပြီး အခြား လူ ၂၀ ထက်မနည်း ဒဏ်ရာရဲ့ကြောင်း သိရပါတယ်။ မုန်တိုင်းတိုက်မှုအတွင်း ဘင်္ဂလားဒေ့ရှ်မှာ Meghna မြစ်ထဲမှာ ငါးဖမ်းသမား ငါးဦးပျောက်ဆုံးနေကြောင်း ခရိုင်အုပ်ချုပ်ရေးအရာရှိ Masud Alam Siddiqui က AFP သတင်းဌာနကို ပြောပါတယ်။

ဆိုင်ကလုန်းဘာဘ်ဘယ် တိုက်ခတ်မှုကြောင့် ရွှံ့ဖြင့်ဆောက်လုပ်ထားပြီး အခိုင်အခံ့မဟုတ်တဲ့ နေအိမ် ၄,၀၀၀ ခန့် ပျက်စီးခဲ့ကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနမှ တာဝန်ရှိသူ ရှာဟ်ကမဲလ်က ပြောခဲ့ပါတယ်။ လူဦးရေ သန်း ၃၀ ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အနိမ့်ပိုင်း ကမ်းရိုးတန်းနေရာမှာ တည်ရှိပြီး အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းများ တိုက်ခတ်မှုကို ပုံမှန်ကြုံရလေ့ရှိပါတယ်။
(Photo: Dibyangshu Sarkar/AFP)

ပြီးခဲ့တဲ့ ၁၀ စုနှစ် အနည်းငယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်းတွေကြောင့် ဘင်္ဂလားဒေ့ရှ်မှာ လူပေါင်းသိန်းနဲ့ချီ သေဆုံးခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်က ဆိုင်ကလုန်းဆစ်ဒ်အာ (Cyclone Sidr) တိုက်ခတ်မှုကြောင့် လူ ၃,၀၀၀ ကျော် သေဆုံးခဲ့ပြီးနောက်ပိုင်း လတ်တလော နှစ်များအတွင်းမှာတော့ ဘင်္ဂလားဒေ့ရှ်အစိုးရက မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှု တိုးတက်လာခဲ့ပြီး သေဆုံးသူအရေအတွက်ကို လျှော့ချလာနိုင်ခဲ့ပါတယ်။ ယခုနှစ်မေလက ငါးနှစ်အတွင်း အားအကောင်ဆုံး ဆိုင်ကလုန်းမုန်တိုင်းဖန်နီ (Cyclone Fani) ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်တိုက်ခတ်ခဲ့ပေမဲ့ သေဆုံးသူအရေအတွက် တစ်ဒါဇင်ကျော်မျှသာရှိခဲ့ကြောင်း သိရပါတယ်။


- နောက်ဆက်တွဲသတင်းနဲ့ ကိန်းဂဏန်းအချက်အလက် အပြောင်းအလဲရှိနိုင်ပါတယ်

Share

Loading Next Article...
က္က