မေလမှာ ပြသဖျော်ဖြေလေ့ရှိတဲ့ ဆပ်ကပ်ပွဲကို ယခုနှစ်မှာတော့ COVID-19 ကြောင့် နှစ်ကြိမ်တိုင် ရွေ့ဆိုင်းခဲ့ရပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ နှစ်စဥ် ပြသလေ့ရှိတဲ့ ဆပ်ကပ်ပွဲကို COVID-19 ကူးစက်မှုအန္တရာယ်မှ ကာကွယ်နိုင်ရန် သီတင်းပတ်ကုန် ရက်များအတွင်း ကားပေါ်မှ ကြည့်ရှုရတဲ့စနစ်ဖြင့် ပြောင်းလဲကျင်းပခဲ့ပါတယ်။

(Photo: SeoulStreetArtsCreationCenter/Facebook)

ပုံမှန်အားဖြင့် မေလမှာ ပြသဖျော်ဖြေလေ့ရှိတဲ့ ဆပ်ကပ်ပွဲကို ယခုနှစ်မှာတော့ COVID-19 ကြောင့် နှစ်ကြိမ်တိုင် ရွေ့ဆိုင်းခဲ့ရပြီးနောက် ပွဲစီစဥ်သူတွေက ကားပေါ်မှ ကြည်ရှုရတဲ့စနစ်ဖြင့် ပြောင်းလဲကျင်းပခဲ့တာ ဖြစ်ပါတယ်။ "အနုပညာတွေ ဖျော်ဖြေတင်ဆက်မှုက ကပ်ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်းမှာပင် အလွန်အရေးပါပါတယ်" Seoul Street Art Creation Centre မှ မန်နေဂျာ Cho Beong-hee က ဆိုပါတယ်။



(Photo: SeoulStreetArtsCreationCenter/Facebook)

"ဒါကြောင့် ဒီပွဲကို တင်ဆက်ဖို့ ကြိုးစားရာမှာ ကွဲပြားတဲ့ စိတ်ကူးနဲ့ စီစဥ်ခဲ့ကြပြီး ဘေးအကင်းဆုံးလို့ ယူဆရတဲ့ ကားပေါ်က‌နေ ကြည့်ရှုတဲ့စနစ်ကို ရွေးခဲ့ကြတာပါ" လို့ ၎င်းက ပြောခဲ့ပါတယ်။ ဆိုးလ်မှာ ပြသဖျော်ဖြေတဲ့ ဆပ်ကပ်တစ်ပွဲလျှင် ကားအစီးရေ ၃၀ ကို စင်မြင့်ရှေ့မှာ ရပ်နားခွင့်ပြုပြီး ကားတွေပေါ်က‌‌နေ ဆပ်ကပ်ပြသဖျော်ဖြေမှုကို ကြည့်ရှုနိုင်ပါတယ်။ ဆပ်ကပ်ပွဲကို အွန်လိုင်းမှာလည်း အခမဲ့ ထုတ်လွှင့်ပြသတယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။

(Photo: SeoulStreetArtsCreationCenter/Facebook)

"ဆပ်ကပ်ပွဲကို ပြသဖျော်ဖြေဖို့ နည်းလမ်းအသစ်တွေကို ပြန်ပြီးစိတ်ကူးပုံဖော်ရ ပြန်စဥ်းစားခဲ့ရတယ်" လို့ ဆပ်ကပ်ပြသူ Lee Sung-hyung က ပြောပါတယ်။ ဆိုးလ်ဆပ်ကပ်ပွဲကို လာရောက်ကြည့်ရှုကြသူတွေက စင်မြင့်ထက်မှာ တင်ဆက်ဖျော်ဖြေနေတဲ့ ဆပ်ကပ်ပြကွက်တွေကို ကားတွေပေါ်ကနေ ကြည့်ရှုရင်း လက်ခုပ်များတီး၊ ကားဟွန်းများတီးကာ အားပေးခဲ့ကြပါတယ်။

ဆပ်ကပ်ပွဲလာရောက်ကြည့်ရှုသူ Yu Hye-jin က ဆပ်ကပ်ပွဲ ပြသဖျော်ဖြေမှုနဲ့ ကားပေါ်မှ ကြည့်ရှုရတဲ့ အစီအစဥ်ကို ကျေနပ်နှစ်သက်တယ်လို့ ဆိုပါတယ်။ "ဖျော်ဖြေတင်ဆက်မှုတွေကို ကားပေါ်ကနေ ကြည့်ရတာ မိုက်ပါတယ်၊ နောက်ကျရင်လည်း ဒါမျိုးတွေ လုပ်နိုင်တယ်လို့ ကျွန်မ ထင်ပါတယ်၊ တေးဂီတလို အခြား ဖျော်ဖြေပွဲတွေကိုလည်း ဒီလို လုပ်နိုင်တာပဲ" လို့ Yu Hye-jin က ပြောခဲ့ပါတယ်။

ကိုဗစ်ကာကွယ်ရေး အစ္စရေးနိုင်ငံရဲ့ ပထမဆုံး လှေစီးရင်းကြည့်ရတဲ့ ရုပ်ရှင်ရုံ

Share

Loading Next Article...
က္က