loading...

loading...

loading...

မတ်လ ၂၅ ရက် ညသန်းခေါင်မှစပြီး ပြည်ဝင်ခွင့်များ ပိတ်လိုက်ပါတယ်။
Ko John

ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်ဖြစ်ပွားမှု တိုက်ဖျက်ရေး အရေးပေါ်အခြေအနေ ကြေညာထားမှုအရ မတ်လ ၂၅ ရက် ညသန်းခေါင်မှစပြီး ပြည်ဝင်ခွင့်များ ပိတ်လိုက်ကြောင်း သိရပါတယ်။

(Photo: Jack Taylor/AFP)

ထိုင်းအစိုးရက ဗိုင်းရပ်စ်တိုက်ဖျက်ရေး တစ်လနီးပါးကြာမြင့်မယ့် အရေးပေါ်အခြေအနေ ကြေညာရန် အင်္ဂါနေ့ (မတ်လ ၂၄ ရက်) မှာ အတည်ပြုခဲ့ပြီး ယနေ့ (မတ်လ ၂၆ ရက်) မှာ စတင်သက်ရောက်တာဖြစ်ပါတယ်။ ယခု စီမံဆောင်ရွက်မှုဟာ ထိုင်းနိုင်ငံရဲ့ အရေးပါလှတဲ့ ခရီးသွားလုပ်ငန်းကဏ္ဍကဏ္ဍကို အကြီးအကျယ် ထိခိုက်စေပါတယ်။

ထိုင်းနိုင်ငံအတွင်း ထောင်နဲ့ချီတဲ့ ခရီးသွားများရှိနေဆဲဖြစ်ပြီး လေကြောင်းလိုင်းများ ကသောင်းကနင်းဖြစ်မှုနဲ့ ပိတ်ပင်ကန့်သတ်မှုတွေကြောင့် ၎င်းတို့ နိုင်ငံများသို့ပြန်ရန် မသေချာတဲ့ အခြေအနေ ရင်ဆိုင်နေရပါတယ်။ လူဦးရေ ၁၀ သန်းရှိတဲ့ ဘန်ကောက်မြို့မှာလည်း ဈေးဆိုင်များနဲ့ စားသောက်ဆိုင်များ ပိတ်ထားတာကြောင့် မတ်လ ၂၅ ရက်နေ့မှာ တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်လို့ ဆိုပါတယ်။

(Photo: İch Thanomsak/Anadolu Agency)

ထိုင်းရုပ်မြင်သံကြားက ထုတ်လွှင်ခဲ့တဲ့ ဗိုင်းရပ်စ်အန္တရာယ်ကင်းရေး ဆုတောင်းပွဲတစ်ခုမှာ ဘုန်းတော်ကြီးများ သုံးပေစီခွာပြီး ထိုင်နေခဲ့ကြတာတွေ့ရကြောင်း AFP သတင်းက ဖော်ပြပါတယ်။ သို့သော် ထောင်နဲ့ချီတဲ့ နိုင်ငံခြားသားတွေဟာ ဘန်ကောက်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးရုံးမှာ စုပြုံတန်းစီပြီး ဗီဇာသက်တမ်းတိုးရန် လုပ်ဆောင်နေကြတဲ့ ဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာမှာ တွေ့ရပါတယ်။

ထိုင်းနိုင်ငံ ကုန်းတွင်းပိုင်း နယ်စပ်များရှိ ဝင်ပေါက်များအားလုံးကို ပိတ်ပင်ထားမှာဖြစ်ပြီး လေကြောင်းနဲ့ ရေကြောင်းမှ ဝင်ရောက်မှုတွေကိုလည်း ရပ်ဆိုင်းထားမယ်လို့ ထိုင်းအစိုးရသတင်းဌာန Royal Gazette က မတ်လ ၂၅ ရက် ညပိုင်းမှာ ကြေညာခဲ့ပါတယ်။ သံတမန်များနဲ့ ကျန်းမာရေးကောင်းကြောင်း ထောက်ခံချက်ရရှိထားတဲ့ ထိုင်းလူမျိုးတွေကိုတော့ နိုင်ငံအတွင်း ပြန်လည် ဝင်ရောက်ခွင့်ပြုထားမယ်လို့ သိရပါတယ်။

(Photo: Jack Taylor/AFP)

အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ကာလအတွင်း လူစုလူဝေးပြုလုပ်မှုတွေကိုလည်း တားမြစ်ထားပြီး သက်ကြီးရွယ်အိုများကဲ့သို့ ဗိုင်းရပ်စ်ကူးစက်လွယ်သူတွေကို အိမ်မှာနေကြရန် ထိုင်းအာဏာပိုင်တွေက ပြောထားပါတယ်။ သို့သော် မင်္ဂလာပွဲကဲ့သို့ မိသားစုဆိုင်ရာ ပွဲတွေကိုတော့ အစိုးရက ထုတ်ပြန်ထားတဲ့ စည်းမျဥ်းစည်းကမ်းများအတိုင်း ဆက်လက် ဆောင်ရွက်နိုင်တယ်လို့ ဆိုပါတယ်။

လူအများ ထိတ်လန့်ကြောက်ရွံ့စေမယ့် သတင်းမှားများ ဖြန့်ဝေမှုကိုလည်း တားမြစ်ထားပြီး ကျူးလွန်ပါက ထောင်ဒဏ် ၂ နှစ်အထိ ပြစ်ဒဏ်ကျခံရနိုင်ကြောင်း သိရပါတယ်။ ထိုင်းမှာ COVID-19 တိုက်ဖျက်ရေး အရေးပေါ်အခြေအနေကို ဧပြီ ၃၀ ရက်နေ့အထိ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ မတ်လ ၂၅ ရက် ညပိုင်းအထိ စာရင်းတွေအရ ထိုင်းနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၃၄ ဦး၊ ပြန်လည်သက်သာလာသူ ၇၀ ဦးရှိပြီး ၄ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က