ဧပြီ ၃ ရက်နေ့မှာ စတင်သက်ရောက်မှာ ဖြစ်ပါတယ်။

ထိုင်းမှာ COVID-19 ကူးစက်ဖြစ်ပွားမှု ထိန်းချုပ်ဟန့်တားရန် တစ်နိုင်ငံလုံး သတ်မှတ်ချိန်အတွင်း ညမထွက်ရအမိန့်တစ်ရပ် ထုတ်ပြန်ကြေညာသွားမယ်လို့ သိရပါတယ်။

(Photo: Reuters)

ယနေ့ (ဧပြီ ၂ ရက်) ကြေညာလိုက်တဲ့အမိန့်ဟာ ဧပြီ ၃ ရက်နေ့မှာ စတင်သက်ရောက်မှာဖြစ်ပြီး ထိုင်းတစ်နိုင်ငံလုံး ည ၁၀ နာရီမှ မနက် ၄ နာရီအထိ အိမ်ပြင်မထွက်ရန် တားမြစ်ပိတ်ပင်ကြောင်း ထိုင်းအစိုးရက ပြောပါတယ်။ ယခု ညမထွက်ရအမိန့်က ဆေးဝါးပစ္စည်းသယ်ယူပို့ဆောင်မှု၊ သီးခြားခွဲထားမယ့် လူများကိုရွှေ့ပြောင်းမှု၊ လူနာနဲ့ ဆေးဘက်ဝန်ထမ်းများ ခရီးသွားလာမှုတွေကို ချွင်းချက်အဖြစ် ခွင့်ပြုထားမယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။



(Photo: Reuters)

"ဝန်ကြီးချုပ်က ဒီနေ့ (ဧပြီ ၂ ရက်) ညနေ ၆ နာရီမှာ နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ကြေညာချက်ထုန်ပြန်သွားပါမယ်" လို့ လက်ထောက်ပြောခွင့်ရ အမျိုးသမီး Ratchada Thanadirek သတင်းဌာနကို ဖုန်းဖြင့်ပြောကြားပါတယ်။ ထိုင်းနိုင်ငံမှာ ဧပြီ ၁ ရက်နေ့က ဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ် ၁၀၄ ဦး တိုးလာခဲ့ပြီးနောက် ယခု ညမထွက်ရအမိန့်ကို ထုတ်ပြန်မှာလည်းဖြစ်ပါတယ်။ ယနေ့ ညနေပိုင်းအထိ ထိုင်းမှာ COVID-19 ကူးစက်ခံရသူ ၁,၈၇၅ ဦးရှိပြီး သေဆုံးသူ ၁၅ ဦးအထိ မြင့်တက်လာခဲ့ကြောင်းနဲ့ ပြန်လည်သက်သာသူ ၅၀၅ ဦးရှိခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က