ရဲတပ်ဖွဲ့က ပတ္တယားမြို့အနှံ့ ပိုက်စိပ်တိုက်ရှာဖွေနေကြပါတယ်။

ထိုင်းနိုင်ငံမှာ အမေရိကန်တစ်ဦး အပါအဝင် မူးယစ်ဆေးဝါး သံသယတရားခံ သုံးဦးက ရဲအရာရှိကို သေနတ်ဖြင့်ပစ်ခတ်၊ ဓားဖြင့်ထိုးပြီး တရားရုံးတစ်ရုံးကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

(ရဲအရာရှိကို ပစ်ခတ်ခဲ့သည့် CCTV မှတ်တမ်းပုံရိပ်တစ်ခု) (Photo: The Nation)

ပတ္တယားမြို့ တရားရုံးကနေ ပစ်ကပ်ထရပ်ကားတစ်စီးဖြင့် ထွက်ပြေးသွားတဲ့ မူးယစ်ဆေးဝါး သံသယတရားခံသုံးဦး လွတ်မြောက်နေခဲ့တာ ၂၄ နာရီကျော်ကြပြီလို့ ထိုင်းရဲတပ်ဖွဲ့က AFP သတင်းဌာနကို ယနေ့ (နိုဝင်ဘာ ၅ ရက်) နှောင်းပိုင်းမှာ ပြောပါတယ်။ ရဲအရာရှိတွေက ပတ္တယားမြို့အနှံ့ ၎င်းတို့ကို ပိုက်စိပ်တိုက်ရှာဖွေနေကြပါတယ်။



ပတ္တယားမြို့ဟာ ဘန်ကောက်မြို့ အရှေ့တောင်ဘက်မှာရှိပြီး ကားဖြင့် နှစ်နာရီကြာ သွားရောက်ရပြီး ထင်ရှားတဲ့ အပန်းဖြေကမ်းခြေမြို့ ဖြစ်ပါတယ်။ "သူတို့ အဖမ်းမခံဘဲ ပြန်ခုခံခဲ့မယ်ဆိုရင် ပြတ်ပြတ်သားသား ရဲအရာရှိတွေက ပြတ်ပြတ်သားသား ဆောင်ရွက်သွားရမှာပါ" လို့ ထိုင်းရဲတပ်ဖွဲ့ ပြောခွင့်ရအမျိုးသား Krissana Pattanacharoen က ပြောပါတယ်။

(Bart Allen Helmus နဲ့ ထိုင်းလူမျိုးဇနီး Sirinapa Wisetrit) (Photo: ViralPress)

တရားရုံးကနေ ထွက်ပြေးလွတ်မြောက်သွားသူတွေမှာ အသက် ၃၉ နှစ်အရွယ် အမေရိကန်အမျိုးသား Bart Allen Helmus နဲ့ ၎င်းရဲ့ အသက် ၃၁ နှစ်အရွယ် ထိုင်းလူမျိုးဇနီးဖြစ်သူ Sirinapa Wisetrit နဲ့ အသက် ၄၁ နှစ်အရွယ် ထိုင်းအမျိုးသား Noi Ton Nilthes တို့ဖြစ်ကြောင်း Bangkok Post က တရားရုံးမှတ်တမ်းတွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။

အဆိုပါ စုံတွဲကို တရားရုံးက အမိန့်မချမှတ်ရပေမဲ့ ၎င်းတို့ဟာ မူးယစ်ဆေးဝါးကုန်သွယ်မှုဖြင့် သေဒဏ်ကျနိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ ထိုင်းရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်ရဲ့ အဆိုအရ ထွက်ပြေးလွတ်မြောက်နေသူတွေရဲ့ ဆွေမျိုးတွေက ၎င်းတို့ကို ဆက်သွယ်ခဲ့ပြီး အသာတကြည် လက်နက်ချ အဖမ်းခံရန်နဲ့ ပြန်ခုခံခြင်းမပြုရန် ဖျောင်းဖျတိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

(ရဲအရာရှိကို ဆေးရုံပို့ရန် ပြင်ဆင်နေစဥ်) (Photo: ViralPress)

၎င်းတို့သုံးဦးအနက် ထိုင်းအမျိုးသားဟာ သေနတ်တစ်လက်နဲ့ ဓားတစ်ချောင်းကို တစ်နည်းနည်းဖြင့် ရရှိသွားခဲ့ပြီးနောက် ရဲအရာရှိကို တိုက်ခိုက်ကာ သုံးဦးလုံး ထွက်ပြေးသွားကြတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ တိုက်ခိုက်ခံရတဲ့ ရဲအရာရှိကတော့ ယခုအခါ ဒဏ်ရာသက်သာလာပြီလို့ သိရပါတယ်။ ထိုင်းနိုင်ငံဟာ မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ အဓိက ဖြတ်သန်းသယ်ဆောင်ရာ လမ်းကြောင်းနေရာတစ်ခု ဖြစ်နေပါတယ်။

(Noi Ton Nilthes နှင့် Sirinapa Wisetrit) (Photo: KhaosodEnglish)

ဒေသတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှုအများအပြားကို မြန်မာ၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့ နယ်နမိတ်ထိစပ်နေတဲ့ နာမည်ကြီး ရွှေတြိဂံနယ်မြေမှာ လုပ်ဆောင်ကြပါတယ်။ ထိုင်းလေဆိပ်တွေမှာ မူးယစ်ဆေးဝါး ဖမ်းဆီးရမှုသတင်းတွေ မကြာခဏ ကြားသိရပါတယ်။ ကိုကင်းပမာဏ ၁.၂ ကီလိုဂရမ် ပါဝင်တဲ့ အိတ်တွေကို မျိုချထားတဲ့ ကင်ညာအမျိုးသမီးတစ်ဦးကို စနေနေ့ (နိုဝင်ဘာ ၂ ရက်) က ဖမ်းဆီးခဲ့ကြောင်းလည်း ထိုင်းရဲတပ်ဖွဲ့က ယနေ့ ပြောကြားခဲ့ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က