လတ်တလော အကျဥ်းကျခံရတဲ့ အမျိုးသားတစ်ဦးထံမှာ ကူးစက်မှုတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
Ko John

ထိုင်းနိုင်ငံ COVID-19 ပြည်တွင်းကူးစက်မှုကို ရက်ပေါင်း ၁၀၀ ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည်တွေ့ရှိလာရကြောင်း ယနေ့ (စက်တင်ဘာ ၃ ရက်) ထုတ်ပြန်မှုအရ သိရှိရပါတယ်။

(Photo: Reuters)

ဘန်ကောက်မြို့ရှိ အကျဥ်းထောင်မှာ လတ်တလော အကျဥ်းကျခံရတဲ့ အမျိုးသားတစ်ဦးထံမှာ ကူးစက်မှုတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် ထိုအမျိုးသားထံမှာ COVID-19 ကူးစက်ခံထားရကြောင်းကို ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၂ ရက်) မှာ ပြုလုပ်ခဲ့တဲ့ အပတ်စဥ် စစ်ဆေးမှုအတွင်း တွေ့ရှိခဲ့ရကြောင်း အကျဥ်းထောင်များဌာနက ထုတ်ပြန်ချက်မှာ ပြေထားပါတယ်။

ရောဂါကူးစက်ခံထားရတဲ့ အမျိုးသားဟာ ပြည်ပခရီးသွားရာဇဝင် မရှိသလို အတည်ပြုလူနာနဲ့လည်း ထိတွေ့မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။ ၎င်းကို မူးယစ်ဆေးဝါးမှုဖြင့် ဩဂုတ် ၂၆ ရက်နေ့မှာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း AP သတင်းဌာနက ပြောပါတယ်။ နိုက်ကလပ်တစ်ခုမှ DJ ဟောင်းဖြစ်သူ အမျိုးသားကို ဆေးရုံတင်ထားပြီး ၎င်းနဲ့ ထိတွေ့မှုရှိခဲ့တဲ့ အကျဥ်းသားတွေကို သီးခြားခွဲထားတယ်လို့ သိရပါတယ်။

(Photo: Pattaya News)

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ သုံးလအတွင်း COVID-19 ကူးစက်မှုအားလုံးဟာ ပြည်ပမှဝ င်ရောက်လာသူတွေဖြစ်ပြီး အသွားအလာ ကန့်သတ်ထားရှိစဥ် တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက နိုင်ငံမှာ ရက်ပေါင်း ၁၀၀ ကြာ COVID-19 ပြည်တွင်းကူးစက်မှု မတွေ့ရှိရတဲ့ အောင်မြင်မှုရရှိခဲ့ခြင်းအတွက် ယမန်နေ့မှာ ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ပြည်တွင်းကူးစက်မှုကို မေ ၂၄ ရက်နေ့က နောက်ဆုံး တွေ့ရှိထားခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ ဇန်နဝါရီလအတွင်း တရုတ်ပြည်မကြီး ပြင်ပမှာ ပထမဆုံး COVID-19 ကူးစက်မှုတွေ့ရတဲ့ နိုင်ငံဖြစ်ပေမဲ့ အခြားနိုင်ငံတွေနဲ့ နှိုင်းယှဥ်ပါက ကျန်းမာရေးထိခိုက်ဆုံးရှုံးမှု သက်သာခဲ့ပါတယ်။ သို့သော် စီးပွားရေးမှာတော့ နိုင်ငံခြားသား ခရီးသွားများ လာရောက်မှုမရှိတာကြောင့် အကြီးအကျယ် ထိခိုက်နစ်နာခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က