သုံးလကျော်အတွင်း ပထမဆုံး ပြန်တွေ့လာရတဲ့ ပြည်တွင်းကူးစက်လူနာနဲ့ ထိတွေ့ခဲ့သူတွေ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ သုံးလကျော်အတွင်း ပထမဆုံး ပြန်လည်တွေ့ရှိခဲ့ရတဲ့ COVID-19 ပြည်တွင်းကူးစက်လူနာနဲ့ ထိတွေ့နိုင်ခဲ့သူ ၆၀၀ နီးပါးရှိခဲ့ပြီး ၎င်းတို့ကို ဗိုင်းရပ်စ်စစ်ဆေးခဲ့ကြောင်း၊ သို့သော် နောက်ထပ် ကူးစက်မှု မတွေ့ရဘူးလို့ တာဝန်ရှိသူတွေက ယနေ့ (စက်တင်ဘာ ၉ ရက်) ပြောပါတယ်။

(Photo: Reuters)

ထိုင်းမှာ ပြန်တွေ့လာရတဲ့ ပြည်တွင်းကူးစက်မှု လူနာဟာ အသက် ၃၇ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ၎င်းထံမှာ COVID-19 ရှိကြောင်း မတွေ့ရှိရမီ ဘန်ကောက်မြို့ရှိ မတူညီတဲ့နေရာသုံးခုမှာ နိုက်ကလပ် DJ အဖြစ် အလုပ်လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။ ထို့နောက် ၎င်းဟာ မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်နေတဲ့ အမှုတစ်ခုဖြင့် ပြစ်ဒဏ်ချမှတ်ခံရပြီး ထောင်ကျခဲ့ပါတယ်။



ထောင်နဲ့မှာ အပတ်စဥ် ကျန်းမာရေးစစ်ဆေးခဲ့ရာမှာ ထိုအမျိုးသားထံမှာ COVID-19 ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ ထို့နောက် အမှုကို ကြားနာစစ်ဆေးခဲ့တဲ့ တရားရုံး အပါအဝင် နိုက်ကလပ်နဲ့ စူပါမတ်ကက်များရှိရာ နေရာ ၁၂ ခုမှ ၎င်းနဲ့ထိတွေ့မှုရှိနိုင်ခဲ့ပြီး ကူးစက်ခံရနိုင်ခြေရှိသူ ၅၆၉ ဦးကို ဗိုင်းရပ်စ်စစ်ဆေးခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။



(Photo: EPA-EFE)

ထိုသို့ စစ်ဆေးခဲ့ရာမှာ အားလုံးဟာ COVID-19 မရှိကြောင်း အဖြေထွက်ခဲ့ပြီး ၃၂ ဦးရဲ့ အဖြေတွေကိုတော့ စောင့်ဆိုင်းနေဆဲလို့ ဆိုပါတယ်။ ကျန်းမာရေးအာဏာပိုင်တွေက အခြား ကူးစက်ခံရနိုင်ခြေနည်းသူ ၄၀၀ ကိုလည်း နေအိမ်မှာ ၁၄ ရက်ကြာ အသွားအလာ ကန့်သတ်နေထိုင်ရန် ညွှန်ကြားထားကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

ထိုင်းမှာ ပြန်တွေ့လာရတဲ့ COVID-19 ပြည်တွင်းကူးစက်လူနာ အမျိုးသားဟာ မည်သို့ ကူးစက်ခံခဲ့ရကြောင်း မသိနိုင်သေးဘဲ ပဟေဠိဖြစ်နေပါတယ်။ ၎င်းမတိုင်မီ ထိုင်းမှာတွေ့ရတဲ့ ကူးစက်မှုတွေဟာ အသွားအလာကန့်သတ်ထားရှိသူတွေနဲ့ နိုင်ငံခြားမှ ပြန်လည်ရောက်ရှိလာသူတွေထံမှာသာ တွေ့ရှိထားခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ယနေ့အထိ COVID-19 ကူးစက်ခံရသူ ၃,၄၄၇ ဦး၊ သေဆုံးသူ ၅၈ ဦးနဲ့ ပြန်လည်သက်သာသူ ၃,၂၈၆ ဦးရှိကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က