ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်သတိပေးချက်ကို WHO က အမြင့်ဆုံး သတ်မှတ်ထားပါတယ်။

ထိုင်းနဲ့ ဩစတြေးလျ နိုင်ငံတွေမှာ COVID-19 ဗိုင်းရပ်စ်ကြောင့် ပထမဆုံး သေဆုံးမှုတွေ ရှိလာပါတယ်။

(Photo: Xinhua)

ထိုင်းနိုင်ငံမှာ သေဆုံးခဲ့တဲ့ အမျိုးသားဟာ သွေးလွန်တုပ်ကွေးနဲ့ COVID-19 ရောဂါ ဖြစ်ပွားနေသူဖြစ်ကြောင်း ရောဂါထိန်းချုပ်ရေးဌာန အထွေထွေညွှန်ကြားရေး Suwanchai Wattanayingcharoen က ယနေ့ (မတ်လ ၁ ရက်) ပြောပါတယ်။ အသက် ၃၅ နှစ်အရွယ် ထိုအမျိုးသားဟာ ထိုင်းနိုင်ငံမှာ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် ပထမဆုံး သေဆုံးသူလည်း ဖြစ်လာခဲ့ပါတယ်။



"လူနာက ရောဂါနှစ်ခုကြောင့် သေဆုံးသွားခဲ့တာပါ၊ သူက ပထမက သွေးလွန်တုပ်ကွေး ဖြစ်ပါတယ်၊ ပြီးတော့ COVID-19 လည်း ဖြစ်ခဲ့ပါတယ်၊ ဒီလို ကူးစက်ရောဂါနှစ်ခု ပေါင်းသွားတဲ့အခါ ကုသရေးမှာ ရှုပ်ထွေးမှုတွေ ဖြစ်လာစေပါတယ်" လို့ ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Thaweesilp Wisanuyothin က ပြောပါတယ်။

(Photo: Romeo GACAD/AFP)

"တစ်လနီးပါးကြာ ကုသခဲ့ပြီးနောက် သူ့ရဲ့အဆုတ်က ယိုယွင်းပျက်စီးနေခဲ့ပါတယ်၊ ပြီးတော့ သူ့ရဲ့နှလုံးနဲ့ အခြား ကိုယ်တွင်းအင်္ဂါတွေကလည်း ကောင်းကောင်း အလုပ်မလုပ်တော့ပါဘူး၊ ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးမှုကြောင့် သေဆုံးသွားခဲ့ပါတယ်" လို့ Suwanchai က ရှင်းပြပါတယ်။ မတ်လ ၁ ရက် ညနေပိုင်းအထိ စာရင်းတွေအရ ထိုင်းနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၂ ဦးရှိပြီး ၁ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ထိုင်းမှာကဲ့သို့ပင် ဩစတြေးလျနိုင်ငံမှာလည်း COVID-19 ဗိုင်းရပ်စ်ကြောင့် ပထမဆုံး သေဆုံးမှုရှိလာခဲကြောင်း သိရပါတယ်။ ဩစတြေးလျမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့သူဟာ ဂျပန်နိုင်ငံ ယိုကိုဟားမားဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ Diamond Princess အပျော်စီးသင်္ဘောပေါ်ကနေ ပြန်လည် ခေါ်ဆောင်လာခဲ့သူ အသက် ၇၈ နှစ်အရွယ် အမျိုးသားဖြစ်ပါတယ်။



(Photo: AFP)

၎င်းဟာ ပါ့သ်မြို့ရှိ ဆေးရုံတစ်ရုံမှာ ကုသမှုခံယူနေရင်း ယနေ့ (မတ်လ ၁ ရက်) သေဆုံးသွားခဲ့ပြီး ဩစတြေးလျမှာ COVID-19 ဗိုင်းရပ်စ်ကြောင့် ပထမဆုံး သေဆုံးသူလည်း ဖြစ်လာပါတယ်။ သေဆုံးသွားတဲ့ အမျိုးသားရဲ့ အသက် ၇၉နှစ်အရွယ် ဇနီးသည်ဟာလည်း Diamond Princess အပျော်စီးသင်္ဘောပေါ်မှာရှိနေစဥ် ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး ပါ့သ်မြို့ ဆေးရုံတစ်ရုံမှာ ကုသမှုခံယူနေရဆဲဖြစ်ကြောင်း အနောက်ပိုင်းဩစတြေးလျပြည်နယ် ကျန်းမာရေးဌာနက AFP သတင်းဌာနကို ပြောပါတယ်။

(Photo: Reuters)

အဆိုပါ ဇနီးမောင်နှံဟာ Diamond Princess အပျော်စီးသင်္ဘောမှ ပြန်လည်ခေါ်ဆောင်ခဲ့တဲ့ ဩစတြေးလျနိုင်ငံသား ၁၆၀ အနက် ပါဝင်ခဲ့ပြီး ၎င်းတို့နှစ်ဦးဟာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတာလည်း ဖြစ်ပါတယ်။ မတ်လ ၁ ရက် ညနေပိုင်းအထိ ဩစတြေးလျနိုင်ငံမှာ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၆ ဦး စစ်ဆေးတွေ့ရှိထားပြီး ၁ ဦး သေဆုံးခဲ့ပါတယ်။

မတ်လ ၁ ရက် ညနေပိုင်းအထိ နိုင်ငံအသီးအသီးက ထုတ်ပြန်ထားတဲ့ တရားဝင် စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၇,၁၀၈ ဦးရှိလာပြီး သေဆုံးသူအရေအတွက် ၂,၉၇၉ ဦးအထိ မြင့်တက်လာပါတယ်။ မတ်လ ၁ ရက် ညနေပိုင်းအထိ ကမ္ဘာတစ်ဝှမ်း ဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြန်လည်သက်သာလာသူ အရေအတွက် ၄၂,၅၇၆ ဦးရှိခဲ့ကြောင်း သိရပါတယ်။



(Pho

to: Reuters)


ယမန

နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိရတဲ့ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တစ်ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်သတိပေးချက်ကို အမြင့်ဆုံးအဆင့်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဖေဖေါ်ဝါရီ ၂၈ ရက်မှာ တိုးမြှင့်သတ်မှတ်ထားပါတယ်။


ယခုရက်ပိုင်းအတွင်း COVID-19 ဗိုင်းရပ်စ်ကူးစက်မှုတွေဟာ စတင်တွေ့ခဲ့ရာ တရုတ်ပြည်မကြီးမှာထက် တောင်ကိုရီးယား၊ အီတလီ၊ အီရန်ကဲ့သို့ တရုတ်ပြင်ပ နေရာဒေသတွေမှာ သိသိသာသာ မြင့်တက်လာခဲ့ကြောင်းလည်း သိရပါတယ်။

Share

Loading Next Article...
က္က