လစဥ် ဝန်ဆောင်ခတွေနဲ့ လူနေမှုစရိတ်တွေအတွက် သုံးစွဲနေရပါတယ်။
Ko John

အသက် ၁၈ နှစ်မှ ၆၅ နှစ်အရွယ် ထိုင်းနိုင်ငံသား ထက်ဝက်နီးပါးဟာ ဝင်ငွေအားလုံးကို လစဥ်ဝန်ဆောင်ခတွေနဲ့ နေထိုင်မှုကုန်ကျစရိတ်များအတွက် ပြန်သုံးနေရပြီး စုဆောင်းနိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။

(Photo: Thai Residents)

GoBear နိုင်ငံတကာဘဏ္ဍာရေးဆိုင်ရာ နှိုင်းယှဥ်မှုဝက်ဘ်ဆိုက်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုစစ်တမ်းအရ လစဥ် ရသမျှဝင်ငွေကို ပြန်သုံးစွဲနေရတဲ့ အမြင့်ဆုံး လူဦးရေရာခိုင်နှုန်းဟာ ၅၃ ရာခိုင်နှုန်းဖြစ်ပြီး အသက် ၃၆ နှစ်မှ ၄၅ နှစ်ကြားအရွယ်တွေ ဖြစ်တယ်လို့ဆိုပါတယ်။

အသက် ၂၆ နှစ်မှ ၃၅ နှစ်နဲ့ ၅၆ နှစ်မှ ၆၅ နှစ်ကြားအရွယ် အုပ်စုတွေအနက် ၅၁ ရာခိုင်နှုန်းကတော့ ၎င်းတို့ဟာ လစဥ် ဝန်ဆောင်ခတွေနဲ့ လူနေမှုစရိတ် ကုန်ကျမှုတွေကို ကာမိရုံမျှသာ ဝင်ငွေရရှိကြကြောင်း ပြောကြပါတယ်။

လေ့လာမှုစစ်တမ်းမှာ ပါဝင်ခဲ့သူတွေရဲ့ ဖြေကြားမှုအရ ထိုင်းနိုင်ငံသား အများအပြားဟာ အသက် ၅၃ နှစ်အရွယ်မှာ အလုပ်မှအငြိမ်းစားယူလိုကြကြောင်း၊ သို့သော် အများစုဟာ လက်တွေ့မှာ ထိုသို့ အငြိမ်းစားယူရန် စုဆောင်းထားတဲ့ ငွေကြေဥစ္စာမရှိကြဘူးလို့ ဆိုပါတယ်။

(Image: Sanook)

ထိုင်းပြည်သူတွေဟာ လစဥ် ငွေပြတ်လေ့ရှိပြီး ၎င်းတို့ရဲ့ ပေးချေရမယ့်ငွေအတွက် ဝင်ငွေကို အချိန်မှန်ပြန်ထုတ်ယူသုံးစွဲနေရကြောင်း ငွေဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်း ME by TMB မှ ဘင်ဂျရောင်းဆူဗန်းန်ကီရီက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ငွေကြေးပြဿနာ ရင်ဆိုင်ဖြေရှင်းနေရတဲ့ လူဦးရေဟာ အင်ဒိုနီးရှား အပါအဝင် အရှေ့တောင်အာရှမှ အခြား နိုင်ငံအားလုံးနီးပါးထက် ပိုများနေကြောင်း သိရတယ်။

GoBear ရဲ့ တွေ့ရှိချက်အရ ထိုင်းနိုင်ငံသား အများစုက အသက် ၅၃ နှစ်အရွယ်မှာ အလုပ်မလုပ်တော့ဘဲ အငြိမ်းစားယူလိုကြောင်း ပြောနေကြပေမဲ့ ၁၅ ရာခိုင်နှုန်းဟာ အလုပ်မရှိတော့ပါက သုံးစွဲရန် ငွေစုဆောင်းမှုနဲ့ အငြှိမ်းစားယူပြီးနောက် သုံးစွဲရန်ငွေ မရှိကြဘူးလို့ ဆိုပါတယ်။

(Photo: The Thaiger)

ထိုင်းနိုင်ငံသားတွေ အငြိမ်းစားယူလိုကြတဲ့ အသက်အရွယ်ဟာ ဟောင်ကောင်၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားကဲ့သို့ အခြား အာရှဒေသနိုင်ငံများမှ နိုင်ငံသားတွေ အငြိမ်းစားယူလိုကြတဲ့ အသက်ထက်လည်း ပိုငယ်နေပါတယ်။ Thai Residents ဝက်ဘ်ဆိုက်က ဖော်ပြထားမှုအရ ထိုင်းနိုင်ငံသားတွေဟာ အများအားဖြင့် စုဆောင်းမှု သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုကို အခြား အာရှနိုင်ငံများမှ နိုင်ငံသားတွေထက် များစွာနောက်ကျပြီး လုပ်ဆောင်လေ့ရှိကြကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က