loading...

loading...

loading...

ပထမဆုံး လက်ပစ်ပုံးတစ်လုံး ပေါက်ကွဲခဲ့ပါတယ်။
Ko John

ထိုင်းနိုင်ငံတောင်ပိုင်း ယာလာပြည်နယ်ရှိ အစိုးရအဆောက်အအုံတစ်ခု အပြင်ဘက်မှာ ဗုံးနှစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၁၈ ဦး ဒဏ်ရာရခဲ့ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

(Photo: Reuters)

ယာလာပြည်နယ်ရှိ တောင်ပိုင်းနယ်စပ်ပြည်နယ်များ အုပ်ချုပ်ရေးဌာန (Southern Border Provinces Administrative Center - SBPAC) ရှေ့မှာ ယနေ့ (မတ်လ ၁၇ ရက်) ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ SBPAC ဟာ မလေး-မွတ်စလင်မ်အများစု နေထိုင်ကြတဲ့ နာရတ်သီဝတ်၊ ပတ်တာနီနဲ့ ယာလာ ပြည်နယ်သုံးခုကို စီမံအုပ်ချုပ်ရေး ဆောင်ရွက်နေတဲ့ဌာနလည်း ဖြစ်ပါတယ်။

အဆိုပါ ပြည်နယ်များအတွင်း ၂၀၀၄ ခုနှစ်ကတည်း လက်နက်ကိုင်ပုန်ကန်မှုတွေ ဖြစ်ပွားနေခဲ့ပြီး လူ ၇,၀၀၀ ဝန်းကျင် သေဆုံးခဲ့ပါတယ်။ ဗုံးပေါက်ကွဲမှုဖြစ်ပွားချိန်မှာ SBPAC က COVID-19 ဗိုင်းရပ်စ်ကူးစက်မှုကို ဒေသတွင်း ကိုင်တွယ်ဆောင်ရွက်ရေး အစည်းအဝေး ပြုလုပ်နေခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

"ပထမဆုံးဗုံးက SBPAC ရုံး ခြံစည်းရိုးအပြင်ဘက် နေရာကို လက်ပစ်ဗုံးတစ်လုံး ပစ်ခဲ့တာဖြစ်ပြီး လူတွေကို အပြင်ထွက်လာအောင် လုပ်ခ့တာပါ၊ အဲဒီနောက်မှာ ပထမဗုံးပေါက်ကွဲတဲ့ နေရာကနေ ၃၃ ပေလောက်အကွာမှာ ကားဗုံးတစ်လုံး ပေါက်ကွဲခဲ့ပါတယ်" လို့ ဒေသဆိုင်ရာ စစ်တပ်ပြောခွင့်အမျိုးသား ဗိုလ်မှူးကြီးပရာမိုတီပရွမ်အင်က Reuters သတင်းဌာနကို ပြောပါတယ်။

"ပစ်ကပ်ထရပ်ကားတစ်စီးအောက်မှာ ဗုံးတပ်ဆင်ထားပြီး ဖောက်ခွဲသူတွေက SBPAC ခြံစည်းရိုးအနီးမှာ ရပ်ထားခဲ့တာ ဖြစ်ပါတယ်၊ ဗုံးပေါက်ကွဲမှုကြောင့် ၁၈ ယောက် ဒဏ်ရာရခဲ့ပြီး သေဆုံးသူမရှိခဲ့ပါဘူး" လို့ ၎င်းက ဖြည့်စွက်ပြောခဲ့ပါတယ်။ ကားဗုံးပေါက်ကွဲမှုဟာ ပထမ လက်ပစ်ဗုံးပေါက်ပြီးနောက် ၁၀ မိနစ်မျှအကြာမှာ ဖြစ်ပွားခဲ့ကြေင်း သိရပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူတွေအနက် သတင်းထောက်ငါးဦး၊ ရဲအရာရှိငါးဦး၊ စစ်သားနှစ်ဦးနဲ့ အခြား အနီးအနားမှာရှိနေသူတွေ ပါဝင်ခဲ့ကြောင်း ပရာမိုတီက ပြောပါတယ်။ 


loading...

က္က