ထိုင်းနိုင်ငံတောင်ပိုင်းမှာ ခွဲထွက်ရေးသမား သောင်းကျန်းသူများဖြစ်ကြောင်း သံသယရှိရသူတွေက လုံခြုံရေးကင်းစခန်းတစ်ခုကို စီးနင်းတိုက်ခိုက်ခဲ့မှုအတွင်း ရဲအရာရှိတစ်ဦးနဲ့ ကျေးရွာလုံခြုံရေး ပါဝင်ဆောင်ရွက်နေတဲ့ ရွာသားများ အပါအဝင် ၁၅ ဦး သေဆုံးခဲ့ကြောင်း လုံခြုံရေးတာဝန်ရှိသူတွေက ယနေ့ (နိုဝင်ဘာ ၆ ရက်) ပြောပါတယ်။
(Photo: Reuters)
ယမန်နေ့ (နိုဝင်ဘာ ၅ ရက်) ညနှောင်ပိုင်းက ယာလာပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုအတွင်း သောင်းကျန်းသူတွေက ဖောက်ခွဲရေးပစ္စည်များ အသုံးပြုခဲ့ပြီး ၎င်းတို့နောက်ကိုလိုက်သူတွေ အခက်အခဲဖြစ်စေရန် လမ်းမတွေပေါ် သံများဖြန့်ကျဲချထားခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်း လူလေးဦး ဒဏ်ရာရခဲ့ကြောင်းလည်း သိရပါတယ်။
(Photo: Reuters)
(Photo: AFP/Getty Images)
"ဒီတိုက်ခိုက်မှုက ခွဲထွက်ရေးလှုပ်ရှားနေတဲ့ သောင်းကျန်းသူတွေ လက်ချက်ဖြစ်ဖွယ်ရှိပါတယ်၊ ဒါက လတ်တလော တိုက်ခိုက်မှုတွေထဲမှာ အကြီးဆုံးတိုက်ခိုက်မှုတစ်ခု ဖြစ်ပါတယ်" လို့ ဒေသဆိုင်ရာလုံခြုံရေး ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး Pramote Prom-in က Reuters သတင်းဌာနကို ပြောပါတယ်။ လက်ရှိအချိန်အထိ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုမှု မရှိသေးဘူးလို့ ဆိုပါတယ်။