တိုင်ဖွန်းမုန်တိုင်းရဲ့ အမြင့်ဆုံး လေတိုက်နှုန်းဟာ တစ်နာရီလျှင် ၇၈ မိုင် ရှိလာနိုင်ပါတယ်။

ထိုင်ဝမ်ကို တိုင်ဖွန်းမုန်တိုင်းဘိုင်လု ဦးတည်လာမှုကြောင့် ယနေ့ (သြဂုတ် ၂၃ ရက်) ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။

(ထိုင်ဝမ် Taoyuan လေဆိပ်) (Photo: AFP)

တိုင်ဖွန်းဘိုင်လု (Typhoon Bailu) ဝင်ရောက်မယ့်အခြေအနေကြောင့် ထိုင်ဝမ်မှာ ပြည်တွင်းလေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းထားပြီး ရေကြီးမှုနဲ့ မုန်တိုင်းဒီရေ မြင့်တက်နိုင်ကြောင်း သတိပေးချက်များ ထုတ်ပြန်ထားပါတယ်။ ယခုမုန်တိုင်းဟာ ထိုင်ဝမ်အရှေ့တောင်ဘက် ကမ်းရိုးတန်းကို စနေနေ့ (သြဂုတ် ၂၄ ရက်) အစောပိုင်းမှာ ချဉ်းကပ်လာနိုင်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။



လက်ရှိမှာ တိုင်ဖွန်းဘိုင်လုက တစ်နာရီလျှင် ၁၅ မိုင်နှုန်းဖြင့် အနောက်မြောက်ဘက်ကို ရွေ့လျားနေတယ်လို့ ဆိုပါတယ်။ တိုင်ဖွန်းမုန်တိုင်းရဲ့ အမြင့်ဆုံး လေတိုက်နှုန်းဟာ ထိုင်ဝမ်ကို ချဉ်းကပ်စဉ်မှာ တစ်နာရီလျှင် ၇၈ မိုင် ရှိလာနိုင်ကြောင်းလည်း မိုးလေဝသဌာနက ပြောထားပါတယ်။

(တိုင်ဖွန်းဘိုင်လု လမ်းကြောင်းပြမြေပုံ) (Map: Weather Underground)

မုန်တိုင်းအန္တရာယ်ရှိတာကြောင့် ထိုင်ဝမ်အရှေ့ဘက်ကမ်းရိုးတန်းရှိ ကမ္ဘာလှည့်ခရီးသည် အများစုအပါအဝင် လူဦးရေ ထောင်နဲ့ချီပြီး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ပါတယ်။ ဒါဇင်နဲ့ချီတဲ့ ပြည်တွင်းလေကြောင်းခရီးစဉ်တွေနဲ့ ကူးတို့သင်္ဘောခရီးတွေကိုလည်း ဖျက်သိမ်းထားပြီး ရေကြီးမှုဖြစ်နိုင်တဲ့ တောင်ပိုင်းဒေသမှာ ထိုင်ဝမ်တပ်ဖွဲ့ဝင် ၃၄,၀၀၀ ခန့်ကို အသင့်ချထားကြောင်းလည်း သိရပါတယ်။

ထိုင်ဝမ်အရှေ့တောင်မှာ လေပြင်းတိုက်မှုနဲ့ မိုးသည်းထန်မှုတွေ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ တိုင်ဖွန်းဘိုင်လုဟာ ထိုင်ဝမ်ကိုဖြတ်ကျော်ပြီးနောက် ထိုင်ဝမ်ရေလက်ကြားမှတစ်ဆင့် တရုတ်နိုင်ငံ ဖူဂျီအန်းပြည်နယ်ကို ဆက်လက် ဝင်ရောက်မယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။

(တိုင်ပေမှာ အပျော်စီးလှေငယ်များကို ကမ်းကပ်ထားစဉ်) (Photo: EPA-EFE)

ထိုင်ဝမ်၊ ဖိလစ်ပိုင်နဲ့နဲ့ ဂျပန်နိုင်ငံတို့ကို နှစ်စဉ် ဒုတိယနှစ်ဝက်အတွင်း တိုင်ဖွန်းမုန်တိုင်းများ ပုံမှန် ဝင်ရောက်တိုက်ခတ်လေ့ရှိပါတယ်။ ထိုင်ဝမ်မှာ ၂၀၀၉ ခုနှစ်က တိုင်ဖွန်းမုန်တိုင်း မိုရာကော့တ် (Typhoon Morakot) တိုက်ခတ်ခဲ့ရာ မြေပြိုမှုများကြောင့် အများစုအပါအဝင် လူ ၇၀၀ နီးပါး သေဆုံးခဲ့ဖူးကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

Share

Loading Next Article...
က္က