ရဲစခန်းပိတ်ပြီး ဘာကာနဲ့ယူနိုက်တက် ပွဲစဉ်ကိုသွားကြည့်ခဲ့ကြပါတယ်။

ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွေရဲ့ ဆွဲဆောင်မှုက ကင်ညာနိုင်ငံ ရဲတပ်ဖွဲ့ဝင်အချို့ုကို ဒုက္ခလှလှ တွေ့စေခဲ့ပါတယ်။

(Kamorwon ရဲစခန်း) (Photo: PulseLive)

ကင်ညာရဲတပ်ဖွဲ့ဝင်အချို့ဟာ ရဲစခန်းကို ပိတ်ထားခဲ့ပြီး ဒေသစံတော်ချိန် ယမန်နေ့ (ဧပြီ ၁၆ ရက်) ညပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို သွားကြည့်ခဲ့ကြပါတယ်။ ၎င်းတို့ ဘောလုံးပွဲသွားကြည့်နေစဉ် သူခိုးတွေက မည်သူမျှမရှိတဲ့ ရဲစခန်းကို ဖောက်ထွင်းဝင်ရောက်ပြီး လက်နက်များ ခိုးယူသွားခဲ့ကြတယ်လို့ ဆိုပါတယ်။ ကင်ညာအနောက်ပိုင်း Nandi ဒေသရှိ Kamorwon ရဲစခန်းမှ ရဲအရာရှိတွေက ရဲစခန်းပိတ်ပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပြသတဲ့ နေရာကိုလိုက်ရှာခဲ့ကြပါတယ်။



(Nandi တောင်တန်းဒေသရှိ မြို့ငယ်တစ်ခုမြင်ကွင်း) (Photo: PulseLive)

၎င်းတို့က ရှော့ပင်းမောလ်တစ်ခုအနီး တီဗီမှာ တိုက်ရိုက် ထုတ်လွှင့်ပြသတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ဘာစီလိုနာ အသင်းတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်ကို ကြည့်ရှုနေကြစဉ် သူခိုးတွေက ရဲစခန်းကို ဖောက်ထွင်းပြီ ရိုင်ဖယ်သေနတ်သုံးလက်နဲ့ ကျည်ကပ်တွေ ခိုးယူသွားခဲ့တယ်လို့ Reuters က ကြည့်ရှုခွင့်ရခဲ့တဲ့ ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။ 

(G3 ရိုင်ဖယ်အမျိုးအစား သေနတ်တစ်လက်) (Photo: Harald Hansen/Wikipedia)

ခိုးယူခံရတဲ့ သေနတ်တွေဟာ ဂျီသရီး (G3) အမျိုးအစားတွေ ဖြစ်ပါတယ်။ ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း ကင်ညာရဲတပ်ဖွဲ့က ပြောပါတယ်။ ကင်ညာနဲ့ အာဖရိကတစ်ဝှမ်းမှာ ဥရောပဘောလုံးပွဲတွေကို အထူးနှစ်သက်အားပေးကြပြီး အထူးသဖြင့် အင်္ဂလန်ပရီးမီးယားလိဂ်ပွဲတွေကို အားပေးမှုအများဆုံး ဖြစ်တယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က