ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးသွားမယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။

မလေးရှားနိုင်ငံ ဆာဘားပြည်နယ် Lok Kawi တပ်စခန်းမှာ ကျည်အစစ်ဖြင့် သရုပ်ပြလေ့ကျင့်မှုတစ်ခုအတွင်း အထူးတပ်ဖွဲ့အရာရှိတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

(Photo: Bernama)

ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၄ ရက်) နေ့က သရုပ်ပြလေ့ကျင့်မှုအတွင်း အသက် ၃၆ နှစ်အရွယ် အထူးတပ်ဖွဲ့အရာရှိ သေနတ်ထိမှန် သေဆုံးခဲ့တာဖြစ်ပါတယ်။ သေနတ်ထိမှန်ခံရတဲ့ ဗိုလ်မှူး မိုဟာမက်ဇာဟာ အာမာယာကို ကိုတာကင်နာဘာလူမြို့ရှိ Queen Elizabeth ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့ပြီး ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။



ယခုဖြစ်ရပ် ဖြစ်ပွားရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေး ဖော်ထုတ်သွားမယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲ အဗ္ဗဒူလ်ဟာမစ်ဘာဒေါက ပြောပါတယ်။ "သရုပ်ပြလေ့ကျင့်မှုက သတ်မှတ်ချက်အတိုင်း လုပ်ဆောင်ခဲ့တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ သတိမမူခဲ့တာမျိုး ဂရုမစိုက်ခဲ့တာမျိုးတွေ မရှိနိုင်ခဲ့ပါဘူး၊ သရုပ်ပြလေ့ကျင့်မှုကို ဂရုတစိုက် စီစဉ်ခဲ့ပေမဲ့ မတော်တဆမှု ဖြစ်ပွားခဲ့ပါတယ်" လို့ ၎င်းကဆိုပါတယ်။

(Photo: Bernama)

ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဆာဘားပြည်နယ် ရဲမင်းကြီးက မကြာမီမှာ ထုတ်ပြန်သွားလိမ့်မယ်လို့လည်း အဗ္ဗဒူလ်ဟာမစ်က ဖြည့်စွက်ပြောပါတယ်။ ထို့အတူ အများပြည်သူ အနေနဲ့ ယခုဖြစ်ရပ်အပါ် အွန်လိုင်းမှာ စော်ကားပုတ်ခတ် ရေးသားမှုတွေကို မပြုလုပ်ကြရန်လည်း ရဲတပ်ဖွဲ့အကြီးအကဲက ပြောခဲ့ပါတယ်။

သရုပ်ပြလေ့ကျင့်မှုကို ခြေလျင်တပ်မဟာ ၅ နဲ့ ၁၃ တို့ စတင်ဖွဲ့စည်းမှု အခမ်းအနားနဲ့အတူ ပူးတွဲပြုလုပ်ခဲ့တာဖြစ်ပြီး အကြမ်းသမားအုပ်စုနဲ့ လက်နက်ကိုင်တပ်ဖွဲ့များကြား ရင်ဆိုင်တိုက်ခိုက်မှု လေ့ကျင့်ခန်းလည်း ပါဝင်ခဲ့ပါတယ်။ သရုပ်ပြလေ့ကျင့်မှုဟာ ပါဝင်သူအားလုံးဟာ ကျည်ကာအကျႌများ ဝတ်ဆင်ထားခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Bernama)

လေ့ကျင့်မှုအတွင်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ ဗိုလ်မှူးဟာ အကြမ်းဖက်သမားခေါင်းဆောင်အဖြစ် သရုပ်ပြပါဝင်ခဲ့ပြီး စစ်တပ်အရာရှိတစ်ဦးကို ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ထိုအရာရှိ နာကျင်မှုကြောင့် ဒူးထောက်လဲကျခဲ့ပါတယ်။ ထို့နောက် စစ်တပ်အရာရှိက ပြန်ထရပ်ပြီး ဗိုလ်မှူးမိုဟာမက်ဇာဟာကို ၎င်းရဲ့ပစ္စတိုဖြင့် ပြန်ပစ်ခဲ့တယ်။

ပစ်ခတ်ခံရမှုကြောင့် လဲကျသွားတဲ့ ဗိုလ်မှူးကို စစ်တပ်အမှုထမ်းနှစ်ဦးက သရုပ်ပြလေ့ကျင့်ရေးကွင်းဘေးသို့ သယ်ယူသွားခဲ့ကြပါတယ်။ ဗိုလ်မှူးမိုဟာမက်ဇာဟာရဲ့ အခြေအနေမှာ သတိမေ့သွားခဲ့ပုံရပြီး ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။ သရုပ်ပြလေ့ကျင့်မှုမှာ ရှိနေခဲ့တဲ့ စစ်တပ်ဆေးအဖွဲ့က ၎င်းကို ဆေးရုံသို့ မပို့ဆောင်မီ ကနဦး ကုသပေးခဲ့ပါတယ်။

(Photo: Bernama)

ဆေးရုံရောက်ပြီးနောက် ဒေသစံတော်ချိန် မနက် ၉ နာရီ ၂၀ မိနစ်မှာ ဗိုလ်မှူးမိုဟာမက်ဇာဟာ သေဆုံးကြောင်း အတည်ပြုခဲ့ပါတယ်။ ဗိုလ်မှူးမိုဟာမက်ဇာဟာရဲ့ ဈာပနကို ကွာလာလမ်ပူရှိ Wardieburn တပ်စခန်း ဗလီမှာ စက်တင်ဘာ ၄ ရက်နေ့က ပြုလုပ်ခဲ့ရာ မိတ်ဆွေများ၊ မိသားစုဝင်များနဲ့ အရာရှိများ အပါအဝင် လူ ၁,၀၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

သရုပ်ပြလေ့ကျင့်မှုအတွင်း သေနတ်ထိမှန် သေဆုံးခဲ့တဲ့ ဗိုလ်မှူးမိုဟာမက်ဇာဟာကို Tambun မွတ်စလင်မ်သချႋုင်းမှာ မြှုပ်နှံခဲ့ကြောင်း သိရပါတယ်။ ဗိုလ်မှူးမိုဟာမက်ဇာဟာမှာ ဇနီးဖြစ်သူနဲ့ အသက်ငါးလနဲ့ ကိုးနှစ်ကြားရှိ ကလေးငါးဦး ကျန်ရစ်ခဲ့ကြောင်း Bernama သတင်းက ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က