ကမ်းခြေမြို့လေးမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံကမ်းခြေ အပန်းဖြေနေရာတစ်ခုမှာ ဆောက်လုပ်နေဆဲ အဆောက်အအုံတစ်ခု ပြိုကျခဲ့မှုအတွင်း လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး အခြား ပျောက်ဆုံးနေသူတွေလည်းရှိကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

(Photo: @noansereiboth/Twitter)

ယနေ့ (ဇွန် ၂၂ ရက်) မနက်အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အဆောက်အအုံပြိုကျမှုအတွင်း လူ ၂၄ ဦး ဒဏ်ရာရခဲ့ပြီး အချို့ဟာ ဒဏ်ရာပြင်းထန်ကြောင်းလည်း သိရပါတယ်။ အထပ်ခုနစ်ထပ်ပါ အဆိုပါ အဆောက်အအုံကို Sihanoukville ကမ်းခြေမြို့လေးမှာ တရုတ်ကုမ္ပဏီတစ်ခုက ဆောက်လုပ်နေတာဖြစ်ပြီး ပြိုကျခဲ့စဉ် အတွင်းမှာ အလုပ်သမားတွေ ရှိနေခဲ့တယ်လို့ဆိုပါတယ်။



"အလောင်းတစ်လောင်း ဆွဲထုတ်နိုင်ခဲ့ပြီး နောက်ထပ် အလောင်းနှစ်လောင်းကတော့ အပျက်အစီးတွေကြားထဲမှာ ညပ်နေတယ်" လို့ Preah Sihanouk ပြည်နယ် အုပ်ချုပ်ရေးမှူး Yun Min က အဆောက်အအုံပြိုကျပြီး မကြာမီမှာ AFP သတင်းဌာနကို ပြောခဲ့ပါတယ်။ သတင်းဓာတ်ပုံတွေအရ မြေတူးစက်တွေနဲ့ အပျက်အစီးတွေထဲကို တူးဖော်နေတာ တွေ့ရပြီး ဒါဇင်နဲ့ချီတဲ့ ဆောက်လုပ်ရေးလုပ်သားတွေ အောက်မှာပိတ်မိနေနိုင်ကြောင်း သိရပါတယ်။

(Photo: AFP)

"လူ ၃၀ ကျော် အဆောက်အအုံ အပျက်အစီးတွေထဲမှာ ပိတ်မိနေတယ်" လို့ ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီး့Khieu Kanharith က မျက်မြင်တွေ့ရှိသူတွေကို ကိုးကားပြီး Facebook မှာ ရေးသားထားပါတယ်။ ဆောက်လက်စ အဆောက်အအုံ ပြိုကျမှုအတွင်း ကနဦး သေဆုံးခဲ့သူ သုံးဦးဟာ ကမ္ဘောဒီးယားလူမျိုးတွေဖြစ်ပြီး ဆောက်လုပ်ရေးလုပ်သားနှစ်ဦးနဲ့ စကားပြန်တစ်ဦးတို့ ဖြစ်တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

ဒေသစံတော်ချိန် မနက် ၁၁ နာရီဝန်းကျင်မှာ အပျက်အစီးများထဲမှ လူသုံးဦးကို အသက်ရှင်လျက် ပြန်ရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ပြိုကျသွားတဲ့ အဆောက်အအုံကို တရုတ်နိုင်ငံသားတစ်ဦးက ပိုင်ဆိုင်တာဖြစ်ပြီး ၎င်းက ကမ္ဘောဒီးယားပိုင်ရှင်ထံမှ မြေငှားရမ်းကာ ဆောက်လုပ်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။

(Photo: @noansereiboth/Twitter)

အဆောက်အအုံပြိုကျမှုနဲ့ ပတ်သက်ပြီး ပိုင်ရှင်ဖြစ်သူ တရုတ်လူမျိုး၊ ဆောက်လုပ်ရေးလုပ်ငန်း အကြီးအကဲ၊ ကန်ထရိုက်တာနဲ့ ကမ္ဘောဒီးယား ပြေိုင်ရှင်တို့ကို ဖမ်းဆီးထိန်သိမ်းထားတယ်လို့ ဆိုပါတယ်။ ပြိုကျခဲတဲ့ အဆောက်အအုံဟာ ၈၀ ရာခိုင်နှုန်းနီးပါး တည်ဆောက်မှုပြီးစီးနေပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ကာစီနိုလောင်းကစားရုံများရှိပြီး တရုတ်ပြည်မကြီးရှိ ခရီးသွားတွေကို ဆွဲဆောင်နိုင်တာကြောင့် လတ်တလော နှစ်များအတွင်း Sihanoukville ကမ်းခြေမြို့မှာ တရုတ်ကုမ္ပဏီတွေက လာရောက်ရင်းနှီးမြှုပ်နှံမှု အများအပြားရှိလာခဲ့ပါတယ်။ ကမ္ဘောဒီးယား ကမ်းခြေမြို့ Sihanoukville မှာ တရုတ်လူမျိုးပိုင်ဆိုင်တဲ့ ကာစီနိုရုံ ၅၀ ဝန်ကျင်းရှိပြီး ဒါဇင်နဲ့ချီတဲ့ ဟိုတယ်တွေကိုလည်း ဆောက်လုပ်နေပါတယ်။

(Photo: EPA)

၂၀၁၆ နဲ့ ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံ Preah Sihanouk ပြည်နယ်မှာ တရုတ်အစိုးရနဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရှိခဲ့တယ်လို့ တရားဝင်း စာရင်းအချက်အလက်တွေအရ သိရှိရပါတယ်။ အရှေ့တောင်အာရှဒေသရဲ့ အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားဟာ ဘေးကင်းလုံခြုံရေး ဥပဒေများနဲ့ အလုပ်သမား အကာအကွယ်ပေးမှုများ လျော့ရဲမှု နာမည်ဆိုးထွက်နေပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က