အီတလီဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီဟာ ကိုဗစ်ကြောင့် အထိခိုက်ခံရဆုံး လူနာအုပ်စုမှာ ပါဝင်ပါတယ်။

COVID-19 ကူးစက်ခံရမှုကြောင့် ဆေးရုံတက် ကုသမှုခံယူနေရတဲ့ အီတလီဝန်ကြီးချုပ်ဟောင်း ဆေလ်ဗီယို ဘာလူစကိုနီအတွက် လာမယ့် သုံးရက်ဟာ အဆုံးအဖြတ် ဖြစ်လာမယ်လို့ ပါမောက္ခ အယ်လ်ဘတ်တို ဇန်ဂရီလ်လိုက တနင်္ဂနွေနေ့ (စက်တင်ဘာ ၆ ရက်) မှာ ပြောပါတယ်။

(ပါမောက္ခအယ်လ်ဘတ်တို) (Photo: AP)

ပါမောက္ခအယ်လ်ဘတ်တိုက အသက် ၈၄ နှစ်အရွယ် ဘာလူစကိုနီ မီလန်မြို့ရှိ San Raffaele ဆေးရုံမှာ အဆုတ်ရောင်ရောဂါ ကုသပေးနေသူတဲ့ ဆရာဝန်လည်း ဖြစ်ပါတယ်။ အီတလီဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီဟာ ပြန်လည်သက်သာကောင်းမွန်ရန် တုံ့ပြန်မှုရှိနေပေမဲ့ ၎င်းရဲ့အခြေအနေက COVID-19 ကြောင့် အထိခိုက်ခံရဆုံး လူနာအုပ်စုမှာ ပါဝင်တယ်လို့ ဆိုပါတယ်။



အီတလီဝန်ကြီးချုပ်အဖြစ် သုံးကြိမ် ရွေးကောက်ခံခဲ့ရတဲ့ ဘာလူစကိုနီဟာ နှလုံးရောဂါအခံရှိသူဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်များအကြာက နှလုံးခုန်စည်းချက်ထိန်းစက် တပ်ထားခဲ့ရပါတယ်။ ၎င်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်အစောပိုင်းမှာ COVID-19 ကူးစက်ခံရကြောင်း တွေ့ရှိရပြီးနောက် သောကြ‌နေ့ (စက်တင်ဘာ ၄ ရက်) က ကျန်းမာရေးစစ်ဆေးမှုခံယူရန် San Raffaele ဆေးရုံသို့ တက်ရောက်ခဲ့ပါတယ်။

(အီတလီဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီ) (Photo: Vincent Kessler/Reuters)

ဆေးရုံတက်စဥ်အချိန်မှာ အီတလီဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီရဲ့ အခြေအနေဟာ အဆုတ်မှာ ရောဂါကူးစက်ခံထားရတဲ့ အစောပိုင်းအဆင့် ဖြစ်တယ်လို့ ဆိုပါတယ်။ "လူနာက ကုသမှုကိုတော့ ကောင်းတဲ့တုံ့ပြန်မှုရှိပါတယ်၊ ဒါက ကျွန်တော်တို့ ကုသအောင်မြင်ပြီလို့ မဆိုလိုပါဘူး၊ ဘာကြောင့်လဲဆိုတော့ သိတဲ့အတိုင်းပဲ သူက အထိခိုက်လွယ်ဆုံး လူနာအုပ်စုမှာပါပါတယ်" လို့ ပါမောက္ခအယ်လ်ဘတ်တိုက ရှင်းပြပါတယ်။ 

Source: BBC, CTV News


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က