တင်းကျပ်တဲ့ ကျန်းမာရေးကြိုတင်ကာကွယ်မှုများကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက COVID-19 ကူးစက်မှု ဆိုးသည်ထက်ဆိုးလာနိုင်WHO က သတိပေးပါတယ်။

ကမ္ဘာ့နိုင်ငံတွေက တင်းကျပ်တဲ့ ကျန်းမာရေးကြိုတင်ကာကွယ်မှုများကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ကမ္ဘာတစ်ဝှမ်း COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုဟာ အခြေအနေ ဆိုးသည်ထက်ဆိုးလာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က သတိပေးခဲ့ပါတယ်။

ဗိုင်းရပ်စ်က အများပြည်သူဆိုင်ရာ နံပါတ်တစ် ရန်သူဖြစ်နေဆဲပဲ


(Photo: Reuters)

"ရှင်းရှင်းပြောရရင် နိုင်ငံအများအပြားက လမ်းကြောင်းလွဲမှားနေကြတယ်၊ ဗိုင်းရပ်စ်က အများပြည်သူဆိုင်ရာ နံပါတ်တစ် ရန်သူဖြစ်နေဆဲပဲ" လို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ဂျနီဗာမြို့ရှိ ကုလသမဂ္ဂရုံးချုပ်မှတစ်ဆင့် ဇူလိုင် ၁၃ ရက် အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အခြေခံကျတာတွေကို လိုက်နာဆောင်ရွက်ခြင်း မရှိပါက ကပ်ရောဂါဟာ ပိုပြီးဆိုးလာရင်း ဆိုးလာနေမယ်လို့ ၎င်းကဆိုပါတယ်။ လက်ရှိမှာ ကမ္ဘာတစ်ဝှမ်း COVID-19 ကူးစက်ခံရသူ ၁၃ သန်း ကျော်လွန်လာပြီဖြစ်ကာ သေဆုံးသူအရေအတွက် ၅၇၀,၀၀၀ ကျော်ရှိလာပါတယ်။ လူဦးရေ ၇.၆ သန်းကျော်ကတော့ COVID-19 ကနေ ပြန်လည်သက်သာခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

ကမ္ဘာတစ်ဝှမ်း အမေရိကန်၊ ဘရာဇီးနဲ့ အိန္ဒိယတို့ဟာ ကူးစက်မှုအများဆုံး နိုင်ငံတွေအဖြစ် အစဥ်လိုက်ဖြစ်နေပြီး လတ်တလောမှာလည်း ကူးစက်မှုတွေ သိသိသာသာ မြင့်တက်နေပါတယ်။ အမေရကန်မှာ COVID-19 ကူးစက်ခံရသူ ၃.၄ သန်းကျော်နဲ့ သေဆုံးသူ ၁၃၇,၀၀၀ ကျော်ရှိခဲ့ပြီး ၁.၅ သန်းကျော် ပြန်လည်သက်သာခဲ့ပါတယ်။

ဘရာဇီးနဲ့ အိန္ဒိယမှာလည်း ကူးစက်ခံရသူ ၁.၈ သန်းကျော်နဲ့ ၉၀၀,၀၀၀ ကျော် အသီးအသီး တွေ့ရှိထားပါတယ်။ အမေရိကမှာ အကန့်အသတ်ဖြင့် သို့မဟုတ် နေရာဒေသအလိုက် အဓိကထားပြီး lockdown သတ်မှတ်ရန် လိုအပ်နိုင်ကြောင်း WHO အရေးပေါ်ဆိုင်ရာဌာန အကြီးအကဲ မိုက်ရိုင်ယန်က ပြောပါတယ်။

ရှင်းရှင်းပြောရရင် နိုင်ငံအများအပြားက လမ်းကြောင်းလွဲမှားနေကြတယ်

(Photo: AP)

ကမ္ဘာ့နိုင်ငံများအနေနဲ့ စာသင်ကျောင်းတွေကို နိုင်ငံရေးဘောလုံးအဖြစ် မကစားသင့်ကြောင်း ၎င်းက တိုက်တွန်းခဲ့ပြီး ဗိုင်းရပ်စ်ကို ထိန်းချုပ်ပြီးချိန်မှာ ကျောင်းတွေ ဘေးကင်းစွာဖြင့် ပြန်ဖွင့်နိုင်တယ်လို့ ပြောပါတယ်။ ထိုအတောအတွင်း COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SAR-CoV-2) ရဲ့ မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးရန် WHO ရှေ့ပြေးအဖွဲ့က တရုတ်နိုင်ငံမှာ ရောက်ရှိနေပြီလို့ Reuters သတင်းက ဖော်ပြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကို ယမန်နှစ် ဒီဇင်ဘာလအတွင်းက တရုတ်အလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က