သန့်ရှင်းလုပ်စဉ် ပြတင်းပေါက်ပြုတ်ကျသွားခဲ့ပါတယ်။

ဟောင်ကောင်မှာ ဟိုတယ်ပြတင်းပေါက် လမ်းမပေါ်ကိုပြုတ်ကျပြီး ကမ္ဘာလှည့်ခရီးသည်တစ်ဦး သေဆုံးမှုဖြစ်ခဲ့ပါတယ်။ ဟိုတယ်သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးက ပြတင်းပေါက်ကို သန့်ရှင်းရေးလုပ်စဉ် အသွားအလာများတဲ့ လမ်းမပေါ်ကို ပြုတ်ကျသွားခဲ့ပါတယ်။


(Photo: Twitter/enriquetaboi31a)

တနင်္လာနေ့ (ဇန်နဝါရီ ၂၁ ရက်) က ဖြစ်ပွားခဲ့တဲ့ အဆိုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က ဟိုတယ်သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးကို ဖမ်းဆီးခဲ့ပြီး ယနေ့ (ဇန်နဝါရီ ၂၂ ရက်) မှာတော့ အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်းနဲ့ ဖေဖေါ်ဝါရီလ အစောပိုင်းမှာ ရဲစခန်းသို့လာရောက်ရန် ညွန်ကြားထားကြောင်း သိရပါတယ်။



လူသေဆုံးမှုဖြစ်ခဲ့တဲ့ ယခုဖြစ်ရပ် ဖြစ်ပွားရတဲ့အကြောင်းရင်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။ ဟိုတယ်ပြတင်းပေါက် ပြုတ်ကျထိမှန်မှုကြောင့် အသက် ၂၄ နှစ်အရွယ် တရုတ်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။ အသွားအလာ များပြားစည်ကားရာ Tsim Sha Tsui ဒေသရှိ Mira ဟိုတယ်ရဲ့ ၁၆ ထပ်ကနေ ပြတင်းပေါက် ပြုတ်ကျခဲ့တာဖြစ်ပါတယ်။

(Photo: TVB)

၁၆ ထပ်အမြင့်ကနေ ပြုတ်ကျခဲ့တဲ့ ပြတင်းပေါက်ထိမှန်ခံရတဲ့ အမျိုးသမီးကို ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့ပေမဲ့ ဆရာဝန်တွေက သူမရဲ့အသက်ကို မကယ်နိုင်ခဲ့ပါဘူး။ သေဆုံးခဲ့တဲ့ အမျိုးသမီးရဲ့ သူငယ်ချင်းတစ်ဦးလည်း ပြတင်းပေါက် ပြုတ်ကျထိမှန်မှုအတွင်း ဒဏ်ရာအနည်းငယ်ရခဲ့တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့က ဟိုတယ်သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးကို အဆောက်အအုံမှ ပစ္စည်းများပြုတ်ကျပြီး အများပြည်သူကို ထိခိုက်နာကျင်စေမှု ဥပဒေအရ ဖမ်းဆီးခဲ့ပါတယ်။

(Photo: Apple Daily)

ယခုဖြစ်ရပ်က မိုးမျှော်အဆောက်အအုံတွေနဲ့ ပြည့်နှက်နေတဲ့ ဟောင်ကောင်မှာ ခေတ်မီ ဟိုတယ်အဆောက်အအုံ တစ်လုံးကနေလည်း ပြတင်းပေါက်တစ်ခု ပြုတ်ကျလာနိုင်ကြောင်း သတိပေးမှုဖြစ်လာခဲ့ပါတယ်။

"ဟိုတယ်သန့်ရှင်းရေးဝန်ထမ်းက ပြတင်းပေါက်ဖွင့်ဖို့ ကြိုးပမ်းခဲ့ပါလိမ့်မယ်၊ သူက ပြတင်းပေါက်ကို ဖွင့်လိုက်ပြီးနောက် ပြတင်းပေါက်က ချက်ချင်းပဲ အောက်ကိုပြုတ်ကျသွားခဲ့တယ်လို့ ယုံကြည်ရပါတယ်" လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောခဲ့ပါတယ်။

(Photo: AFP)

ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဟိုတယ်တာဝန်ရှိသူတွေကို AFP သတင်းဌာနက ဆက်သွယ်မေးမြန်းပေမဲ့ မှတ်ချက်ပေးခဲ့ခြင်း မရှိပါဘူး။ ဒေသခံမီဒီယာတွေကတော့ ဟိုတယ်အနေနဲ့ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောထားကြောင်း ဖော်ပြကြပါတယ်။

ဟောင်ကောင်မှ Mira ဟိုတယ်ဟာ အမေရိကန်အစိုးရရဲ့ စောင့်ကြည့်မှုအစီအစဉ်တွေကို ဖွင့်ချခဲ့သူ အက်ဒ်ဝပ်စနိုးဒင်း ၂၀၁၃ ခုနှစ်အတွင်း နေထိုင်ခဲ့ဖူးတာကြောင့် သတင်းတွေမှာ ဖော်ပြခံခဲ့ရပြီး နာမည်ကြီးခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က