လမ်းပန်းဆက်သွယ်ရေးလည်း ပြတ်တောက်နေပါတယ်။

ပါကစ္စတန်နိုင်ငံ ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ ပြီးခဲ့တဲ့ သုံးရက်အတွင်း ရုတ်တရက် နှင်းထုပြိုကျမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် လူ ၆၂ ဦးထက်မနည်း သေဆုံးခဲ့ကာ ပျောက်ဆုံးနေသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။

(Photo: incpak)

Neelum တောင်ကြားနေရာမှာ နှင်းထုပြိုကျမှုနဲ့ မြေပြိုမှုတွေ အဆိုးရွားဆုံး ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ ထိုနေရာမှာ လူအများအပြားဟာ အကူအညီရရှိရန် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေခဲ့ပါတယ်။ Neelum တောင်ကြာင်းဒေသဟာ ရာသီဥတု ဘေးအန္တရာယ် ကြုံတွေ့ရလေ့ရှိတဲ့ နေရာတစ်ခုဖြစ်ပြီး ယခုဖြစ်ရပ်ကတော့ လတ်တလော သမိုင်းတစ်လျှောက် လူသေဆုံးမှုအများဆုံး ဖြစ်ခဲ့ပါတယ်။



ယခုရက်ပိုင်းအတွင်း ရာသီဥတု ပြင်းထန်ဆိုးရွားမှုတွေကြောင့် ပါကစ္စတန်ရှိ အခြားနေရာဒေသများ၊ အိန္ဒိယနဲ့ အာဖဂန်နစ္စတို့မှာလည်း လူဦးရေ ဒါဇင်နဲ့ချီ ခဲ့ကြောင်း သိရပါတယ်။ ရာသီဥတု ပြင်းထန်ဆိုးရွားမှုကို ပါကစ္စတန် ကက်ရှ်မီးယားဒေသမှာ ကြုံတွေ့ခဲ့ရပြီး လူ ၆၂ ဦး သေဆုံးကြောင်းနဲ့ လူအချို့ ပျောက်ဆုံးနေကြောင်း ပါကစ္စတန်သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနက ပြောပါတယ်။

(Photo: M Saif ul Islam/Reuters)

ယမန်နေ့ (ဇန်နဝါရီ ၁၄ ရက်) မှာ ရာသီဥတု အခြေအနေ တိုးတက်ကောင်းမွန်လာခဲ့ပေမဲ့ အဆိုးဆုံးကြုံခဲ့ရတဲ့ နေရာဒေသ အများအပြားဟာ သွားလာရေးပြတ်တောက်နေဆဲ ဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်မှာ ရာသီဥတုဆိုးရွားမှုကြောင့် အမျိုးသမီ ၁၂ ဦးနဲ့ ကလေးခုနစ်ဦး အပါအဝင် လူ ၂၀ သေဆုံးခဲ့ပါတယ်။

ထို့အတူ အိန္ဒိယက ထိန်းချုပ်ထားတဲ့ ဂျမူးနဲ့ကက်ရှ်မီးယားမှာလည်း လူရှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံမီဒီယာက ဖော်ပြပါတယ်။ အာဖဂန်နစ္စတန်မှာလည်း ရာသီဥတုဆိုးရွားနေခဲ့တဲ့ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း လူ ၂၄ ဦး သေဆုံးခဲ့ပြီး အခြား လူ ၄၀ ကျော် ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

(Photo: EPA)

အာဖဂန်မှာ သေဆုံးမှုအများစုဟာ ပြီးခဲ့တဲ့ သုံးရက်အတွင်း ဖြစ်ခဲ့ပါတယ်။ အာဖဂန်မှာ ရာသီဥတုအဆိုးရွားဆုံး ကြုံခဲ့ရတဲ့ နေရာများအနက် Helmand, Kandahar, Herat နဲ့ Kabul တို့လည်း ပါဝင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ ပါကစ္စတန်ရှိ Neelum တောင်ကြားဒေသမှာ ရုတ်တရက် နှင်းထုပြိုကျမှုနဲ့ မြေပြိုမှုတွေကြောင့် အနည်းဆုံး လူ ၅၉ ဦး သေဆုံးခဲ့ပြီး ၄၀ ကျော် ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက BBC သတင်းဌာနကို အစောပိုင်းမှာ ပြောခဲ့ပါတယ်။ ထိုဖြစ်ရပ်ကြောင့် နေအိမ် ၁၀၀ ကျော် ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရပါတယ်။

(ကိန်းဂဏန်းအချက်အလက် ပြောင်းလဲမှုရှိလာနိုင်ပါတယ်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က