လျှပ်စစ်လေယာဥ် နည်းပညာက လေကြောင်းလိုင်းတွေရဲ့ ကုန်ကျစရိတ်ကို သိသာစွာလျှော့ချနိုင်မယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ပထမဆုံး စီးပွားဖြစ် လျှပ်စစ်စွမ်းအင်သုံးလေယာဥ်ကို ဒီဇင်ဘာ ၁၀ ရက်နေ့က ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့မှာ စမ်းသပ်ပျံသန်းခဲ့ပါတယ်။

(Photo: Jonathan Hayward/AP)

လျှပ်စစ်လေယာဥ်များအသုံးပြုခြင်းဖြင့် လေကြောင်းလိုင်းတွေက လေထုညစ်ညမ်းစေတဲ့ ကာဗွန်ထုတ်လွှတ်မှုတွေကို တစ်နေ့မှာ အဆုံးသတ်နိုင်ရန်ဖွယ်ရှိကြောင်း မျှော်လင့်ထားပါတယ်။ "ဒီစမ်းသပ်ပျံသန်းမှုက လျှပ်စစ်စွမ်းအင်သုံး စီးပွားဖြစ် လေယာဥ်တွေက အလုပ်ဖြစ်နိုင်တယ်ဆိုတဲ့ သက်သေပါပဲ" လို့ ဆီယက်တဲလ်မြို့အခြေစိုက် အင်ဂျင်နီယာလုပ်ငန်းကုမ္ပဏီ mangiX ရဲ့ အမှုဆောင်အရာရှိချုပ် Roei Ganzarski က ပြောပါတယ်။



အဆိုပါ ကုမ္ပဏီက လေယာဥ်ရဲ့ လျှပ်စစ်မော်တာကို ပုံစံထုတ်ခဲ့ပြီး Harbour Air လေကြောင်းလိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ Harbour Air က ဗန်ကူးဗား၊ ဝစ်တ်လာ စကိတ်စီးအပန်းဖြေစခန်းနဲ့ အနီးအနားရှိကျွန်းများ၊ ကမ်းရိုးတန်းနေရာများကြား တစ်နှစ်လျှင် ခရီးသည် ငါးသိန်းကို လေယာဥ်ခရီးစဥ် ဝန်ဆောင်မှုပေးနေကြောင်း သိရပါတယ်။

(Photo: Ben Nelms/CBC)

လျှပ်စစ်လေယာဥ် နည်းပညာက လေကြောင်းလိုင်းတွေအတွက် ကုန်ကျစရိတ် သိသာစွာလျှော့ချနိုင်မယ်လို့ ဆိုပါတယ်။ "ဒီစမ်းသပ်ပျံသန်းမှုက လျှပ်စစ်လေယာဥ်ထုတ်လုပ်မှုခေတ်ရဲ့ အစပါပဲ" လို့ Roei Ganzarski က သတင်းထောက်တွေကို ပြောပါတယ်။ လူတွေက လေယာဥ်ခရီးစဥ်များ ပိုမိုအသုံးပြုလာကြပြီး မြို့ပြလေကြောင်းပျံသန်းမှုတွေက ကာဗွန်ထုတ်လွှတ်မှုရဲ့ အဓိက အကြောင်းရင်းတစ်ရပ် ဖြစ်လာနေပါတယ်။

လေယာဥ်ခရီးစဥ် များပြားလာမှုနဲ့အတူ ကမ္ဘာကြီးပူနွေးမှုနဲ့ ရာသီဥတုပြောင်းလဲမှုဖြစ်စေတဲ့ ကာဗွန်ထုတ်လွှတ်မှုနှုန်း မြင့်တက်လာပါတယ်။ ရေပေါ်မှာ ဆင်းသက်နိုင်၊ ရေပေါ်ကနေ ပျံတက်နိုင်ပြီး ခရီးသည်ခြောက်ဦး လိုက်ပါနိုင်တဲ့ de Havilland DHC-2 Beaver အမျိုးအစားလေယာဥ်ကို လျှပ်စစ်မော်တာတစ်ခု တပ်ဆင်ပြီး မွမ်းမံပြင်ဆင်ထားပါတယ်။

(Photo: Ben Nelms/CBC)

စမ်းသပ်ပျံသန်းခဲ့တဲ့ ကမ္ဘာ့ပထမဆုံး စီးပွားဖြစ် လျှပ်စစ်လေယာဥ်ကို Harbour Air လေကြောင်းလိုင်းတည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် Greg McDougall ကိုယ်တိုင် မောင်းနှင်ခဲ့ကြောင်း သိရပါတယ်။ လျှပ်စစ်လေယာဥ် စမ်းသပ်ပျံသန်းမှုဟာ ၁၅ မိနစ်နီးပါး ကြာမြင့်ခဲ့တယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။ "ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က Harboour Air ရဲ့ လေယာဥ်အားလုံးကို လျှပ်စစ်စွမ်အင်းသုံးတွေဖြစ်ဖို့ပါ၊ မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး" လို့ Harbour Air အမှုဆောင်အရာရှိချုပ်က ပြောပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က