မတ်လ ၂၇ ရက် မနက်အစောပိုင်းအထိ အမေရိကန်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၂,၄၀၄ ဦးအထိ မြင့်တက်လာပါတယ်။

ကမ္ဘာ့နိုင်ငံများအနက် အမေရိကန်က COVID-19 ရောဂါဗိုင်းရပ်စ်ကူးစက်မှု အများဆုံးတွေ့ရှိရတဲ့ နိုင်ငံဖြစ်လာခဲ့ကြောင်း သိရပါတယ်။

(Photo: Justin Sullivan/Getty Images/AFP)

Johns Hopkins တက္ကသိုလ်က ယနေ့ (မတ်လ ၂၇ ရက်) မနက်အစောပိုင်း နောက်ဆုံး ဖော်ပြထားတဲ့ ကိန်ဂဏန်းများအရ အမေရိကန်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၂,၄၀၄ ဦးအထိ မြင့်တက်လာပြီး ဗိုင်းရပ်စ် စတင်တွေ့ရှိရာ တရုတ်နဲ့ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုအများဆုံး ဖြစ်ပွားနေတဲ့ အီတလီတို့ကို ကျော်လွန်သွားခဲ့ပါတယ်။



ယနေ့ မနက်အစောပိုင်းအထိ စာရင်းတွေအရ ဗိုင်းရပ်စ်ကူးစက်ခံရသူ တရုတ်မှာ ၈၁,၇၈၂ ဦးနဲ့ အီတလီမှာ ၈၀,၅၈၉ ဦး ရှိပါတယ်။ အီတလီနိုင်ငံမှာတော့ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုအများဆုံးဖြစ်ပြီး ယနေ့ မနက်အစောပိုင်းအထိ ၈,၂၁၅ ဦး သေဆုံးခဲ့ပါတယ်။ ဗိုင်းရပ်စ် စတင်တွေ့ရှိရာ တရုတ်နိုင်ငံမှာတော့ ယနေ့ မနက်အစောပိုင်းအထိ ၃,၂၈၇ ဦး သေဆုံးခဲ့ပါတယ်။



(Ph

oto: Mark Lennihan/AP)


လက်ရှိအချိန်အထိ အမေရိကန်မှာ COVID-19 ကြောင့် ၁,၀၄၆ ဦး သေဆုံးခဲ့ပြီး ပြန်လည်သက်သာလာသူ ၃၆၁ ဦးရှိကြောင်း သိရပါတယ်။ အမေရိကန်မှာ ဗိုင်းရပ်စ်ကူးစက်မှု အများဆုံးနေရာအဖြစ် နယူးယော့ခ်မှာ ယခု သီတင်းပတ်အတွင်း ကူးစက်ခံရသူ ၃,၈၀၀ ရှိလာခဲ့တာ ဖြစ်ပါတယ်။

၎င်းတို့အနက် ၉၀၀ ဦးကို အထူးကြပ်မတ်ကုသဆောင်မှာ ကုသပေးနေရတယ်လို့ ဆိုပါတယ်။ နယူးယော့ခ်မှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးအရေအတွက်ဟာလည်း အမေရိကန်ရဲ့ အခြားနေရာတွေထက် သိသာစွာ ပိုများနေပြီး မတ်လ ၂၇ ရက် မနက်အစောပိုင်းအထိ ၂၈၁ ဦး သေဆုံးခဲ့ပြီး အလောင်းထားစရာ နေရာမလုံလောက်တဲ့အထိ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။


(Phot

o: Reuters)


ဆက်စပ်သတင်းတစ်ရပ်အရ COVID-19 ဂယက်ကြောင့် အလုပ်လက်မဲ့ အရေအတွက် ၃.၃ သန်းအထိ စံချိန်တင် များပြားလာခဲ့ကြောင်းလည်း သိရပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိရတဲ့ COVID-19 ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ကြေညာထားပါတယ်။

မတ်လ ၂၇ ရက် မနက်အစောပိုင်းအထိ စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ခံရသူ သန်းတစ်ဝက်ကျော် (၅၂၆,၀၄၄ ဦး) နဲ့ သေဆုံးသူ ၂၃,၇၀၉ ဦးအထိ မြင့်တက်လာပါတယ်။ လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြန်လည်သက်သာသွားသူ ၁၂၂,၀၆၆ ဦးရှိခဲ့ကြောင်းလည်း သိရပါတယ်။

Sour

ce: AP, BBC

Share

Loading Next Article...
က္က