မိဘတစ်ဦး ဖြစ်လာစဉ်ကတည်းက တွေးခဲ့ဖူးတယ်လို့ တော်ဝင်မင်းသားက ဖွင့်ဟခဲ့ပါတယ်။
Ko John

ဗြိတိန်တော်ဝင်မင်းသား ဝီလီယံက ၎င်းရဲ့ကလေးတွေ ဂေး (gay) ဖြစ်နေခဲ့ပါက အပြည့်အဝ ထောက်ခံအားပေးသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

(Photo: PA)

သို့သော် ၎င်းတို့ ရင်ဆိုင်ရမယ့် နောက်ဆက်တွဲ ဖိအားတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မိတယ်လို့ မင်းသားဝီလီယံက ဝန်ခံခဲ့ပါတယ်။ ထိုကိစ္စဟာ မိဘတစ်ဦး ဖြစ်လာစဉ်ကတည်းက တွေးခဲ့ဖူးတာဖြစ်ကြောင်းလည်း တော်ဝင်မင်းသားက ဖွင့်ဟခဲ့ပါတယ်။ ဗြိတိန်တော်ဝင်မင်းသား ဝီလီယံက လန်ဒန်မြို့ရှိ LGBT လူငယ်များ ရန်ပုံငွေအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Albert Kennedy Trus (AKT) ကို ယမန်နေ့ (ဇွန် ၂၆ ရက်) မှာ ရောက်ရှိခဲ့စဉ် ထိုသို့ ပြောခဲ့တာလည်းဖြစ်ပါတယ်။

(Photo: PA)

လိင်တူစုံမက်သူ ဂေးဖြစ်နေတာကြောင့် မိဘတွေရဲ့ စွန့်ပစ်မှုခံရတဲ့ လူငယ်တွေကိုလည်း မင်းသားဝီလီယံက တွေ့ဆုံအားပေးခဲ့ပါတယ်။ AKT က ထိုသို့ မိဘစွန့်ပစ်ခံရတဲ့ လိင်တူစုံမက်သူ လူငယ်တွေကို ကူညီထောက်ပံ့ပေးနေကြောင်း BBC သတင်းက ဖော်ပြပါတယ်။ အသက် ၃၇ နှစ်အရွယ် တော်ဝင်မင်းသား ဝီလီယံက လိင်တူစုံမက်သူတွေနဲ့ပတ်သက်လို့ ၎င်းရဲ့သဘောထားကို ပထမဆုံးအကြိမ် ဖွင့်ဟပြောခဲ့တာဖြစ်ပြီး လတ်တလောမှာ ၎င်းရဲ့ဇနီး ကိတ်မစ်ဒယ်တန်နဲ့လည်း ထိုအကြောင်းအရာအပေါ် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

"ကျွန်တော့်ကလေးတွေ ဆုံးဖြတ်ချက် ဘာပဲဖြစ်ဖြစ် ကျွန်တော် ထောက်ခံတယ်၊ ဒါပေမဲ့ မိဘတစ်ဦးနေရာကနေတော့ စိုးရိမ်ပူပန်မိပါတယ်။ အတားအဆီးတွေ ဘယ်လောက်များလဲ သိကြလား။ အမုန်းစကားတွေ၊ စိတ်ဖိစီးမှုဖြစ်အောင်လုပ်တာတွေ အဲဒီလို ခွဲခြားဆက်ဆံမှုတွေ ကြုံလာရနိုင်တယ်။ အဲဒါက ကျွန်တော့်ကို အမှန်တစ်ကယ် ပြဿနာဖြစ်စေပါတယ်။ ဒါပေမဲ့ ဒါတွေက ကျွန်တော်တို့အားလုံးအတွက် အတိတ်မှာထားခဲ့ဖို့ ပြန်ဖြစ်မလာဖို့ ကြိုးစားကူညီရမယ့်အရာတွေပါ" လို့ တော်ဝင်မင်းသား ဝီလီယံက ပြောခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က