တောင်ကိုရီးယားတောင်ပိုင်းရှိ ဂျေဂျူကျွန်းကို စတင်ဝင်ရောက်ခဲ့ပါတယ်။
Ko John

တောင်ကိုရီးယားနိုင်ငံမှာ တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှု လျော့နည်းသက်သာစေရန် အရေးပေါ် အစီအစဉ်များ ပြင်ဆင်လုပ်ဆောင်ထားကြောင်း အစိုးရက ယနေ့ (သြဂုတ် ၂၃ ရက်) ပြောပါတယ်။

AEN20180823003600320_01_i.jpg

Photo: Yonhap News

တိုင်ဖွန်းမုန်တိုင်း ဆိုးလစ် (Soulik) ဟာ တောင်ကိုရီးယား အနောက်တောင်ပိုင်းကို ယနေ့အစောပိုင်းမှာ ဖြတ်သန်းတိုက်ခတ်ခဲ့ပြီး နိုင်ငံရဲ့ အခြားနေရာဒေသတွေကို ယနေ့နှောင်ပိုင်းမှာ ဝင်ရောက်မယ်လို့ ခန့်မှန်ထားပါတယ်။ တောင်ကိုရီးယားရှိ အဓိက ဆိပ်ကမ်းများ၊ စိုက်ပျိုးမွေးမြူရေးနေရာများနဲ့ လုပ်ငန်းအသီးသီးက တိုင်ဖွန်မုန်တိုင်း တိုက်ခတ်မှုအတွက် ကြိုတင်ပြင်ဆင်ထားကြတယ်လို့ ဆိုပါတယ်။ ယခု တိုင်ဖွန်းမုန်တိုင်းဟာ ကိုရီးယားကျွန်းဆွယ် ကုန်းတွင်းပိုင်းကို ခြောက်နှစ်အတွင်း ပထမဆုံးအကြိမ် ဝင်ရောက်တိုက်ခတ်တဲ့ မုန်တိုင်းလည်းဖြစ်လာခဲ့ပါတယ်။

download.jpg

Map: AccuWeather

ယခုနှစ်ရဲ့ ၁၉ ခုမြောက် တိုင်ဖွန်းမုန်တိုင်း ဆိုးလစ်က တောင်ကိုရီးယားတောင်ပိုင်းရှိ ဂျေဂျူကျွန်းကို စတင်ဝင်ရောက်ခဲ့ပြီး ယမန်နေ့ (သြဂုတ် ၂၂ ရက်) ညလုံးပေါက် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများ တိုက်ခတ်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် လူတစ်ဦး ပျောက်ဆုံးနေပြီး အိမ်ထောင်စု ၆,၀၀၀ မှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံနေရတယ်လို့ မိုးလေဝသဌာနက ပြောပါတယ်။ တိုင်ဖွန်းမုန်တိုင်းဟာ တောင်ကိုရီးယားမြို့တော် ဆိုးလ်မြို့ကို သောကြောနေ့ (သြဂုတ် ၂၄ ရက်) မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်ထားပါတယ်။

DlDJam6XcAA00b3.jpg

Photo: Astronaut Ricky Arnold

ဆိုးလ်မြို့မှာ အသွားအလာများတဲ့ မနက်ပိုင်းအချိန်အတွင်း တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှု ကြုံရနိုင်ပါတယ်။ တိုင်ဖွန်းမုန်တိုင်း ဖြတ်သန်းတိုက်ခတ်နေမှုကြောင့် ရေယာဉ်များသွားလာမှုကို သတိပေးထားပြီး ဆိပ်ကမ်းများမှာ ထိခိုက်ပျက်စီးမှုနည်းပါးစေရန် စစ်ဆေးပြင်ဆင်မှုတွေ လုပ်ဆောင်ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။


က္က