ရုပ်အလောင်းတွေကို တောင်ကိုရီးယားရှိ လေတိပ်အခြေစိုက်စခန်းတစ်ခုသို့ ပြန်လည်သယ်ဆောင်လာခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက ကိုရီးယားစစ်ပွဲအတွင်း သေဆုံးခဲ့တဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်း အကြွင်းအကျန်တွေကို ပြန်လည်လွှဲပြောင်းပေးခဲ့ကြာင်း အမေရိကန်သမ္မတ အိမ်ဖြူတော်က ဇူလိုင် ၂၆ ရက်မှာ ပြောပါတယ်။



Photo: AFP



မြောက်ကိုရီးယားက အမေရိကန်တပ်ဖွဲ့ဝင် ၅၅ ဦးရဲ့ ရုပ်အလောင်းအကြွင်အကျန်တွေကို လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲအတွင်း ရရှိခဲ့ကြတဲ့ သဘောတူညီချက်အတိုင်း ရုပ်အလောင်းအကြွင်းအကျန်တွေကို ပြုံယမ်းအစိုးရက ပြန်လည်လွှဲပြောင်းပေးခဲ့တာလည်း ဖြစ်ပါတယ်။

Photo: AFP



'ဒီနေ့မှာ ကင်မ်ဂျုံအန်က သမ္မတထရန့်ကို ကတိပြုခဲ့မှုတွေမှာ ပါဝင်ခဲ့တဲ့အတိုင်း ကျွနု်တို့ရဲ့ ကျဆုံးစစ်မှုထမ်းတွေကို ပြန်လည်လွှဲပြောင်းပေခဲ့ပါတယ်၊ မြောက်ကိုရီးယားရဲ့ ဆောင်ရွက်ချက်တွေက ကျွနု်ပ်တို့ကို အားတက်စေပြီး ကောင်းတဲ့အပြောင်းအလဲအတွက် အရှိန်အဟုန်ဖြစ်စေပါတယ်' လို့ အိမ်ဖြူတော်ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အမေရိကန် စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်က မြောက်ကိုရီးယားနိုင်ငံ အရှေ့မြောက်ဘက် ဝန်ဆန်မြို့ရှိ လေယာဉ်ကွင်းမှာ ဆင်းသက်ခဲ့ပြီး အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းအကြွင်းအကျန်တွေကို တောင်ကိုရီးယားနိုင်ငံရှိ အိုဆန်လေတိပ်အခြေစိုက်စခန်းသို့ ပြန်လည်သယ်ဆောင်လာခဲ့ပါတယ်။

Photo: CNN



ကိုရီးယားစစ်ပွဲအတွင်း ကျဆုံးခဲ့ကြတဲ့ စစ်မှုထမ်းတွေရဲ့ ရုပ်အလောင်းအကြွင်းအကျန်ကို ပြန်လည်ရရှိနိုင်ရန် ဆွေမျိုးသားချင်းတွေက နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ကြရတာလည်း ဖြစ်ပါတယ်။

၁၉၅၀ ခုနှစ်မှ ၁၉၅၃ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ ကိုရီးယားစစ်ပွဲအတွင်း အမေရိကန်တပ်ဖွဲ့ဝင် ၃၂၆,၀၀၀ က တောင်ကိုရီးယားနဲ့ ကုလသမဂ္ဂ ဦးဆောင်တဲ့ မဟာမိတ်တွေနဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့ကြပါတယ်။

စစ်ပွဲအတွင်း ထောင်နဲ့ချီတဲ့ အမေရိကန်စစ်မှုထမ်းတွေ ပျောက်ဆုံးခဲ့ပြီး ၎င်းတို့အနက် အများစုဖြစ်တဲ့ အရေအတွက် ၅,၃၀၀ ဟာ မြောက်ကိုရီးယားနိုင်ငံမှာ ပျောက်ဆုံးခဲ့တယ်လို့ ဆိုပါတယ်။



ကိုရီးယားစစ်ပွဲအတွင်း အမေရိကန်တပ်ဖွဲ့ဝင်များ အပါအဝင် မဟာမိတ်တပ်ဖွဲ့ဝင် အရေအတွက် ၃၃,၀၀၀ ဝန်းကျင် ပျောက်ဆုံးခဲ့ကြောင်းလည်း သိရပါတယ်။

၁၉၉၀ ပြည့်နှစ်နဲ့ ၂၀၀၅ ခုနှစ်အတွင်း တပ်ဖွဲ့ဝင် ၂၂၉ ဦးရဲ့ ရုပ်အလောင်းအကြွင်းအကျန်တွေကို မြောက်ကိုရီးယားက ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။ သို့သော် မြောက်ကိုရီးယားက နျူကလီးယားအစီအစဉ်တွေ လုပ်ဆောင်လာမှုနဲ့အတူ ဆက်ဆံရေး တင်းမာခဲ့ပြီးနောက် ရုပ်အလောင်းအကြွင်းအကျန်များ လွှဲပြောင်းပေးမှုကို ရပ်ဆိုင်းခဲ့ပါတယ်။

Photo: Aljazeera

 

အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းအကြွင်းအကျန်တွေရှိနေနိုင်တဲ့ နေရာများ

- မြောက်ကိုရီးယားစစ်စခန်းတွေမှာ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီး ၁၉၅၀ ပြည့်နှစ် ဆောင်းရာသီမှာ အများအပြား သေဆုံးခဲ့ပါတယ်။

- Unsan နဲ့ Chongchon ကဲ့သို့ အဓိက တိုက်ပွဲများဖြစ်ပွားခဲ့တဲ့ မြောက်ကိုရီးယား အနောက်မြောက်ပိုင်း နေရာများဖြစ်ပါတယ်။ အဆိုပါနေရာတွေမှာ ခန့်မှန်းခြေအားဖြင့် တပ်ဖွဲ့ဝင် ၁,၆၀၀ သေဆုံးခဲ့ပါတယ်။

- ကုသမဂ္ဂက စီစဉ်ပေးခဲ့တဲ့ ယာယီသင်္ချိုင်းနေရာများ ဖြစ်ပါတယ်။ တရုတ်နဲ့မြောက်ကိုရီးယားက ၁၉၅၄ ခုနှစ်အတွင်း Operation Glory လို့ အမည်ပေးထားတဲ့ ပြန်လည်လွှဲပြောင်းရေး အစီအစဉ်အရ အမေရိကန်တပ်ဖွဲ့ဝင် ရုပ်အလောင်း ၃,၀၀၀ ကို ပြန်ပေးအပ်ခဲ့ပေမဲ့ အခြား ရုပ်အလောင်းတွေ ကျန်ရှိနေပါသေးတယ်။

- တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားတဲ့ စစ်မဲဇုန်အတွင်း တပ်ဖွဲ့ဝင် ၁,၀၀၀ ရဲ့ ရုပ်အလောင်းအကြွင်းအကျန်တွေ ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က