မက္ကစီကိုမှ ပျံသန်းလာတဲ့ လေယာဉ်မှာလိုက်ပါလာသူ ဖြစ်ပါတယ်။

မက္ကစီကိုနိုင်ငံ မက္ကစီကိုမြို့တော်မှ ပျံသန်းလာတဲ့ လေယာဉ်မှာလိုက်ပါလာသူ ဂျပန်အမျိုးသားတစ်ဦးဟာ ကိုကင်းအထုပ်ငယ် အများအပြားကို မျိုချခဲ့ပြီးနောက် သေဆုံးသွားခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။

(Photo: @fgjesonora/Twitter)

သောကြာနေ့ (မေ ၂၄ ရက်) က မက္ကစီကိုမှ ဂျပန်နိုင်ငံ နာရီတာအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပျံသန်းလာတဲ့ လေယာဉ်မှာလိုက်ပါလာခဲ့သူ အဆိုပါ အမျိုးသားဟာ ကိုကင်းအထုပ်ငယ် ၂၄၆ ထုပ်ကို မျိုခဲ့တယ်လို့ဆိုပါတယ်။ ကိုကင်းထုပ်တွေ မျိုချထားတဲ့ အမျိုးသားဟာ အခြေအနေဆိုးလာခဲ့ပြီးနောက် လေယာဉ်ကို မက္ကစီကိုနိုင်ငံအတွင်း ဆိုနိုရာပြည်နယ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။



(Photo: BBC)

Udo N လို့သိရတဲ့ ဂျပန်အမျိုးသားဟာ မူးယစ်ဆေးဝါး အလွန်အကျွံသုံးမှုကြောင့် ဦးနှောက်ချွတ်ယွင်းပြီး လေယာဉ်ပေါ်မှာ သေဆုံးခဲ့ကြောင်း မက္ကစီကို အာဏာပိုင်တွေက တနင်္လာနေ့ (မေ ၂၇ ရက်) မှာ ပြောပါတယ်။ သေဆုံးသွားတဲ့ ဂျပန်အမျိုးသားဟာ ကိုလံဘီယာနိုင်ငံ ဘိုတိုတာမြို့ကနေ စတင်ထွက်ခွာလာခဲ့သူ ဖြစ်ပါတယ်။ ၎င်းရဲ့ အလောင်းကို ခွဲစိတ်စစ်ဆေးခဲ့ရာမှာ အစာအိမ်နဲ့ အူများအတွင်း ၂.၅ စင်တီမီတာရှည်ပြီး အကျယ် ၁ စင်တီမီတာ အရွယ်ရှိတဲ့ ကိုကင်းအထုပ်ငယ်တွေကို တွေ့ခဲ့ရတယ်လို့ ဆိုနိုရာပြည်နယ် ရှေ့နေချုပ်က ပြောပါတယ်။

(Photo: @fgjesonora/Twitter)

ယခုဖြစ်ရပ်ကြောင့် လေယာဉ်ကို ဆိုနိုရာပြည်နယ် ဟာမိုစီလ်လိုမြို့မှာ အရေးပေါ် ဆင်းသက်ခဲ့ပြီးနောက် ကျန်ရှိတဲ့ခရီးသည် ၁၉၈ ဦးနဲ့အတူ ဆက်လက်ထွက်ခွာနိုင်ခဲ့ပါတယ်။ ယခုဖြစ်ရပ်ကို မက္ကစီကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က