ပင်လယ်ကွေ့ဒေသ ခြောက်နိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၁၃၇,၀၀၀ ကျော် ရှိခဲ့ပါတယ်။
Ko John

ပင်လယ်ကွေ့ဒေသရှိ ကူဝိတ်နဲ့ ကာတာနိုင်ငံတို့က COVID-19 တိုက်ဖျက်ရန် mask မတပ်သူများအား ထောင်ဒဏ် သို့မဟုတ် ငွေဒဏ် အမေရိကန်ဒေါ်လာ သောင်းဂဏန်းအထိ ပြစ်ဒဏ်ချမှတ်သွားမယ်လို့ တနင်္ဂနွေ့နေ့ (မေ ၁၇ ရက်) မှာ ပြောပါတယ်။

(Photo: Stephanie McGehee/Reuters)

ကူဝိတ်မှာ mask မတပ်သူတွေဟာ ထောင်ဒဏ်သုံးလ ချမှတ်ခံရနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ပါတယ်။ ထို့အတူ ကာတာမှာလည်း maske မတပ်ပါက အမြင့်ဆုံးထောင်ဒဏ် သုံးနှစ်အထိ ကျခံရနိုင်တယ်လို့ နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းဌာနက ကြေညာပါတယ်။



ငွေဒဏ်များအနေနဲ့ ကူဝိတ်မှာ mask မတပ်ပါက အမေရိကန်ဒေါ်လာ ၁၆,၂၀၀ (မြန်မာကျပ်ငွေ ၂၂၆ သိန်းကျော်) နဲ့ ကာတာမှာ အမေရိကန်ဒေါ်လာ ၅၅,၀၀၀ (မြန်ကျပ်ငွေ သိန်း ၇၇၀ ကျော်) ချမှတ်ခံမယ်လို့ သိရပါတယ်။ ပင်လယ်ကွေ့ဒေသ ခြောက်နိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၁၃၇,၀၀၀ ကျော်နဲ့ သေဆုံးသူ ၇၀၀ နီးပါး (၆၉၃ ဦး) ရှိခဲ့ပါတယ်။

(Photo: Karim Jaafar/AFP)

ထိုဒေသတွင်း ကူးစက်မှုတွေဟာ ကနဦးမှာ ခရီးသွားလာမှုနဲ့ ဆက်နွယ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ဝင်ငွေနည်းပါးတဲ့ ရွှေ့ပြောင်းအလုပ်သမားများကြားမှာလည်း တွေ့ရှိလာခဲ့ရပါတယ်။ လူဦးရေ သန်း ၃၀ ဝန်းကျင်ရှိတဲ့ ဆော်ဒီအာရေဗျနိုင်ငံဟာ ပင်လယ်ကွေ့ဒေသမှာ COVID-19 ကူးစက်မှုအများဆုံး နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၅၄,၇၀၀ ကျော်နဲ့ သေဆုံးသူ ၃၁၂ ဦးရှိခဲ့ပါတယ်။ လူဦးရေ ၂.၈ သန်းခန့်ရှိတဲ့ ကာတာမှာတော့ ကူးစက်ခံရသူ ၃၂,၆၀၀ ကျော်နဲ့ သေဆုံးသူ ၁၅ ဦးရှိခဲ့ပြီး ပင်လယ်ကွေ့မှာ ဒုတိယ ကူးစက်မှုအများဆုံး နိုင်ငံဖြစ်ပါတယ်။

(Photo: CGTN)

ကူဝိတ်နိုင်ငံမှာလည်း COVID-19 ကူးစက်ခံရသူ ၁၄,၈၀၀ ကျော်နဲ့ သေဆုံးသူ ၁၁၂ ဦးရှိခဲ့ကြောင်း ယနေ့ (မေ ၁၈ ရက်) မနက်ပိုင်းအထိ စာရင်းတွေက ဖော်ပြထားပါတယ်။ ပင်လယ်ကွေ့ဒေသ နိုင်ငံတွေအနက် အာရပ်စော်ဘွားများပြည်ထောင်စုဟာ COVID-19 ကြောင့် သေဆုံးမှုအများဆုံး နိုင်ငံဖြစ်နေပြီး လက်ရှိအချိန်အထိ သေဆုံးသူ ၂၂၀ ဦးရှိခဲ့ကြောင်းနဲ့ ကူးစက်ခံရသူ ၂၃,၃၀၀ ကျော် စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရပါတယ်။

Source: Reuters, MiddleEastEye


ဆက်စပ်အကြောင်းအရာများ


Author


က္က