မြေပြင်မှာရှိနေသူတွေလည်း သေဆုံးခဲ့ပါတယ်။
Ko John

ကွန်ဂိုဒီမိုရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းရှိ ဂိုမာမြို့မှာ နေအိမ်များပေါ်သို့ ခရီးသည်တင်လေယာဥ်ငယ်တစ်စီး ပျက်ကျခဲ့ရာ လူ ၂၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။

(လူနေဒေသအတွင်း ပျက်ကျခဲ့သည့်လေယာဥ်) (Photo: Reuters)

သေဆုံးခဲ့သူတွေအနက် လေယာဥ်ပျက်ကျခဲ့ရာ နေအိမ်များအနက်မှ နေအိမ်တစ်အိမ်တည်းမှာ ရှိနေခဲ့ကြတဲ့ မိသားစုဝင်‌ ကိုးဦးအပါအဝင် မြေပြင်မှာရှိနေသူတွေလည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ လေယာဥ်ငယ်ဟာ တနင်္ဂနွေနေ့ (နိုဝင်ဘာ ၂၄ ရက်) မနက်ပိုင်းက ဂိုမာမြို့လေဆိပ်ကနေ ထွက်ခွာသွားခဲ့ပြီးနောက် မာပင်ဒိုအရပ်မှာ ပျက်ကျခဲ့ကြောင်း North Kivu ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး အင်န်ဇန်ဇူး ကာဆီဗစ်တာက ပြောပါတယ်။

(အလောင်းတစ်လောင်းအား သယ်ယူလာစဥ်) (Photo: Justin Kabumba/AP)

နေအိမ်ပေါ်ကို ပျက်ကျခဲ့တဲ့ လေယာဥ်ပေါ်မှာ ခရီးသည် ၁၇ ဦးနဲ့ လေယာဥ်အမှုထမ်းနှစ်ဦး လိုက်ပါသွားခဲ့ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက အတည်ပြုခဲ့ပါတယ်။ လေယာဥ်‌ေပါ်မှာ လိုက်ပါလာသူ‌ေတွအနက် တစ်ဦးတည်းသာ အသက်ရှင်ခဲ့ပြီး ဒဏ်ရာရရှိခဲ့ပါတယ်။

အဆိုပါ အသက်ရှင်ကျန်သူနဲ့ ‌မြေပြင်ရှိ အခြားဒဏ်ရာရသူ ၁၆ ဦးကို ‌ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရပါတယ်။ 22Dornier8-200 အမျိုးအစား အင်ဂျင်နှစ်လုံးတပ် လေယာဥ်ဟာ ဂိုမာမြို့ရဲ့မြောက်ဘက် မိုင် ၂၂၀ ခန့်အကွာရှိ ဘင်နီမြို့သို့ ဦးတည်ပျံသန်းနေစဥ် ဂိုမာလေဆိပ်အနီး လူနေအရပ်ဒေသအတွင်း ပျက်ကျခဲ့တာဖြစ်ပါတယ်။

(ပျက်ကျခဲ့သည့် လေယာဥ်အမျိုးအစား) (Photo: Reuters)

လေယာဥ်ပျက်ကျရတဲ့ အကြောင်းရင်းကို အတိအကျ မသိရသေးပေမဲ့ လေယာဥ်ဟာ ပျံတက်ပြီးနောက် အင်ဂျင်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ကြောင်း သတင်းရင်းမြစ်အချို့က ပြောခဲ့တယ်လို့ BBC သတင်းမှာ ဖော်ပြပါတယ်။ နေအိမ်ပေါ်ကို ပျက်ကျခဲ့တဲ့ လေယာဥ်ကို ကွန်ဂို ပုဂ္ဂလိကလေကြောင်းလိုင်း Busy Bee က ပိုင်ဆိုင်ပြီး လေကြောင်းခရီးစဥ် ဝန်ဆောင်မှုများပေးနေကြောင်း သိရပါတယ်။


က္က