လူငါးဦးသာ အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ကမ်းရိုးတန်းအနီး သင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့မှုအတွင်း လူ ၃၄ ဦး သေဆုံးကြောင်း သိရပါတယ်။

(Photo: VCFD PIO/Twitter)

အစောပိုင်းမှာတော့ အလောင်း ၂၅ လောင်းကို တွေ့ရှိခဲ့ကြောင်း အာဏာပိုင်တွေက ပြောထားခဲ့ပေမဲ့ ယခုနောက်ဆုံးမှာ ပျောက်ဆုံးနေသူတွေရဲ့ အလောင်းတွေကို ရှာဖွေတွေ့ခဲ့ပြီး သေဆုံးသူ ၃၄ ဦးဖြစ်ကြောင်း အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒသစံတော်ချိန် စက်တင်ဘာ ၂ ရက် မနက်အစောပိုင်းက ကယ်လီဖိုးနီးယားပြည်နယ် စန်တာခရုဇ်ကျွန်းအနီးမှာ သင်္ဘောမီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။



မီးလောင်မှုဖြစ်ပွားခဲ့တဲ့ သင်္ဘောပေါ်မှာ လူ ၃၉ ဦးပါရှိခဲ့ပြီး ငါးဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။

မီးလောင်မှုဖြစ်ပွားပြီး မကြာမီမှာ နစ်မြုပ်သွားခဲ့တဲ့ သင်္ဘောအတွင်း အလောင်းလေးလောင်းကို တွေ့ရှိခဲ့ရပြီး အခြား အလောင်းလေးလောင်းကိုတော့ သင်္ဘောအနီး ပင်လယ်ကြမ်းပြင်မှာ တွေ့ခဲ့ရကြောင်း စန်တာဘာဘရာကောင်တီ ရဲတပ်ဖွဲ့အကြီးအကဲ ဘီလ်ဘရောင်းက အတည်ပြုထားခဲ့ပါတယ်။

(Photo: SBC Fire Info/Twitter)

စန်တာခရုဇ်ကျွန်းအနီး ပင်လယ်ပြင်မှာ သင်္ဘောမီးလောင်မှုကို မီးသတ်သမားတွေက ငြှိမ်းသတ်ခဲ့ကြပေမဲ့ မီးတောက်နဲ့ ပြင်းထန်တဲ့ အပူချိန်ကြောင့် ၎င်းတို့အနေနဲ့ ၇၅ ပေကျော်ရှည်လျားတဲ့ သင်္ဘောကိုယ်ထည်အတွင်း ချက်ချင်း ချိုးဖျက်ဝင်ရောက်ပြီး အသက်ရှင်ကျန်ရစ်သူတွေရှိ မရှိ မကြည့်နိုင်ခဲ့ကြဘူးလို့ ဆိုပါတယ်။

နာရီအတန်ကြာ မီးငြှိမ်းသတ်ခဲ့ပြီးနောက် သင်္ဘောဟာ ၆၅ ပေနက်တဲ့ ရေအောက်ကို နစ်မြှုပ်သွားခဲ့ပြီလို့လည်း သိရပါတယ်။ မီးလောင်မှုဖြစ်ပွားခဲ့တဲ့ သင်္ဘောဟာ ရေငုပ်သူတွေကို သယ်ယူပို့ဆောင်ပေးတဲ့ သင်္ဘောဖြစ်ပြီး ဆိပ်ကမ်းမှ ကိုက် ၂၀ အကွာမှာ ကျောက်ချရပ်နားထားခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

(Photo: Reuters)

"ဒီအချိန်မှာတော့ အသက်ရှင်သူရှိတယ်လို့ ကျွန်တော် မသိထားပါဘူး၊ သေဆုံးဒဏ်ရာရမှုတွေကို အတည်ပြုဖို့တော့ စောလွန်းပါသေးတယ်" လို့ သင်္ဘောမီးလောင်မှုဖြစ်တဲ့နေ့မှာ ကမ်းခြေစောင့်တပ်ဖွဲ့အရာရှိ Aaron Bemis က CNN သတင်းဌာနကို ပြောခဲ့ပါတယ်။

၎င်းရဲ့အဆိုအရ စက်တင်ဘာ ၂ ရက် ဒေသစံတော်ချိန် မနက် ၃ နာရီ ၁၅ မိနစ်မှာ သင်္ဘောမီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး ခရီးသည်တွေဟာ သင်္ဘောအောက်ထပ်ရှိ အိပ်ခန်းနေရာမှာ အိပ်ပျော်နေခဲ့ကြပုံရတယ်လို့ သိရပါတယ်။ ကယ်ဆယ်နိုင်ခဲ့တဲ့ သင်္ဘောအမှုထမ်း ငါးဦးကတော့ သင်္ဘောကုန်းပတ်ပေါ်မှာ ရှိနေခဲ့ကြပြီး သင်္ဘောကနေ စွန့်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

(Photo: Toby Canham/Daily Mail)

"မီးက အရမ်းပြင်းတယ်၊ မီးငြှိမ်းပြီးတဲ့အချိန်အထိ အပူချိန်ကလည်း အရမ်းပြင်းပါတယ်၊ အသက်ရှင်ကျန်သူတွေကို ရှာဖွေဖို့အတွက် သင်္ဘောပေါ်ကို ဘယ်လိုမှ မတက်နိုင်ခဲ့ကြဘူး" လို့ Aaron Bemis က ပြောခဲ့ပါတယ်။ မီးလောင်မှုကို အကြိမ်ကြိမ် ငြှိမ်းသတ်ခဲ့ရပြီး သင်္ဘောပေါ်မှ လောင်စာဆီတွေကြောင့် မီးပြန်လောင်မှုတွေ ဖြစ်ခဲ့ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် ဗင်တူရာကောင်တီ ပြောခွင့်ရပုဂ္ဂိုလ်က သင်္ဘောမီးလောင်မှုအတွင်း လူအများအပြား သေဆုံးခဲ့ဖွယ်ရှိကြောင်း CNN ကို ပြောခဲ့ပါတယ်။ "သေဆုံးဒဏ်ရာရသူ အတော်များများရှိတယ်လို့ ကျွန်တော်တို့ သိရပါတယ်၊ အရေအတွက် အတိအကျကိုတော့ မသိသေးပါဘူး" လို့ အဆိုပါ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

Share

Loading Next Article...
က္က