ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီတစ်ခုမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၁၂ ရက်) ညနေပိုင်းမှာ ဖြစ်ပွားခဲ့ရာ သေနတ်သမား အပါအဝင် လူခြောက်ဦး သေဆုံးခဲ့ပါတယ်။

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီနေရာ (Photo: KBAK/KBFX)





ဘိတ်ကာစ်ဖီးမြို့ရှိ ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီတစ်ခုမှာ အမျိုးသားတစ်ဦးက ၎င်းရဲ့ဇနီးနဲ့ အခြား အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ကန်းန်ကောင်တီ ရဲအရာရှိ ဒန်နီယန်းဘလက်က ပြောပါတယ်။

ထို့နောက် သေနတ်သမားက ကုမ္ပဏီအနီးမှာရှိနေခဲ့တဲ့ နောက်ထပ် အမျိုးသားတစ်ဦးနဲ့ နေအိမ်တစ်အိမ်ရှိ အမျိုးသားနှစ်ဦးတို့ကို ဆက်လက် ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

ကန်းန်ကောင်တီ ရဲအရာရှိ ဒန်နီယန်းဘလက် (Photo: Sam Morgan/The Californian



ဆက်တိုက် ပစ်ခတ်ပြီးနောက် သေနတ်သမားက ကားတစ်စီးကို လုယူသွားခဲ့ပြီး ရဲအရာရှိတစ်ဦးနဲ့ ထိပ်တိုက်တွေ့ခဲ့စဉ်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တယ်လို့ ဒန်းနီယန်းဘလက်က ပြောခဲ့ပါတယ်။

ယခုဖြစ်ရပ်ဟာ ကြုံရာလူကို ပစ်ခတ်ခြင်းမျိုးမဟုတ်ဘဲ သေနတ်သမားနဲ့ ပစ်သတ်ခံရသူတွေကြား ဆက်နွယ်မှုရှိနိုင်ကြောင်း ရဲတွေက သုံးသပ်ထားပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က