ဇာဗီကိုသာ ခန့်အပ်မယ်လို့ ကြိုတင် အသိပေးထားပါတယ်။

ဗစ်တာဖောင့်က ၂၀၂၁ မတ်လမှာ ပြုလုပ်မယ့် ဘာစီလိုနအသင်း ဥက္ကဌသစ် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် လောင်းတစ်ဦးဖြစ်ပြီး သူဥက္ကဌဖြစ်လာရင် ဇာဗီကို ခန့်မယ်လို့ ကြိုတင် အသိပေးပြောလိုက်တာပါ။

ဘာစီလိုနာအသင်းရဲ့ ဥက္ကဌသစ်အဖြစ် ရေပန်းစားနေတဲ့ ဗစ်တာဖောင့်က လက်ရှိ အသစ်ခန့်အပ်လိုက်တဲ့ နည်းပြ သစ်ကိုးလ်မန်းအနေနဲ့ ရာသီသစ်မှာ ဆုဖလား ၃လုံး တပြိုင်နက် ဆွတ်ခူးနိုင်လည်း မိမိဥက္ကဌအဖြစ် ရွေးချယ်ခံရပါ က နည်းပြ မဖြစ်နိုင်ဟု ပြောဆိုလိုက်ပါတယ်။

ဖောင့်က လက်ရှိအချိန်မှာ ဘိုင်ယန်ကို ၈-၂ဂိုးနဲ့ ရှုံးလို့ ထွက်ရမယ့်အရေးနဲ့ ရင်ဆိုင်နေရတဲ့ ဥက္ကဌ ဘာတိုမြူနေရာ မှာ ရွေးချယ်ခံရဖို့ ဆန်ကာတင်ထားခံရတဲ့ ဥက္ကဌလောင်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ ဘိုင်ယန်ကို ရှုံးပြီးနောက် အသင်းရဲ့ အဓိက ကစားသမား မက်ဆီကို ဆုံးရှုံးရမလို ဖြစ် နေပေမယ့် အမှန်တယ် အသင်းနဲ့ လမ်းခွဲခဲ့ရသူတွေကတော့ နည်းပြချုပ် ဆက်တီယန်နဲ့ အားကစားဒါရိုက်တာ အဲရစ် အဘီဒယ်လ်တို့ပဲ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ ဥက္ကဌသစ်ရွေးချယ်မှုကို လာမယ့် ၂၀၂၁ မတ်လမှာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ Goal.comက ဖော်ပြထားပါတယ်။

“ကျွန်တော် ရွေးချယ်ခံရရင် ကိုးလ်မန်း နည်းပြအဖြစ် မရှိနိုင်ပါဘူး၊သူက အသင်းရဲ့ ဂန္တဝင်တစ်ဦးလည်း ဖြစ်ပါ တယ်။လက်ရှိအသင်းနဲ့အဝတ်လဲခန်းအတွင်း ရှုပ်ထွေးမှုတွေအကြား နည်းပြနေရာအတွက် ရွေးချယ်လာမှုအတွက် သူ့ကို ကျေးဇူးတင်သင့်ပါတယ်။သူ့အတွက် ရာသီသစ်မှာ ဆုဖလား ၃လုံးဆွတ်ခူးပါစေလို့ ဆုတောင်းပေးသင့်ပါ တယ်။ကျွန်တော်တို့က အနာဂတ် လူငယ်စီမံကိန်းကိုအခြေခံပြီး ကာလရှည်လုပ်ဆောင်နိုင်မယ့်သူကို ရွေးချယ်ဖို့ လိုပါတယ်။”လို့ဗစ်တာဖောင့်က ဆိုပါတယ်။

ဖောင့်က သူ့အနေနဲ့ ဥက္ကဌဖြစ်လာရင်တော့ ကလပ်အသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိ ကာတာ ကလပ် အယ်လ်ဆတ်အသင်းမှာ နည်းပြလုပ်နေတဲ့ ဇာဗီကိုခန့်အပ်ဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။

“ဇာဗီက အသင်းရဲ့ အလုံးစုံကို နားလည်ပြီး အတူတကွ စည်းလုံးအောင် လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ဘယ်သူပဲ အားကစားဒါရိုက်တာအဖွဲ့မှာ တာဝန်ရှိသည်ဖြစ်စေ သူသာ ဖြစ်နိုင်ပါလိမ့်မယ်။”လို့လည်း ဖောင့်ကဆက်လက်ဆို ပါတယ်။

တစ်ချိန်တည်းမှာပဲ အသင်းရဲ့ ဖလားလက်မဲ့ရာသီကြောင့် အသင်းခေါင်းဆောင် မက်ဆီ အသင်းက ထွက်ခွာတော့ မယ့်သတင်းတွေ ထွက်ပေါ်လျက်ရှိပြီး ဒီအပေါ်မှာ လက်ရှိ ဥက္ကဌ ဘာတိုမြူက မက်ဆီအသင်းမှာ ဆက်ရှိနေမယ် လို့ ဆိုပါတယ်။

“မက်ဆီက တကယ်ကို စိတ်ပျက်နေတာပါ၊ဘာလို့လဲဆိုတော့ ကလပ်အသင်းရဲ့ အားကစား၊စီးပွားရေးနဲ့လုပ်ငန်း အဖွဲ့အစည်းကြားမှာ ရှုပ်ထွေးမှုတွေကြောင့်ပါ။ကျွန်တော်ကတော့ မက်ဆီအနေနဲ့ ဇာဗီလက်အောက်မှာဆိုရင် အဆင်ပြေမယ်လို့ ယုံကြည်ပြီး ၂၀၂၁မှာ ဇာဗီလက်အောက်ကစားဖို့ မျှော်လင့်ထားပါတယ်။”လို့ ဖောင့်က ပြော ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က