OX5034 လို့ မျိုးဗီဇပြုပြင်ထားတဲ့ Aedes aegypti ခြင်ထီးတွေ လွှတ်သွားမှာဖြစ်ပါတယ်။
Ko John

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် တာဝန်ရှိသူတွေက ပြည်နယ်အတွင်း ခြင်ပေါက်ပွားမှုလျှော့ချရန် မျိုးဗီဇပြုပြင်ထားတဲ့ ခြင်အကောင်ရေ သန်း ၇၅၀ ကို လွှတ်ခွင့်ပြုလိုက်ကြောင်း သိရပါတယ်။

(Photo: Getty Images/iStockPhoto)

မျိုးဗီဇပြုပြင်ထားတဲ့ ခြင်များလွှတ်ခြင်းဟာ သွေးလွန်တုပ်ကွေး သို့မဟုတ် ဇီကာကဲ့သို့ရောဂါများ သယ်ဆောင်တဲ့ ခြင်အကောင်ရေကို လျှော့ချရန်ရည်ရွယ်တာ ဖြစ်ပါတယ်။ ခြင်တွေလွှတ်မယ့် စမ်းသပ်စီမံကိန်းကို ဖလော်ရီဒါမှာ နှစ်နဲ့ချီကြာ ဆွေးနွေးငြင်းခုန်နေခဲ့ကြပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အုပ်စုတွေက ရည်ရွယ်မထားတဲ့ နောက်ဆက်တွဲ အကျိုးဆက်များနဲ့ ပတ်သက်ပြီး သတိပေးမှုတွေရှိခဲ့ပါတယ်။



အုပ်စုတစ်ခုကတော့ ခြင်တွေလွှတ်မယ့် အစီအစဥ်ကို အများပြည်သူကြား Jurassic Park စမ်းသပ်မှုအဖြစ် ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေက ဂေဟစနစ် ပျက်ယွင်းနိုင်ကြောင်းနဲ့ ပိုမွှားသတ်ဆေးကို ခံနိုင်ရည်ရှိတဲ့ခြင်များ ဖြစ်လာနိုင်တဲ့ အလားအလာကို သတိပေးခဲ့ပါတယ်။

(Photo: AP)

သို့သော် မျိုးဗီဇပြုပြင်ထားတဲ့ ခြင်တွေလွှတ်မယ့် စီမံကိန်းမှာ ပါဝင်လုပ်ကိုင်နေတဲ့ ကုမ္ပဏီကတော့ ယခုအစီအစဥ်က လူတွေ သို့မဟုတ် ပတ်ဝန်းကျင်အတွက် အန္တရာယ်ရှိမှာ မဟုတ်ကြောင်းနဲ့ အစိုးရက ကျောထောက်နောက်ခံပြုထားတဲ့ လေ့လာမှုများကို ထောက်ပြခဲ့ပါတယ်။

အစီအစဥ်အရ ပြည်ထောင်စုကြီးကြပ်ရေးအဖွဲ့က မျိုးဗီဇပြုပြင်ထားတဲ့ ခြင်တွေကို စစ်ဆေးခွင့်ပြုချက်ပေးပြီးနောက် ၂၀၂၁ ခုနှစ်အတွင်း ဖလော်ရီဒါြပည်နယ်ရှိ ဖလော်ရီဒါကီးစ်ကျွန်းဆွယ် (Florida Keys) မှာ ခြင်တွေ လွှတ်သွားမှာဖြစ်ပါတယ်။ အမေရိကန် ပတ်ဝန်ကျင်းဆိုင်ရာဌာန (US Environmental Agency) က ဗြိတိန်အခြေစိုက် အမေရိကန်ကုမ္ပဏီ Oxitec ကို OX5034 လို့ခေါ်ဝေါ်တဲ့ မျိုးဗီဇပြုပြင်ထားတဲ့ Aedes aegypti ခြင်ထီးများ မွေးမြူထုတ်လုပ်ရန် မေလအတွင်း ခွင့်ပြုခဲ့ပါတယ်။

(Photo: Shutterstock/Digital Images Studio)

Aedes aegypti ခြင်တွေဟာ သေဆုံးစေနိုင်တဲ့ သွေးလွန်တုပ်ကွေး၊ ဇီကာ၊ အသားဝါရောဂါကဲ့သို့ ရောဂါတွေကို လူတွေမှာ ကူးစက်ပျံ့နှံ့စေနိုင်ပါတယ်။ ခြင်တွေမှာ ခြင်မတွေကသာ ဥချရန် သွေးလိုအပ်မှုကြောင့် လူတွေကို ကိုက်တာဖြစ်ပါတယ်။ ထိုအခြေအနေအရ မျိုးဗီဇပြပြုင်ထားတဲ့ ခြင်ထီတွေကို လွှတ်ပေးလိုက်ပြီး ခြင်မတွေနဲ့ သားပေါက်စေရန် စီစဥ်ထားပါတယ်။

မျိုးဗီဇပြုပြုင်ထားတဲ့ ခြင်ထီးတွေက ပရိုတိန်းတစ်မျိုး သယ်ဆောင်ထားပြီး ထိုပရိုတိန်းက ပေါက်ပွားလာတဲ့ ခြင်မတွေကို ကိုက်တဲ့အရွယ် မရောက်မီအချိန်မှာ သေဆုံးစေမယ်လို့ သိရပါတယ်။ ပေါက်ပွားလာတဲ့ ခြင်ထီးတွေကတော့ အသက်ရှင်မှာဖြစ်ပြီး မျိုးဗီဇကို ဆက်လက် သယ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ 

Source: CNN, BBC


Author


က္က