မြို့ကြီး ၂၈ မြို့မှာ မီးခိုးမြူအခြေအနေကို တိုင်းတာပြီး ကျန်းမာရေးအပေါ် သက်ရောက်မှုကို ခန့်မှန်းထားပါတယ်။

လေထုညစ်ညမ်းမှုက ဘေဂျင်းနဲ့ရှန်ဟိုင်း နှစ်မြို့တည်းမှာပင် ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစပြီး ခန့်မှန်းခြေအားဖြင့် လူသေဆုံးမှု ၄၉,၀၀၀ နဲ့ အမေရိကန်ဒေါ်လာ ၂၃ ဘီလီယံ စီးပွားရေးဆုံးရှုံးမှုကို ဖြစ်စေကြောင်း သဘာဝပတ်ဝန်းကျင်အုပ်စုတွေက ဆောင်ရွက်ထားတဲ့ သန့်ရှင်းလေထုစောင့်ကြည့်မှုရဲ့ ဇူလိုင် ၉ ရက် အချက်အလက်တွေအရ သိရှိရပါတယ်။

(ဘေဂျင်းမြို့ လေထုညစ်ညမ်းမှု) (Photo: Jason Lee/Reuters)

ဖင်လန်နိုင်ငံ ဟယ်လ်စင်ကီးမြို့အခြေစိုက် Centre for Research on Energy and Clean Air (CREA)၊ Greenpeace Southeast Asia နဲ့ IQAir Air Visual တို့က စီစဥ်ဆောင်ရွက်ထားတဲ့ အွန်လိုင်းစနစ်က ကမ္ဘာတစ်ဝှမ်းရှိ မြို့ကြီး ၂၈ မြို့မှာ မီးခိုးမြူအခြေအနေကို တိုင်းတာပြီး ကျန်းမာရေးအပေါ် သက်ရောက်မှုကို ခန့်မှန်းရန် Global Burden of Disease သုတေသနအစီအစဥ်ရဲ့ တွက်ချက်မှုပုံစံတွေကို အသုံးပြုထားပါတယ်။



(ရှန်ဟိုင်းမြို့ လေထုညစ်ညမ်းမှု) (Photo: Qilai Shen/EPA)

မီးခိုးမြူများဖြင့် လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားမှုဟာ အဆုတ်နဲ့ပတ်သက်တဲ့ နာတာရှည်ရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ ကင်ဆာကဲ့သို့ ရောဂါအများအပြားနဲ့ ဆက်စပ်နေပါတယ်။ စီးပွားရေးအရ သက်ရောက်မှုကိုတော့ အလုပ်ပျက်ကွက်မှုများနဲ့ နာမကျန်းမှုတွေကြောင့် နှစ်နဲ့ချီ ဆုံးရှုံးမှုကဲ့သို့ ဖြစ်ရပ်တွေကို ခန့်မှန်းတွက်ချက်ပါတယ်။ လေထုညစ်ညမ်းမှု အဆိုးရွားဆုံး မြို့ကြီးတစ်ခုဖြစ်တဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာလည်း ယခုနှစ်မှာ အသက်ဆုံးရှုံးမှု ၂၅,၀၀၀ ဖြစ်စေတယ်လို့ ခန့်မှန်းခဲ့ပါတယ်။

(နယူးဒေလီမြို့ လေထုညစ်ညမ်းမှု) (Photo: AP)

သန့်ရှင်းလေထုစောင့်ကြည့်မှုအရ မီးခိုးမြူများဖြင့် လေထုညစ်ညမ်းမှုက ဇန်နဝါရီ ၁ ရက်မှစပြီး ရှန်ဟိုင်းမြို့မှာ သေဆုံးမှု ၂၇,၀၀၀ နဲ့ ဘေဂျင်းမြို့မှာ ၂၂,၀၀၀ ဖြစ်စေတယ်လို့ ခန့်မှန်းကြောင်း သိရပါတယ်။ တရုတ်မှာ ၂၀၂၀ ခုနှစ်အတွင်း COVID-19 ကူးစက်မှုထိန်းချုပ်ရေး lockdown လုပ်ထားခဲ့ရာ ယာဥ်အသွားအလာ နည်းပါးသွားခဲ့ပြီး ယမန်နှစ်နဲ့ နှိုင်းယှဥ်ပါက မီးခိုမြူများဖြင့် လေထုညစ်ညမ်းမှုဟာ လျော့နည်းသွားခဲ့တယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က