လေထုညစ်ညမ်းမှုနဲ့ COVID-19 ကြောင့် အီတလီမြောက်ပိုင်းမှာ သေဆုံးမှုတွေကြား ဆက်စပ်မှုရှိနိုင်ပါတယ်။

လေထုညစ်ညမ်းမှုက COVID-19 ကြောင့် သေဆုံးနိုင်မှုအန္တရာယ် မြင့်တက်စေနိုင်ကြောင်း လေ့လာမှုနှစ်ခုက ပြောပါတယ်။

(Photo: Eduardo Munoz Alvarez)

လေထုညစ်ညမ်းမှု မြင့်တက်ဆိုးရွားတဲ့ လက်တင်အမေရိက၊ အာဖရိကနဲ့ အာရှဒေသမှ နိုင်ငံအများအပြားဟာ ကြိုတင်ပြင်ဆင်မှု တိုးမြှင့်လုပ်ဆောင်သင့်ကကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) မှ ဒေါက်တာမာရီယာနီရာက BBC ကို ပြောပါတယ်။



လူဦးရေထူထပ်မှု ပြဿနာများနဲ့ လေထုညစ်ညမ်းမှုမြင့်တက်တဲ့ နိုင်ငံတွေမှာ COVID-19 ရောဂါ ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။ သို့သော် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ ယခု ဆက်စပ်မှုကို သက်သေပြရန် စောလွန်းနေသေးကြောင်း ပြောကြပါတယ်။

(Photo: Hindustan Times)

"ကျွန်မတို့ရဲ့ အချက်အလက်တွေကို အခြေခံပြီး လူဦးရေအထူထပ်ဆုံး မြို့ကြီးတွေရဲ့ မြေပုံတစ်ခုကို ရေးဆွဲသွားပါမယ်၊ ဒါဆိုရင် သက်ဆိုင်ရာ အစိုးရတွေအနေနဲ့ ကပ်ရောဂါနဲ့ ပတ်သက်ပြီး တုံ့ပြန်ဆောင်ရွက်ဖို့ အစီအစဥ်ကို လိုအပ်သလို ကြိုတင်ပြင်ဆင်နိုင်မှာပါ" လို့ ဒေါက်တာမာရီယာက ဆိုပါတယ်။

အမေရိကန် လေ့လာမှုတစ်ခုအရ နေရာဒေသတွေမှာ ကပ်ရောဂါကူးစက်ဖြစ်ပွားမှု မတိုင်မီ နှစ်များအတွင်း လေထုညစ်ညမ်းမှု အနည်းငယ်မျှ မြင့်တက်ဆိုးရွားနေခဲ့ပင်လျှင် COVID-19 ကြောင့် သေဆုံးမှုနှုန်းဟာ ၁၅ ရာခိုင်နှုန်း မြင့်တက်နိုင်တယ်လို့ ယူဆထားပါတယ်။

(Photo: Claudio Furlan)

အီတလီနိုင်ငံရှိ Siena တက္ကသိုလ်နဲ့ ဒိန်းမတ်နိုင်ငံရှိ Arhus တက္ကသိုလ်တို့က ပြုလုပ်ခဲ့တဲ့ နောက်ထပ် လေ့လာမှုတစ်ခုကလည်း လေထုညစ်ညမ်းမှုနဲ့ COVID-19 ကြောင့် အီတလီမြောက်ပိုင်းမှာ သေဆုံးမှုတွေကြား ဆက်စပ်မှုရှိနိုင်ကြောင်း သုံးသပ်ထားပါတယ်။ COVID-19 ကြောင့် သေဆုံးမှုနှုန်းဟာ အီတလီမြောက်ပိုင်းရှိ Lombardy နဲ့ Emilia Romagna နယ်မြေတွေမှာ ၁၂ ရာခိုင်နှုန်းဖြစ်ခဲ့ပြီး ကျန်တဲ့နေရာတွေမှာတော့ ၄.၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။

အီတလီမြောက်ပိုင်းမှာ လေထုညစ်ညမ်းမှု မြင့်မားခြင်းကို ထိုနယ်မြေအတွင်း COVID-19 ကြောင့် သေဆုံးမှုများပြားစေခဲ့တဲ့ ပူးတွဲအကြောင်းရင်းတစ်ခုအဖြစ် ထည့်သွင်းစဥ်းစားသင့်ကြောင့် Science Direct ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့တဲ့ လေ့လာမှုက ပြောထားပါတယ်။

(Photo: Marco Bertorello)

ထို့အတူ COVID-19 ကြောင့် သေဆုံးမှုနှုန်းနဲ့ ပတ်သက်ပြီး လူဦးရေထူထပ်မှု၊ အသက်အရွယ်၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်များ ကွဲပြားခြားနားခြင်းနဲ့ ကာကွယ်တာဆီးရေး မူဝါဒများ ကွဲလွဲမှုတွေကိုလည်း အကြောင်းရင်းများအဖြစ် စဥ်းစားသင့်ကြောင်း လေ့လာမှုက ဆိုပါတယ်။ ထိုအတောအတွင်း ဖိလစ်ပိုင်နိုင်ငံမှာ Association for Respiratory Care Practitioners မှ Cesar Bugaoisan ကလည်း "ကနဦး လေ့လာမှုအချက်အလက်တွေအရ ဖိလစ်ပိုင်မှာ COVID-19 ကြောင့် သေဆုံးခဲ့သူ အားလုံးနီးပါးက နဂိုရောဂါအခံရှိကြပြီး သူတို့ထဲက အများစုက လေထုညစ်ညမ်းမှုနဲ့ ဆက်စပ်နေပါတယ်" လို့ ပြောခဲ့ပါတယ်။

(Photo: Claudio Reyes)

ကမ္ဘာတစ်ဝှမ်း လေထုညစ်ညမ်းမှုကြောင့် လူဦးရေ ၇ သန်းခန့် နှစ်စဥ် သေဆုံးနေကြောင်း WHO က ထုတ်ပြန်ထားပါတယ်။ ကမ္ဘာ့လူဦးရေ ၉၀ ရာခိုင်နှုန်းဟာ လေထုညစ်ညမ်းမှု ကန့်သတ်အဆ့င်ကိုကျော်လွန်တဲ့ နေရာတွေမှာ နေထိုင်လျက်ရှိပြး အများစုဟာ ဆင်းရဲတဲ့နိုင်ငံတွေမှာ ဖြစ်ပါတယ်။ လေထုညစ်ညမ်းမှု သက်ရောက်မှုရှိနေတဲ့ နိုင်ငံအများအပြားဟာ တောင်အာရှ၊ အရှေ့အလယ်ပိုင်း၊ ဆာဟာရအောက်ပိုင်းနဲ့ မြောက်အမေရိကတို့မှာ တည်ရှိကြကြောင်း ကမ္ဘာ့ဘဏ် (World Bank) ရဲ့ ယမန်နှစ် အစီရင်ခံစာအရ သိရပါတယ်။

Source: The Guardian, BBC

Share

Loading Next Article...
က္က