ဖိလစ်ပိုင်မှာ COVID-19 ဗိုင်းရပ်စ်တိုက်ဖျက်ရေး အသွားအလာ ပိတ်ပင်ကန့်သတ်ထားတဲ့ lockdown အစီအမံကို မလိုက်နာဘဲ ချိုးဖောက်ကာ ပြဿနာရှာသူများ ပစ်သတ်ခံရနိုင်ကြောင်း သမ္မတဒူတာတေးက ပြောကြားလိုက်ပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေကို ရန်ပြုမှုဟာလည်း ကြီးလေးတဲ့ ရာဇဝတ်ပြစ်မှုဖြစ်ပြီး သည်းခံမှာမဟုတ်ကြောင်း ဒူတာတေးက သတိပေးခဲ့ပါတယ်။ လူတိုင်းက ပူးပေါင်းဆောင်ရွက်ပြီး နေအိမ်မှာနေရတဲ့ အစီအမံကို လိုက်နာရန် အလွန်အရေးကြီးကြောင်းနဲ့ အာဏာပိုင်တွေက ရောဂါကူးစက်မှုနှေးကွေးစေရန် ကြိုးပမ်းနေကြောင်း သမ္မတဒူတာတေးက ပြောပါတယ်။
"ဒါက ပိုဆိုးလာနေတယ်၊ ဒါကြောင့် ပြဿနာရဲ့ အရေးကြီးမှုကို ကျွန်တော် နောက်တစ်ကြိမ် ထပ်ပြောပါတယ်၊ အားလုံး နားထောင်ကြရမှာပါ" လို့ ဒူတာတေးက ဗုဒ္ဓဟူးနေ့ (ဧပြီ ၁ ရက်) နှောင်းပိုင်း ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောခဲ့ပါတယ်။
(Photo: Anton Amosco/CNNPH)
၎င်းတို့က ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ရန်လိုမှုတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။ ဖိလစ်ပိုင်မှာ ယနေ့ (ဧပြီ ၂ ရက်) နေ့လယ်ပိုင်းအထိ ဗိုင်းရပ်စ်ကူးစက်ခံသူ ၂,၃၁၁ ဦး စစ်ဆေးတွေ့ရှိထားပြီး ၉၆ ဦး သေဆုံးခဲ့ပါတယ်။ ဖိလစ်ပိုင်မှာ နေ့စဥ် ဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ် ရာနဲ့ချီ တိုးလာနေခဲ့ပါတယ်။ ကူးစက်မှုတွေ အဆိုးရွားဆုံး ဖြစ်ပွားနေတဲ့ လူဇွန်ကျွန်းမှာ အသွားအလာ ပိတ်ပင်ကန့်သတ်ပြီး lockdown လုပ်မှုကို တစ်လကြာ သတ်မှတ်ထားကြောင်း သိရပါတယ်။