တောင်ကိုရီးယားနဲ့ နယ်စပ်ဒေသရှိ ကေဆောင်မြို့ကို lockdown လုပ်ထားပါတယ်။

ယခုလအတွင်း နှစ်နိုင်ငံနယ်စပ်ကို တရားမဝင်ဖြတ်ကျော်ပြီး တောင်ကိုရီးယားမှ မြောက်ကိုရီးယားသို့ ပြန်လာသူတစ်ဦးထံမှာ COVID-19 ကူးစက်ခံထားရကြောင်း သံသယရှိခဲ့ပြီး‌နောက် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က အရေး‌ပေါ် ပေါ်လစ်ဗျူရိုအစည်းအဝေး ခေါ်ယူခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာ KCNA က ယနေ့ (ဇူလိုင် ၂၆ ရက်) ပြောပါတယ်။

(Photo: KCNA/Reuters)

ထိုသံသယလူနာဟာ လွန်ခဲ့တဲ့သုံးနှစ်က ဘက်ပြောင်းခိုလှုံသွားခဲ့သူဖြစ်ပြီး နယ်စပ်မှတစ်ဆင့် မြောက်ကိုရီးယားသို့ ပြန်လာခဲ့ကြောင်းနဲ့ ၎င်းထံမှာ COVID-19 ရောဂါလက္ခဏာများ တွေ့ရကြောင်း KCNA က ဆိုပါတယ်။ အဆိုပါသတင်းကို ကြားသိရပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ထိပ်တန်တာဝန်ရှိသူတွေနဲ့ ပေါ်လစ်ဗျူရို အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကာ တောင်ကိုရီးယားနဲ့ နယ်စပ်ဒေသရှိ ကေဆောင်မြို့ကို lockdown လုပ်ထားလိုက်ကြောင်း သိရပါတယ်။ ယခု သံသယလူနာဟာ COVID-19 ကူးစက်ခံထားရကြောင်း အတည်ပြုခဲ့ပါက မြောက်ကိုရီးယား အာဏာပိုင်တွေက တရားဝင် ထုတ်ဖော်ပြောတဲ့ နိုင်ငံအတွင်း ပထမဆုံး ကူးစက်ခံရသူတွေ့ရှိမှု ဖြစ်လာမယ်လို့ ဆိုပါတယ်။



(Photo: Reuters)

မြောက်ကိုရီးယားအစိုးရက ၎င်းတို့နိုင်ငံမှာ COVID-19 ကူးစက်ခံရသူမရှိကြောင်း ပြောထားခဲ့ပါတယ်။မြောက်ကိုရီးယားနိုင်ငံဟာ ထောင်နဲ့ချီတဲ့ COVID-19 စစ်ဆေးကိရိယာတွေကို ရုရှားနဲ့ အခြား နိုင်ငံများထံမှ လက်ခံရရှိထားပြီး နယ်စပ်တွေကို တင်းကျပ်စွာ ပိတ်ပင်ထားခဲ့ပါတယ်။ မြောက်ကိုရီးယားမှာ အစောပိုင်းက လူဦးရေ ထောင်နဲ့ချီပြီး အသွားအလာကန့်သတ် နေထိုင်စေခဲ့ပေမဲ့ လတ်တလောမှာတော့ ပိတ်ပင်ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က