လိင်ဗီဒီယိုများ လွှမ်းမိုးမှုခံနေရတယ်လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံမှာ အသက် ၁၂ နှစ်အရွယ် ယောက်ျားလေးတစ်ဦးက မိုဘိုင်းဖုန်းတစ်လုံးဖြင့် ၎င်းကြည့်ရှုခဲ့တဲ့ လိင်မှုဗီဒီယိုများ လွှမ်းမိုးမှုခံနေရပြီးနောက် အသုံးလေးနှစ်အရွယ် မိန်းကလေးကို သုံးကြိမ် အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့ (ဇူလိုင် ၂ ရက်) ပြောပါတယ်။

(Photo: Women, Family and Community Development Ministry of Malaysia)

အဓမ္မပြုကျင့်မှုကျူးလွန်တဲ့ အဆိုပါ ယောက်ျားလေးကို ရဲအရာရှိတွေက စစ်ဆေးမေးမြန်းခဲ့ရာ ၎င်းက ဝန်ခံခဲ့တယ်လို့ Batu Gajah ရဲတပ်ဖွဲ့ လက်ထောက်ရဲမင်းကြီး Ahmad Adnan Basri က ပြောခဲ့ပါတယ်။ အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးဟာ ကျူးလွန်သူ ယောက်ျားလေးရဲ့ မိခင်ဖြစ်သူက ကလေးထိန်းအဖြစ် ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ ကလေးမလေးဖြစ်ကြောင်းလည်း သိရပါတယ်။

ထိုမိန်းကလေးက သူမရဲ့ မိန်းမကိုယ်နေရာမှ နာကျင်ကြောင်းပြောခဲ့ရာ မိခင်ဖြစ်သူက ပြီးခဲ့တဲ့ သောကြာနေ့ (ဇွန် ၂၈ ရက်) မှာ သူမကို Tanjung Tualang ဆေးခန်းသို့ ခေါ်ဆောင်သွားခဲ့ပါတယ်။ ဆရာဝန်တွေက လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်ပြီးနောက် ရဲတပ်ဖွဲ့ထံ တိုင်ကြားရန် အကြံပြုခဲ့တယ်လို့ဆိုပါတယ်။

(Photo: The Star)

ထို့နောက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး အဓမ္မပြုကျင့်ခဲ့တဲ့ ယောက်ျားလေးကို ဖမ်းဆီးခဲ့ကာ ဇူလိုင် ၅ ရက်နေ့အထိ ထိန်းသိမ်းထားရန် ရမန်ယူထားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ယခုဖြစ်ရပ် ဖြစ်ပြီးပြီးနောက် လက်ထောက်ရဲမင်းကြီး Ahmad Adnan က မိဘတွေအနေနဲ့ ၎င်းတို့ရဲ့ ကလေးတွေ အင်တာနက်အသုံးပြုမှုကို သတိထားကြရန် တိုက်တွန်းခဲ့ပါတယ်။ မလေးရှားမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Women, Family and Community Development ဝန်ကြီးဌာနက မူကြိုကျောင်းနေအရွယ် ကလေးငယ်တွေအတွက် လိင်အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ပညာပေးဗီဒီယိုများ ဖြန့်ဝေခဲ့ပါတယ်။

(Photo: Women, Family and Community Development Ministry of Malaysia)

အဆိုပါ တစ်မိနစ်စာ ပညာပေးဗီဒီယိုများထဲမှာ ကလေးငယ်တွေကို အရွယ်ရောက်ပြီးသူတွေက ထိတွေ့ကိုင်တွယ်မှုနဲ့ ပတ်သက်ပြီး သတိပြုသင့်တာတွေကို ကာတွန်းရုပ်ပုံများဖြင့် သရုပ်ဖော် သင်ကြားပြသထားပါတယ်။ ဒါ့အပြင် ကလေးငယ်တွေအနေနဲ့ ၎င်းတို့ ယုံကြည်တဲ့ သိကျွမ်းပြီးသား အရွယ်ရောက်သူတွေက မဖွယ်မရာ ထိတွေ့ကိုင်တွယ်မှု တွေ့ကြုံရပါက တိုင်ကြားကြရန်လည်း တိုက်တွန်းထားကြောင်း CNA သတင်းမှာ ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က