မဲလ်ဘုန်းမှာ lockdown လုပ်ထားပြီး mask တပ်ရန် ညွှန်ကြားထားပါတယ်။

COVID-19 ကူးစက်မှုတွေ မြင့်တက်နေတဲ့ ဩစတြေးလျနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မဲလ်ဘုန်းမြို့မှာ lockdown လုပ်ထားပြီး mask တပ်ရန် အမိန့်ထုတ်ညွှန်ကြားထားပေမဲ့ ကူးစက်ဖြစ်ပွားမှုတွေကို ထိန်းချုပ်နိုင်ရန် သီတင်းပတ်များနဲ့ချီ ကြာမြင့်နိုင်ကြောင်း ဆေးဘက်ဆိုင်ရာ ယာယီအကြီးအကဲက ဇူလိုင် ၂၀ ရက်နေ့မှာ ပြောပါတယ်။

(Photo: EPA-EFE)

ဩစတြေးလျဟာ COVID-19 ကူးစက်မှု ဒုတိယလှိုင်းအတွက် ပြင်ဆင်နေတယ်လို့လည်း ဆိုပါတယ်။ ဇူလိုင်လအတွင်း ဗစ်တိုးရီးယားပြည်နယ်မှာ ကူးစက်မှုတွေ မြင့်တက်လာပြီး အထူးသဖြင့် ပြည်နယ်မြို့တော် မဲလ်ဘုန်းမြို့မှာ အများဆုံးတွေ့ရပါတယ်။ ဩစတြေးလျမှာ ဇူလိုင် ၂၀ ရက် စာရင်းအရ COVID-19 ကြောင့် သေဆုံးသူ နောက်ထပ်တစ်ဦး တိုးလာခဲ့ပြီး စုစုပေါင်း ၁၂၃ ဦး ဖြစ်လာခဲ့ကြောင်း Reuters သတင်းက ဖော်ပြထားပါတယ်။



(Photo: AFP)

ဗစ်တိုးရီးယားပြည်နယ်အစိုးရက လူဦးရေ ၅ သန်းကို တစ်စိတ်တစ်ပိုင်း lockdown အစီအမံများ သီတင်းခြောက်ပတ်ကြာ သတ်မှတ်ထားပြီး မဲလ်ဘုန်းမြို့တစ်ဝိုက်ရှိ ဒေသခံတွေကို နေအိမ်ပြင်ပသွားလာပါက mask တပ်ထားကြရန် ညွှန်ကြားထားပါတယ်။ COVID-19 ကူးစက်မှုတွေ နှေးကွေးစေပြီး ဇွန်လမှာကဲ့သို့ လျော့နည်းသွားရန် သီတင်းပတ်များ ကြာမြင့်လိမ့်မယ်လို့ ဩစတြေးလျ Acting Chief Medical Officer ဖြစ်သူ ပေါလ်ကယ်လီက ပြောပါတယ်။

(Photo: Reuters)

ဇွန်လအတွင်းက ဗစ်တိုးရီးယားနဲ့ ကျန်ရှိတဲ့ ဩစတြေးလျရဲ့ နေရာဒေသတွေမှာ နေ့စဥ် ကူးစက်မှုအသစ် ဂဏန်းတစ်လုံး သို့မဟုတ် ဂဏန်းနှစ်လုံး အရေအတွက်သို့ လျော့နည်းခဲ့တာလည်း ဖြစ်ပါတယ်။ ဩစတြေးလျမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်မှု ၁၂,၀၀၀ ကျော် စစ်ဆေးတွေ့ရှိခဲ့ပြီး အခြား နိုင်ငံတွေမှာထက် အရေအတွက်နည်းပါးခဲ့ကာ ရောဂါကူးစက်ဖြစ်ပွားမှုကိုလည်း ပြည်နယ်အများစုမှာ ထိထိရောက်ရောက် ထိန်းချုပ်ရပ်တန့်နိုင်ခဲ့ပါတယ်။ သို့သော် ဗစ်တိုးရီးယားပြည်နယ်မှာတော့ ကူးစက်ဖြစ်ပွားမှုတွေ ပြန်ဖြစ်လာပြီး အိမ်နီးချင်း New South Wales ပြည်နယ်မှာလည်း နေ့စဥ် ကူးစက်မှုအသစ်တွေ မြင့်တက်နေပါတယ်။ 



က္က